Xiaomi ဆိုတာကတော့ လက်ရှိ စမတ်ဖုန်း လောကမှာ ချိုသာတဲ့ ဈေးနှုန်း နဲ့ ကောင်းမွန်တဲ့ Specifications တွေ ကို မိတ်ဆက် ပေးခဲ့တာကြောင့် လူကြိုက်များ နေတဲ့ စမတ်ဖုန်း ကုမ္ပဏီ တစ်ခုပဲ ဖြစ်ပါတယ်။ Xiaomi အနေနဲ့ Flagship စမတ်ဖုန်း၊ Mid-Range စမတ်ဖုန်း၊ Budget စမတ်ဖုန်း စတဲ့ စမတ်ဖုန်း မော်ဒယ် အမျိုးမျိုး ကို ထုတ်လုပ် ရောင်းချခဲ့ပေမယ့် Feature ဖုန်း ကိုတော့ မိတ်ဆက် ပေးခဲ့ခြင်း မရှိပါဘူး။

ဒါကြောင့်လည်း အခုအခါမှာ Xiaomi အနေနဲ့ Qin လို့ အမည်ပေးထားတဲ့ အလန်းစား Feature တွေ များစွာ ပါဝင်တဲ့ Feature ဖုန်း မော်ဒယ် နှစ်ခု ကို မိတ်ဆက် ပေးခဲ့ပါတယ်။ Xiaomi အနေနဲ့ Qin1, Qin1s စတဲ့ Feature ဖုန်း မော်ဒယ် နှစ်ခု ကို မိတ်ဆက် ပေးခဲ့တာဖြစ်ပြီး ဒီဇိုင်းပိုင်းမှာ တူညီမှာ ဖြစ်ပေမယ့် Qin1 က 2G-Only သာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Qin1s ကိုတော့ 4G Feature ဖုန်း အနေနဲ့ မိတ်ဆက် သွားခဲ့တာ ဖြစ်ပါတယ်။

Qin 1 နဲ့ Qin1s မော်ဒယ် နှစ်ခုလုံးဟာ ဒီဖိုင်းပိုင်းမာ တူညီမှာ ဖြစ်ပြီး ပါးလွှာတဲ့ ကိုယ်ထည် နဲ့ ပွဲထွက် လာခဲ့တာကြောင့် 8.5mm သာ ထူမှာ ဖြစ်ပါတယ်။ Display အနေနဲ့ ၂.၈ လက်မ အရွယ်အစားရှိ (240 x 320 Pixels) Resolution IPS Display ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် Display ရဲ့ အပေါ်မှာ Corning Gorilla Glass နဲ့ ဖုံးအုပ် ပေးထားပါတယ်။

Qin 1 မှာ MediaTek MT6260A Chipset ကို အသုံးပြုထားပြီး RAM အနေနဲ့ 8MB, Internal Storage 16MP ပါဝင်မှာ ဖြစ်ပါတယ်။ 2G ဖုန်း ဖြစ်တဲ့ အလျောက် GPS, LTE တို့တော့ Qin 1 မှာ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် Wi-Fi, Bluetooth 4.2 စတဲ့ Feature တွေတော့ ပါဝင်မှာ ဖြစ်ပါတယ်။

Qin 1s မှာတော့ Spreadtrum SC9820 Chipset ကို အသုံးပြုထားပြီး RAM 256MB, Internal Storage 512MB ပါဝင်မှာ ဖြစ်ပါတယ်။ Connectivity Options တွေ အနေနဲ့ VoLTE, GPS, Wi-Fi, Bluetooth 4.2 တို့ပါဝင်မှာ ဖြစ်ပြီး Qin 1 နဲ့ Qin 1s မော်ဒယ် နှစ်မျိုးလုံးမှာ USB-C Charger ပါဝင်မှာ ဖြစ်ပါတယ်။

Qin 1 နဲ့ Qin 1s မော်ဒယ် နှစ်ခုလုံးမှာ Dual-SIM အသုံးပြုနိုင်မှာ ဖြစ်ပြီး Wi-Fi, Alarm Clock, Weather Report စတဲ့ Smart Features များစွာ ပါဝင်ပါတယ်။ ဒါ့အပြင် IR Blaster ဆိုတဲ့ Feature တစ်ခုလည်း Qin 1 နဲ့ Qin 1s တို့မှာ ပါဝင်ပါတယ်။ IR Blaster ဆိုတာကတော့ Feature Phone တွေ ကို TV, Air-Conditioner, Set-Top Box တို့ အတွက် Remote Control အနေနဲ့ အသုံးပြုနိုင်တဲ့ Feature တစ်ခုပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဘာသာစကား ၁၇မျိုး ကို ဘာသာပြန်ပေးနိုင်မယ့် Real-Time AI Translation Feature လည်း Qin 1 နဲ့ Qin 1s Feature Phone မော်ဒယ် နှစ်ခုလုံးမှာ ပါဝင်ပါတယ်။ 1480 mAh ဘက်ထရီ ပါဝင်တာကြောင့် Standby Time ၁၅ရက်၊ ဖုန်းပြောမယ်ဆိုရင် မိနစ် ၄၂၀ ကြာရှည်ခံမှာ ဖြစ်ပါတယ်။

Qin 1 နဲ့ Qin 1s မှာ ကင်မရာ လုံးဝ ပါဝင်ခြင်း မရှိသလို Audio Jack လည်း ပါဝင်ခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း Feature Phone နဲ့ ဓါတ်ပုံရိုက်တဲ့သူ၊ နားကြပ်တပ်ပြီး သီချင်း နားထောင်တဲ့သူ ဆိုတာ မရှိသလောက် ရှားနေပြီ ဖြစ်တာကြောင့် သိပ်တော့ အပြစ်ပြောစရာ မဟုတ်ပါဘူး။

Qin 1 နဲ့ Qin 1s Feature Phone တွေ ကို အမဲရောင်၊ အဖြူရောင် စတဲ့ အရောင်နှစ်မျိုး အနေနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး စက်တင်ဘာလ ၁၅ရက်မှ စတင်ပြီး ဒေါ်လာ ၃၀ (မြန်မာငွေ ၄သောင်း ဝန်းကျင်) နဲ့ ဝယ်ယူ ရရှိနိုင်မှာ ဖြစ်ပါတယ်။

REF: Gizmo China, GSM Arena