ဆံပင် အဆီပြန်တတ်တဲ့လူတွေအတွက် အနည်းဆုံး တစ်ရက်ခြား တစ်ခါလောက်တော့ ခေါင်းလျှော်ရတတ်ပါတယ်။ မနက်ကို ခေါင်းလျှော်၊ ရေချိုးပြီး မိတ်ကပ်လိမ်းရတဲ့အလုပ်က လွယ်ကူတဲ့အလုပ်မဟုတ်တဲ့အပြင် အချိန်အနည်းငယ်အတွင်းမှာဘဲ ပြီးစီးအောင်လုပ်ဖို့ကလည်း စိန်ခေါ်မှုပါဘဲ။

အဲ့လိုအချိန်မျိုးမှာ ဆံပင်မြန်မြန်ခြောက်အောင် လို့ အပူရှိန် ပြင်းပြင်းနဲ့ ဆံပင်အခြောက်ခံစက်နဲ့ ဆံပင်တွေကိုမှုတ်တဲ့အခါမှာ ဆံပင်တွေ ခြောက်သွေ့ပျက်စီးကုန်ပါရော။

ဒါပေမယ့် Dyson New Supersonic ဆံပင် အခြောက်ခံစက်ကတော့ ဒီလိုပြသနာတွေကို ဖြေရှင်းဖို့အတွက် ထုတ်လုပ်ထားပါတယ်။

သူ့မှာ လေတိုက်မှုနှုန်းနဲ့ အပူချိန် ကို ထိန်းညှိလို့ရတဲ့ စနစ်တွေ ပါဝင်ပါတယ်။

Dyson New Supersonic ဆံပင်အခြောက်ခံစက်ရဲ့ အားသာချက်ကတော့ မော်တာ လည်တဲ့အားက တစ်မိနစ်ကို အကြိမ်ပေါင်း ၁၁၀,၀၀၀ ကျော်ရှိပြီး သာမန် ဆံပင် အခြောက်ခံစက်တွေဆိုရင် ၂၀,၀၀၀ ကနေ ၃၀,၀၀၀ ကြားဘဲ ရှိပါတယ်။ ဒါကြောင့် လေအေးနဲ့ ဆံပင်အခြောက်ခံရင်တောင် မိနစ်ပိုင်းအတွင်းမှာ မြန်မြန်ဆန်ဆန်နဲ့ ခြောက်နိုင်ပါတယ်။

တခြား ဆံပင် အခြောက်ခံစက် (Hair Dryers) တွေလည်း မလေးဘဲ ပေါ့ပါးက သူ့အလေးချိန်က ၁.၈ ပေါင်လောက်ဘဲ ရှိပါတယ်။

သူ့မှာ ခလုတ် ၄ မျိုးဖြစ်တဲ့ ပါဝါ ခလုတ် အပွင့်အပိတ်၊ လေအေး ခလုတ်၊ အပူချိန် ထိန်းညှိတဲ့ ခလုတ်နဲ့ လေတိုက်နှုန်း ထိန်းညှိတဲ့ ခလုတ်တို့ပါဝင်ပါတယ်။

Dyson New Supersonic ဆံပင်အခြောက်ခံစက်ရဲ့ ပုံစံက တခြား အခြောက်ခံစက် ဒီဇိုင်းတွေနဲ့မတူဘဲ ဆွဲဆောင်မှုရှိပါတယ်။ ဆံပင်အခြောက်ခံစက်ရှေ့မှာတပ်တဲ့ ခေါင်းတွေ (ဥပမာ ဆံပင်ကောက်တဲ့ သူတွေသုံးတဲ့ Diffuser ခေါင်း) တို့ကို သံလိုက်နဲ့ လုပ်ထားတာကြောင့် တပ်ဖြုတ်ရတာ လွယ်ကူပါတယ်။

တခြား ဆံပင်အခြောက်ခံစက်တွေ ဆိုရင် ဆူညံသံတွေများပေမယ့် ဒီ Dyson New Supersonic အခြောက်ခံစက်သုံးရင်း စကားပြောလို့ရတဲ့အဆင့်အထိ ဆူညံသံတွေ သက်သာပါတယ်။

ဆံပင်အရှည် အုံထူထူဆံပင်တောင် ခြောက်ဖို့အတွက်ဆိုရင် ၅ မိနစ်နဲ့ ၆ မိနစ်ကြားသာကြာမြင့်မှာဖြစ်ပါတယ်။ ဆံပင်ခြောက်သွားရင်လည်း ခပ်ကြမ်းကြမ်း ပွပွပုံစံမျိုးမဟုတ်ဘဲ အပူချိန် ထိန်းညှိတဲ့စနစ်ပါဝင်တာကြောင့် အေးမြ ချောမွတ်တဲ့ ဆံသားကို ရရှိမှာဖြစ်ပါတယ်။

ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၄၀၀ ဆိုတော့ ဈေးကြီးတဲ့ ဆံပင်အခြောက်ခံစက်ဖြစ်ပေမယ့် ဆံကေသာ မပျက်စီးစေဖို့အတွက်တော့ အများကြီး အထောက်အပံ့တော့ ရရှိစေမှာပါ။