သင် ဖုန်းကို ကိုင်လိုက်တာနဲ့ အရင်ဆုံး မြင်ရမှာက Wallpaper ဖြစ်ပါတယ်။ အဲဒီအတွက် သင့် ဖုန်းရဲ့ Wallpaper ဟာ အမိုက်စား ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာ iPhone နဲ့ iPad အတွက် အမိုက်စား Wallpaper တွေရှိတဲ့ Website တွေကို ပြောပြချင်ပါတယ်။

Dark iPhone Wallpaper

Wallpaper Access

Best Iphone Ipad Wallpaper Sites Space

ဖုန်းနဲ့ တက်ဘလက်တွေမှာ Dark Mode ဟာ တော်တော် ရေပန်းစားလာနေပါပြီ။ Wallpaper ကို Dark Mode သုံးချင်သူတွေအတွက် Wallpaper Access Website ကို ညွှန်းပေးချင်ပါတယ်။ အဲဒီမှာ Dark iPhone Wallpaper ပေါင်း ၄၄ ခုကျော်ရှိပြီး အရွယ်အစားမျိုးစုံ ရှိပါတယ်။ သင့် ဖုန်းနဲ့ ကိုက်ညီတဲ့ Wallpaper တွေကို ရွေးချယ်နိုင်ပါတယ်။

Dynamic Wallpaper

Jetson Creative

Best Iphone Ipad Wallpaper Sites Park

သင့် iPhone နဲ့ iPad အတွက် Dynamic Wallpaper တွေ အသုံးပြုချင်ရင် Jetson Creative Website က တော်တော်မိုက်ပါတယ်။ ရွေးချယ်စရာ များများစားစား မရှိပေမယ့် အဲဒီက Wallpaper တွေဟာ တော်တော်လှပပါတယ်။ နိုင်ငံတကာ အာကာသစခန်းကနေ ကမ္ဘာမြေကို ရိုက်ထားတဲ့ Wallpaper နဲ့ အထင်ကရ တည်နေရာတွေကို ရိုက်ထားတဲ့ Wallpaper များစွာ ရှိပါတယ်။ macOS Wallpaper တွေကို Dynamic iPhone Wallpaper အဖြစ် အသွင်ပြောင်းထားတာတွေကိုလည်း ရွေးချယ်နိုင်ပါတယ်။

Retro Wallpaper

New Evolutions

Best Iphone Ipad Wallpaper Sites Google

Retro Wallpaper ကိုမှ နှစ်သက်သူတွေအတွက် New Evolutions Webiste ကို ညွှန်းပေးချင်ပါတယ်။ အစိမ်း၊ လိမ္မော်၊ အနီ၊ အဖြူနဲ့ အနက်ရောင်တွေ ရှိသလို iPhone အတွက် သီးသန့် Section တစ်ခု ထားရှိပေးထားပါတယ်။ Retro Page တစ်ခု သီးသန့်ခွဲထားပေးတဲ့အတွက် Retro Wallpaper တွေကို ရှာဖွေရတာ လွယ်ကူပါတယ်။

Minimal iPhone Wallpaper

Miniwallist

Best Iphone Ipad Wallpaper Sites Casettes

ရိုးရိုးရှင်းရှင်း  ကြိုက်နှစ်သက်သူတွေအတွက် Miniwallist Website ရဲ့ Wallpaper တွေက သင့်တော်ပါတယ်။ Category တွေခွဲခြားထားတာ မရှိပေမယ့် ရှုခင်း၊ ကာတွန်း၊ သီချင်း၊ ရုပ်ရှင်နဲ့ တိရိစ္ဆာန် စသဖြင့် Wallpaper တွေ စုံလင်လှပါတယ်။ နောက်ဆုံးထုတ် iPhone , iPad တွေအတွက်တောင် Wallpaper တွေ ဖန်တီးပေးထားပါတယ်။

iPhone 8K Wallpaper

Heroscreen

Best Iphone Ipad Wallpaper Sites Tron

iPhone အတွက် Wallpaper ဆိုရင် HD ကနေ 8K အထိ ပံ့ပိုးပေးထားတဲ့ Heroscreen က တော်တော်မိုက်ပါတယ်။ မိုဘိုင်းနဲ့ တက်ဘလက်အတွက် Wallpaper တွေကို သီးခြား ခွဲပေးထားတဲ့အတွက် ရှာဖွေရတာ လွယ်ကူပါတယ်။ Section တစ်ခုချင်းစီမှာ Sub-section တွေ ထည့်သွင်းပေးထားပြီး အမိုက်စား Wallpaper တွေကို Random ပြသပေးထားပါသေးတယ်။ Download Size ကို ရွေးချယ်လို့ မရတာက Heroscreen ရဲ့ အားနည်းချက် ဖြစ်ပါတယ်။

ref : maketecheasier