သင့်တည်နေရာကို သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ မျှဝေနိုင်ဖို့ GPS Device တွေ မလိုအပ်တော့ပါဘူး။ စမတ်ဖုန်းတွေက ဒီလိုမျှဝေပေးဖို့ ကူညီပေးနိုင်လာပါပြီ။ အဲဒီလို ပြုလုပ်ပေးနိုင်တဲ့ စမတ်ဖုန်း Application တွေကို ဒီဆောင်းပါးမှာ ပြောပြချင်ပါတယ်။

၁။ Glympse

Glympse

Glympse ကို အဓိက ပလက်ဖောင်း ၃ ခု ဖြစ်တဲ့ Windows ,iPhone နဲ့ Android အတွက် ထုတ်လုပ်ပေးထားပါတယ်။ သင့်တည်နေရာ သာမက သင် သွားမယ့် နေရာကိုပါ တခြားလူတွေနဲ့ မျှဝေနိုင်ပါတယ်။ သင့်တည်နေရာကို Facebook, Twitter တို့လို လူမှုကွန်ရက် ပလက်ဖောင်းတွေနဲ့ Skype, WhatsApp တို့လို Messaging ပလက်ဖောင်းတွေမှာလည်း ပေးပို့နိုင်ပါတယ်။

၂။ Facebook Messenger

How to Share Your Location With Facebook Messenger

Android အတွက် Facebook Messenger မှာ Location Sharing လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ အဲဒီမှာ သင့် တည်နေရာကို သူငယ်ချင်းတွေနဲ့ မျှဝေနိုင်ပါတယ်။

ကန့်သတ်ချက် ၁ ခုက Facebook သုံးစွဲသူမှသာ Messenger မှာ တည်နေရာကို မျှဝေနိုင်တာ ဖြစ်ပါတယ်။ Facebook မသုံးဘဲ Messenger ပဲ သုံးသူတွေမှာ ဒီလုပ်ဆောင်ချက်ကို သုံးလို့ မရပါဘူး။

၃။ Life360 Family Locator

Life360

အဲဒီ App ရှိတဲ့ သင့် မိသားစုဝင်တိုင်းဟာ တည်နေရာကို မြေပုံမှာ အချင်းချင်း မျှဝေနိုင်ပါတယ်။ App မှာ သင့်နေအိမ်၊ အလုပ် တည်နေရာတွေကို သတ်မှတ်နိုင်ပါတယ်။ တည်နေရာ ၁ ခုကို မန်ဘာ ၁ ယောက်က ဝင်လာတဲ့အခါ သို့မဟုတ် ထွက်ခွာသွားတဲ့အခါမှာ ကျန်တဲ့ မန်ဘာတွေကို အသိပေးမှာပါ။ Life360 Family Locator ကို Android , iPhone နဲ့ Windows အတွက် ထုတ်လုပ်ထားပါတယ်။

၄။ WhatsApp

WhatsApp ရဲ့ နောက်ဆုံးထုတ် Version မှာ တည်နေရာကို တခြား လူတွေနဲ့ မျှဝေနိုင်တဲ့ လုပ်ဆောင်ချက် ပါလာပါတယ်။ အရင်ဆုံး သင့်တည်နေရာကို ပေးပို့ချင်သူရဲ့ Chat ကိုဖွင့်ပါ။ အဲဒီနောက်မှာ + Icon ကို နှိပ်ပြီး Location ကို ရွေးချယ်ပေးပါ။

အဲဒီကနေ ‘Send Your Current Location’ ကို နှိပ်ပြီး မျှဝေချင်တဲ့ အချိန်အတိုင်းအတာကို ရွေးချယ်ပေးပါ။ ပြီးရင်တော့ Send ခလုတ်ကို နှိပ်ပါ။

၅။ Google Maps

Google Maps

တည်နေရာ မျှဝေတာနဲ့ ပတ်သက်ရင် Google Maps ကို မေ့ထားလို့ မရပါဘူး။ Menu ကနေ Location Sharing ထဲသွားပါ။ Add People ကို နှိပ်ပြီး သင်မျှဝေချင်တဲ့ လူရဲ့ နာမည် သို့မဟုတ် ဖုန်းနံပါတ် သို့မဟုတ် အီးမေး လိပ်စာကို ထည့်ပေးပါ။ အဲဒီ လူကိုတွေ့ရင် Select လုပ်ပြီး Share ခလုတ်ကို နှိပ်ပါ။ ပြီးရင် မျှဝေချင်တဲ့ အချိန်အတိုင်းအတာကို သင်က သတ်မှတ်နိုင်ပါတယ်။

Ref : techviral