ကိုရိုနာဗိုင်းရက်စ်ကြောင့် ၂၀၂၀ ခုနှစ်မှာ TikTok ဟာ အရမ်းကို လူသုံးများခဲ့ပါတယ်။ သိကြတဲ့အတိုင်း TikTok မှာ ကတာ၊ သီချင်းဆိုတာ၊ Lip-sync လုပ်တာနဲ့ ရီစရာ ဗီဒီယိုတွေ ဖန်တီးလို့ရပါတယ်။ ဒါပေမယ့် တရုတ် အခြေစိုက် ကုမ္ပဏီက ဖန်တီးထားတဲ့အတွက် ဒေတာတွေ ခိုးယူနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတဲ့အတွက် နိုင်ငံတော်တော်များများက အစိုးရတွေက TikTok ကို စိုးရိမ်နေကြပါတယ်။ အိန္ဒိယ အစိုးရကလည်း TikTok ကို Ban ထားသလို အမေရိကန်ကလည်း Ban ဖို့ ကြိုးစားနေပါတယ်။ အဲဒီအတွက် TikTok အစား သုံးနိုင်တဲ့ App တွေကို ဖော်ပြလိုက်ပါတယ်။

Byte

TikTok လို အသုံးပြုနိုင်တဲ့ App ၁ ခုက Byte ဖြစ်ပြီး ဗီဒီယို အတိုလေးတွေ ဖန်တီးနိုင်ပါတယ်။ ပြီးခဲ့တဲ့ ကာလအတွင်းမှာ Byte ဟာ နာမည်တော်တော်ကြီးလာပြီး Download အရေအတွက် အရမ်းများလာပါတယ်။ Byte မှာ “Funny”, “Horror” , “Cinematic” အပါအဝင် Category တွေ ခွဲထားတဲ့အတွက် ကိုယ်ကြည့်ချင်တဲ့ ဗီဒီယိုတွေကို လွယ်လွယ်ကူကူ ရှာနိုင်ပါတယ်။

Download

Chingari

အိန္ဒိယက TikTok ကို Ban ထားတဲ့အတွက် အလားတူ App တွေ ဖန်တီးထားပါတယ်။ အိန္ဒိယမှာတော့ Chingari က နာမည်ကြီးပါတယ်။ Chingari မှာ ဗီဒီယို အတိုတွေကို သီချင်းတွေ၊ အသံတွေနဲ့အတူ ဖန်တီးနိုင်ပြီး သူငယ်ချင်း ၊ မိတ်ဆွေတွေနဲ့ မျှဝေနိုင်ပါတယ်။ TikTok မှာလိုတော့ လုပ်ဆောင်ချက်‌တွေ သိပ်မစုံပေမယ့် နောက်ပိုင်းမှာ ပိုစုံလာမှာပါ။

Download

Dubsmash

Dubsmash ကတော့ TikTok ထက် အရင် နာမည်ကြီးပြီးသား ဖြစ်ပါတယ်။ TikTok ရဲ့ နာမည်ကြီး လုပ်ဆောင်ချက်တွေ အားလုံးနီးပါး ပါပါတယ်။ အသံတွေ၊ သီချင်းတွေနဲ့ ဗီဒီယို အတိုတွေ ဖန်တီးနိုင်ပြီး Lip-sync လုပ်နိုင်ပါတယ်။ TikTok မသုံးချင်ရင် Dubsmash က  တော်တော်မိုက်ပါတယ်။

Download

YouTube

YouTube က TikTok ကို ယှဉ်ဖိုက်ဖို့ မကြာခင်ကမှ YouTube Shorts ဆိုတဲ့ လုပ်ဆောင်ချက် အသစ်ကို ထည့်သွင်းပေးခဲ့ပါတယ်။ Shorts မှာ ၁၅ စက္ကန့်ကြာ ဗီဒီယို အတိုတွေကို ဖန်တီးနိုင်ပြီး လိုက်ဖက်တဲ့ သီချင်းတွေ ထည့်သွင်းနိုင်ပါတယ်။ YouTube ဟာ အရင်ကတည်းက နာမည်ကြီးပြီးသား ဗီဒီယို ဝက်ဘ်ဆိုက် ဖြစ်တဲ့အတွက် အဲဒီမှာ TikTok လို သုံးနိုင်တဲ့ Shorts ကို ထည့်ပေးလိုက်တာက တော်တော်မိုက်ပါတယ်။

Download

Ref : androidauthority