စမတ်ဖုန်းကင်မရာတွေက တစ်နေ့ထက်တစ်နေ့ပိုပြီးကောင်းမွန်လာကြတာဖြစ်ပါတယ်။ Android ဖုန်းအများစုက လက်ရှိအချိန်မှာ နေ့လည်ဘက် အလင်းရောင်ကောင်းကောင်း ရရှိတဲ့နေရာတွေမှာ ဓါတ်ပုံကောင်းကောင်းရိုက်ကူးနိုင်တယ်ဆိုပေမယ့် အလင်းရောင်နည်းပါးတဲ့ ညနေဘက်တွေမှာတော့ အနည်းနဲ့အများခက်ခဲနေတုန်းပါ။

အဲ့ဒီအတွက် လက်ရှိအကောင်းစား စမတ်ဖုန်းတွေဝယ်ယူစရာမလိုပဲ ညဘက်မှာလည်း အလန်းစားပုံတွေရအောင် ရိုက်ကူးနိုင်မယ့် နည်းလမ်း ၅ ခုကို ဖော်ပြလိုက်ပါတယ်။

1. ဖုန်းကို တည်ငြိမ်နေအောင်ထားပါ။

နေ့လည်ဘက်မှာ ဓါတ်ပုံရိုက်ကူးတာက လက်နဲ့ကိုင်ပြီး ရိုက်ကူးလို့ အဆင်ပြေတယ်ဆိုပေမယ့် ညဘက်မှာတော့ အသေးငယ်ဆုံးလက်တုန်ခါမှုတွေက ဓါတ်ပုံကို ဝေဝါးသွားစေပါတယ်။ အဲ့ဒီအတွက် လက်နဲ့ရိုက်မယ်ဆိုရင်လည်း ငြိမ်နေအောင်ထားတာ ဒါမှမဟုတ် ရူခင်းပုံတွေရိုက်မယ်ဆိုရင် Tripod ကိုအသုံးပြုပြီး Exposure Time (သို့) Shutter Speed ကို အကြာဆုံးထားပြီး ရိုက်ကူးလိုက်ပါ။

2. Zoom မဆွဲပါနဲ့

နေ့လည်ဘက်မှာတောင်မှ စမတ်ဖုန်းကင်မရာတွေမှာ Zoom ဆွဲပြီး ရိုက်တယ်ဆိုရင် အနည်းငယ်ဝါးတတ်ပါတယ်။ အဲ့ဒီအတွက် ညဘက်မှာ ရိုက်ပြီဆိုတာနဲ့ Zoom ဆွဲဖို့ စိတ်မကူးပဲ လူကိုယ်တိုင်ပဲ ရှေ့တိုးရိုက်တာက အကောင်းဆုံးနည်းလမ်းပါ။

3. Flash ကို နေရာနဲ့လိုက်ပြီး အသုံးပြုပါ။

အခုနောက်ပိုင်း စမတ်ဖုန်းတိုင်းမှာ Flash ပါဝင်လာပြီးတော့ အဲ့ဒီ Flash က အသုံးပြုတတ်ရင်တတ်သလောက် အသုံးဝင်ပါတယ်။ တကယ်လို့ ညနေစောင်းနေဝင်ချိန်မှာ နေရောင်ကို နောက်ခံထားပြီး ရိုက်ကူးရင် လူမျက်နှာကို မမြင်ရတော့ပါဘူး – အဲ့ဒီအချိန်မှာ Flash ကို အသုံးပြုလိုက်မယ်ဆိုရင် အနောက်ကဖြာကျနေတဲ့နေရောင်ရော၊ မျက်နှာကိုရော သေသေချာချာရိုက်ကူးနိုင်မှာပါ။

4. White Balance ကို အမြဲတမ်းချိန်ညှိပါ။

စမတ်ဖုန်းတွေရဲ့ ကင်မရာမှာ White Balance Setting က ပါဝင်ပြီးဖြစ်ပါတယ်။ လူအများစုက White Balance ကို Auto မှာပဲထားပြီး ရိုက်ကူးကြပေမယ်လည်း Manual ချိန်ညှိနိုင်တယ်ဆိုင် ညဘက်ရိုက်ကူးတဲ့အချိန်မှာ သိသိသာသာပိုကောင်းတဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာပါ။ တကယ်လို့ ညဘက်မီးချောင်းအောက်မှာဆိုရင် White Balance ကို အဝါဘက်သန်းတဲ့ Setting ကို ရွေးချယ်လိုက်ရင် အရောင်က ပြာသွားခြင်းမရှိပဲ အရောင်မှန်ကန်တဲ့ ဓါတ်ပုံကို ရရှိမှာဖြစ်ပါတယ်။

5. ပြန် Edit လုပ်ပါ။

စမတ်ဖုန်းကင်မရာကနေ ဘယ်လို Setting နဲ့ပဲ ရိုက်ရိုက်၊ ထွက်လာတဲ့ပုံက ကိုယ့်အကြိုက်မဖြစ်လာနိုင်ပါဘူး။ အဲ့ဒီအတွက်လည်း ပြန်ရိုက်ဖို့ မလိုအပ်ပဲ အဆိုပါ ပုံကိုပဲ Snapseed လိုမျိုး ဓါတ်ပုံ Edit လုပ်တဲ့ Application တွေနဲ့ ပြန်လည်ချိန်ညှိလိုက်တာက အကောင်းဆုံးဓါတ်ပုံကို ရရှိမှာပါ။