Samsung ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Galaxy S9 နဲ့ S9+ စမတ်ဖုန်းတွေက Samsung ရဲ့လက်ရှိမှာအကောင်းဆုံး စမတ်ဖုန်းတွေဖြစ်ပေမယ့် တစ်ခုတော့ ပြဿနာရှိနေပါတယ်။ အဲ့ဒါကတော့ ARCore Feature ကို Support ပြုလုပ်ခြင်းမရှိတာပဲဖြစ်ပါတယ်။

Samsung Galaxy S9 နဲ့ S9+ စမတ်ဖုန်းတွေက လက်ရှိအကောင်းဆုံးသော Snapdragon 845 Processor/ Exynos 9810 Processor အပြင် Display ပိုင်းအရလည်း QuadHD+ SuperAMOLED Display တွေကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ကင်မရာပိုင်းအရလည်း လက်ရှိအကောင်းဆုံးလို့ရတဲ့ စမတ်ဖုန်းတွေဖြစ်ပါတယ်။

ဒါပေမယ့် Samsung Galaxy S9 နဲ့ S9+ စမတ်ဖုန်းတွေက Google ရဲ့ Augmented Reality နည်းပညာတစ်ခုဖြစ်တဲ့ ARCore စနစ်ကို စထွက်ထွက်ခြင်းမှာ အသုံးမပြုနိုင်တာပဲဖြစ်ပါတယ်။ Samsung အတွက်ကတော့ ဒါက မကောင်းတဲ့ အချက်တစ်ခုဖြစ်ပေမယ့် လာမယ့်အချိန်မှာထုတ်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Samsung Galaxy S9 စမတ်ဖုန်းတွေက Google ARCore စနစ်ကို ထောက်ပံ့ပေးနေပြီပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Samsung Galaxy S9 ဖုန်းက Google Play Store မှာ ARCore App ကို Download ရယူနိုင်ပြီးအသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။

ဒါပေမယ့် တစ်ခါတလေ Samsung S9 မှာ AR Apps တွေအသုံးပြုတဲ့အချိန်မှာတော့ Error တွေရှိနေပြီးတော့ Restart ချလိုက်မှ အဆင်ပြေသွားတယ်လို့ သိရပါတယ်။