Xiaomi ရဲ့ဈေးအကြီးဆုံးနဲ့ စိတ်ဝင်စားမှုအများဆုံးရရှိထားတဲ့ဖုန်းတွေကတော့ MIX Series တွေပါ။ Xiaomi အနေနဲ့ MIX ကို သာမန်ဖုန်းတွေကနေကွဲထွက်တဲ့ Design နဲ့ထုတ်ခဲ့တဲ့အပြင် တန်ဖိုးကြီးဖက်ရှင်ပစ္စည်းတစ်ခုအနေနဲ့ လူအများတန်ဖိုးထားအောင် သေချာ Design ဆွဲခဲ့တာပါ။

MIX ဖုန်းတွေကို အလှဆင် ဖက်ရှင်ပစ္စည်းတစ်ခုအဖြစ်အသုံးပြုနိုင်သလို အနုပညာလက်ရာမြောက်တဲ့ ဖုန်ုးတစ်လုံးအနေနဲ့လည်း Xiaomi က ခံစားစေချင်တာပါ။ အဲ့ဒီအတွက် လက်တလောထွက်ထားတဲ့ Mi MIX 2s ကို Special Art Edition နဲ့ထပ်ထုပ်လိုက်ပါတယ်။ British အနုပညာပြတိုက်နဲ့ ပူးပေါင်းဖန်တီးထားတာပါ။

Special Art Edition ကိုတော့ စတင်ရောင်းချချိန်ကစပြီး ခဏအတွင်းမှာ ရောင်းကုန်သွားပါတယ်။ Special Art Edition ကိုတော့ အနက်ရောင်တစ်မျိုးတည်းဝယ်လို့ရမှာဖြစ်ပြီး ဖုန်းရဲ့ MIX Designed by Xiaomi ဆိုတဲ့နေရာမှာ British Museum Logo ပါဝင်မှာဖြစ်ပါတယ်။ ဘူးထဲမှာတော့ ဖုန်းအတွက် Special Edition Cover တစ်ခုလည်း ထည့်ပေးထားပါသေးတယ်။

ဖုန်းရဲ့ရောင်းဈေးကိုတော့ $680 ခန့်နဲ့ရောင်းချသွားတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဖုန်းအားလုံး ရောင်းထွက်သွားပြီလို့ Xiaomi စာရင်းထုတ်ပြန်ထားပါတယ်။ သင်က ဒီဖုန်းကိုသဘောကျတယ်ဆိုရင်တော့ Limited Edition ဖြစ်နေတာကြောင့် သူတို့ရောင်းတဲ့ ဈေးနဲ့တော့ဝယ်လို့ရမှာမဟုတ်တော့ပါဘူး။ ဈေးပိုများများပေးမှပဲ Special Art Edition ကိုရနိုင်တော့မှာပါ။ ဖုန်းအတွက် Cover ပေါ်က ပုံကတော့ Majolica Pottery ရဲ့အနုပညာလက်ရာပဲဖြစ်ပါတယ်။ ဖုန်းထဲမှာလည်း Wallpaper ထည့်ပေးထားပါသေးတယ်။