Mobile Phones | Wearables

Samsung Gear S4 လား Samsung Galaxy Watch လား?

May 23, 2018

Samsung Gear S4 လား Samsung Galaxy Watch လား?


Share this on:

Samsung ရဲ့ Gear S4 ကို စောင့်နေကြတာ အခုဆိုရင် တစ်နှစ်ခွဲလောက် ရှိပါပြီ။ ဒါပေမယ့် ကောလဟာလတွေ အရတော့ Samsung Gear S4 အစား Samsung Galaxy Watch အဖြစ် ပြောင်းလဲ ထုတ်လုပ်မယ် ဆိုတာပါပဲ။

Source: techradar.com

Samsung Gear S4 ပဲဖြစ်ဖြစ် Samsung Galaxy Watch ပဲဖြစ်ဖြစ် Samsung ရဲ့ Smart Watch ထွက်ရှိတဲ့ အချိန်ဟာ အမြဲတမ်းလိုလို August လဖြစ်နေတတ်ပါတယ်။ Samsung Gear S2 ကို August 2015 မှာကြေညာခဲ့ပြီး Samsung Gear S3 ကိုတော့ August 2016 မှာကြေညာခဲ့ပါတယ်။ August 2017 မှာတော့ ဘာမှ မကြေညာခဲ့ပေမယ့် လာမယ့် August 2018 မှာတော့ Smartwatch နဲ့ပတ်သက်တာ တစ်ခုခု ကြေညာမယ်လို့ မျှော်လင့်နေကြပါတယ်။

သတင်းထွက်နေတာကတော့ အခုထွက်ရှိမယ့် Smartwatch ဟာ Model Number SM-R800 ဆိုပြီး ပေးထားပါတယ်။ အရင် Gear Smartwatch တွေတုန်းက Model Number ဟာ SM-R770 တို့ SM-R760 တို့ SM-R600 တို့ ဆိုပြီးပေးထားပါတယ်။ ဒါ့ကြောင့်မို့လည်း အသစ်ထွက်ရှိမယ့် Smartwatch ဟာ Samsung Gear S4 ဖြစ်မယ်လို့ ခန့်မှန်းနေကြတာပါ။

Source: techradar.com

ဒီ Smartwatch ဟာ Samsung အတွက် Apple Watch ကိုယှဉ်ဖို့ ပြင်လိုက်တာပါပဲ။ ဒါ့အပြင် ဈေးနှုန်းလည်း အရင် Smartwatch တွေထက် ပိုနေမှာပါ။ Samsung ဟာ ဒီ Smartwatch အသစ်နဲ့ ပတ်သက်ပြီး ဘာမှအတည်ပြု ပြောကြားထားခြင်း မရှိသေးပါဘူး။ တကယ်ထွက်လာရင်တော့ ဘာတွေထူးခြားတာတွေ ပါလာမလဲဆိုတာ အတူတူ စောင့်ကြည့်ကြရတာပေါ့။

Review

User Rating

0 (0 Votes)
error: Alert: Copyright © 2018. MyTech Myanmar