စမတ်ဖုန်းတွေကို တန်ဖိုးကြီး ရွှေ၊ ကျောက်မျက်ရတနာတွေနဲ့ အလှဆင် ရောင်းချတဲ့ Caviar က Heralds of Galaxy အမည်ရ Collection ကို ကြေညာလိုက်ပါတယ်။ Samsung Galaxy Z Fold4 အတွက် ဒီဇိုင်း အသစ် ၄ ခု ပါပြီး ဥက္ကာပျံ၊ ရွှေ၊ သားရေတွေနဲ့ ဖန်တီးထားပါတယ်။

$10,000 gets you a pimped up Samsung Galaxy Z Fold4 - courtesy of Caviar - GSMArena.com news

တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ဒေါ်လာ ၉,၄၇၀ ရှိပြီး ဥက္ကာပျံပါတဲ့ မော်ဒယ်ဟာ ဒေါ်လာ ၁၀,၀၀၀ ရှိပါတယ်။

မော်ဒယ်အားလုံးထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးက Golden Meteor ဖြစ်ပြီး အနောက်ဘက်ကို ဒီဇိုင်း ဆန်းသစ်ထားတဲ့ Galaxy Z Fold4 ဖြစ်ပါတယ်။ Seymchan, Muonionalusta နဲ့ Canyon Diablo စတဲ့ မတူညီတဲ့ ကျောက်တုံး ၃ မျိုးက ဥက္ကာပျံ အပိုင်းအစတွေ ထည့်သွင်းထားပါတယ်။

ကုမ္ပဏီက ၂၉ လုံးပဲ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး Caviar Logo ကို ၂၄ ကာရက် ရွှေနဲ့ ဖန်တီးထားပါတယ်။ ဈေးနှုန်းက 256GB Version ကို ၁၁,၀၃၀ ဒေါ်လာ နဲ့ 512GB Version ကို ၁၁,၄၆၀ ဒေါ်လာ ဖြစ်ပါတယ်။

အဲဒီ တူညီတဲ့ ကျောက်တုံးတွေကို ရွှေ မပါတဲ့ မော်ဒယ်မှာ ထည့်သွင်းထားပြီး Caviar က တိုက်တေနီယမ်ကို အသုံးပြုထားပါတယ်။ Canyon Diable လို့ အမည်ပေးထားပြီး အနောက်ဘက် ဒီဇိုင်းက စတိုင်ကျလှပကာ ဒေါ်လာ ၁၀,၆၈၀ သတ်မှတ်ထားပါတယ်။

အနောက်ဘက် ဒီဇိုင်း ကကွဲပြားပေမယ့်အတွင်းပိုင်းမှာ တူညီတဲ့ Snapdragon 8+ Gen 1 Chipset , 50MP အပါအဝင် ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။

Ref : gsmarena