Tecno Pova 6 Pro ကို MWC မှာ ကြေညာခဲ့ပြီး အခုတော့ Pova 6 နဲ့ Pova 6 Neo ကို မိတ်ဆက်လိုက်ပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 6.78” FHD+ 120Hz မျက်နှာပြင် ပါလာပြီး Pova 6 မှာ AMOLED နဲ့ Pova 6 Neo မှာ IPS LCD ကို သုံးထားပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ MediaTek G99 Ultimate Chipset မောင်းနှင်ထားပြီး Dolby Atmos နဲ့ ဂိမ်းအသားပေး ဒီဇိုင်း ထည့်သွင်းထားပါတယ်။

TECNO Pova 6 and 6 Neo announced with very large batteries

Pova 6 မှာ ပိုကောင်းတဲ့ ကင်မရာနဲ့ 70W Charging ထောက်ပံ့တဲ့ 6,000mAh Battery ထည့်သွင်းထားပြီး Pova 6 Neo မှာ ပိုကြီးတဲ့ 7,000mAh Battery နဲ့ 33W Charging ပါပါတယ်။

Tecno Pova 6 and Pova 6 Neo also announced

Pova 6 မှာ 108MP Main ကင်မရာနဲ့ 32MP အရှေ့ ကင်မရာ ထည့်သွင်းထားပြီး Pova 6 Neo မှာ 50MP Main နဲ့ 8MP အရှေ့ ကင်မရာ ပါပါတယ်။ Android 14 အခြေပြု HiOS 14 မောင်းနှင်ထားပါတယ်။

Pova 6 မှာ 8/256GB နဲ့ 12/256GB ပါလာပြီး Pova 6 Neo မှာ 8/128GB နဲ့ 8/256GB ထည့်ထားပါတယ်။

Tecno Pova 6 and Pova 6 Neo also announced

Pova 6 အတွက်  Comet Green, Meteorite Grey, Interstellar Blue အရောင်နဲ့ Pova 6 Neo အတွက်  Starry Silver, Comet Black,  Comet Green အရောင် ထုတ်လုပ်ထားပါတယ်။ Tecno က ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gsmarena