Xiaomi စမတ်ဖုန်းတွေအများစုဟာ ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့အပြင် ကင်မရာပိုင်းကောင်းမွန်တာကြောင့်လည်း လူကြိုက်များတဲ့ စမတ်ဖုန်းတွေဖြစ်ပါတယ်။ အခုအချိန်မှာတော့ Xiaomi စမတ်ဖုန်းတွေရဲ့ ကင်မရာဟာ ယခင်ထက်ပိုပြီး ကောင်းမွန်လာဖို့ရှိနေပါတယ်။

အဲ့ဒါကတော့ Xiaomi ရဲ့ CEO Lei Jun က ကုမ္ပဏီအတွင်းမှာ ပေးပို့ခဲ့တဲ့ Mail တစ်ခုပေါက်ကြားလာတာကနေ သိရတာဖြစ်ပြီး Xiaomi ဟာ အခုအချိန်မှာ ကုမ္ပဏီအတွင်းမှာ ကိုယ်ပိုင်ကင်မရာသီးသန့် Division တစ်ခုကို အသစ်ထပ်ပြီး ဖွဲ့စည်းလိုက်ပြီးတော့ Mi နဲ့ Redmi Series စမတ်ဖုန်းတွေရဲ့ ကင်မရာကို အဆင့်မြှင့်တင်ပေးနိုင်အောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Xiaomi ကနေ လက်ရှိနောက်ဆုံးထွက်ရှိထားတဲ့ Xiaomi Mi Mix 2S စမတ်ဖုန်းက Xiaomi Mi Mix Series စမတ်ဖုန်းရဲ့ ပထမဆုံးသော Dual Camera ပါဝင်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်လာသလို Camera Benchmark ကို တိုင်းတာတဲ့ DxOMark Benchmark Website မှာလည်း ရမှတ် ၉၇ ရရှိခဲ့ပြီး လက်ရှိမှာ Xiaomi ရဲ့ အကောင်းဆုံး ကင်မရာဖုန်းလို့ ပြောနိုင်ပြီးတော့ လက်ရှိ အခြားသော Flagship စမတ်ဖုန်းတွေနဲ့လည်း ယှဉ်နိုင်နေပြီဖြစ်ပါတယ်။

အခုလိုမျိုး Xiaomi ကနေ သူရဲ့ စမတ်ဖုန်းကင်မရာကို ပိုပြီးတိုးတက်လာအောင် ဆောင်ရွက်ဖို့ အဖွဲ့အသစ်တစ်ခုကို ဖွဲ့လိုက်တာက Mi 7 စမတ်ဖုန်းအတွက်တင်မဟုတ်ပဲနဲ့ ဒီနှစ်ထဲမှာ ထပ်မံထွက်ရှိမယ့် Mi Series နဲ့ Redmi Series စမတ်ဖုန်းတွေရဲ့ ကင်မရာစွမ်းဆောင်ရည်ကိုပါ ပိုပြီးတိုးလာစေမယ်လို့ ယုံကြည်ရပါတယ်။

Xiaomi ဟာ ယခုလကုန်ဝန်းကျင်လောက်မှာ Xiaomi Mi 7 စမတ်ဖုန်းကို ကြေညာဖို့ရှိနေတယ်လို့ သိရပြီးတော့ အဆိုပါ Xiaomi Mi 7 စမတ်ဖုန်းမှာဆိုရင် Dual 16MP Camera ကို Aperture f1.7 တပ်ဆင်ထားမယ့်အပြင် 4-Axis OIS စနစ်လည်း ပါဝင်မှာဖြစ်တဲ့အတွက် Mi Mix 2S ထက်တောင် ကင်မရာကောင်းလာမယ့် စမတ်ဖုန်းတစ်ခုလို့ ယူဆထားကြပါတယ်။

ဘာပဲဖြစ်ဖြစ် အခုသတင်းက Xiaomi ဖုန်းကို အသုံးပြုနေတဲ့သူတွေအတွက်ကတော့ သတင်းကောင်းတစ်ခုဖြစ်နေမှာပါ။ တခြား Xiaomi အသုံးပြုနေတဲ့သူတွေလည်း သိသွားအောင် Share လိုက်ပါဦး။