Google Chrome နဲ့ Microsoft Edge Browser တွေဟာ လက်ရှိအချိန်မှာအကောင်းဆုံးနဲ့ လူသုံးအများဆုံး Web Browser တွေဖြစ်ပါတယ်။ အခုအချိန်မှာ Microsoft Edge Browser ဟာ Google Chrome မှာ အသုံးပြုထားတဲ့ Chromium Web Engine ကို အသုံးပြုထားတာကြောင့် အသုံးပြုနိုင်တဲ့ Extension တွေဟာ များသောအားဖြင့် အတူတူပဲလို့တောင် ပြောလို့ရပါတယ်။

အဲ့ဒါကြောင့် လက်ရှိအချိန်မှာ Google Chrome ပဲဖြစ်ဖြစ် Microsoft Edge Browser ပဲဖြစ်ဖြစ် အသုံးပြုနေတယ်ဆိုရင် စမ်းသပ်အသုံးပြုသင့်တဲ့ Extension တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Microsoft Editor

ဒီ Microsoft Editor Extension ဟာဆိုရင် Microsoft Edge တင်မဟုတ်ဘဲ Google Chrome မှာပါ အသုံးပြုနို်ငတဲ့ Extension ဖြစ်ပါတယ်။ အထူးသဖြင့် Web Browser ပေါ်မှာ Email သို့မဟုတ် စာရေးနေရတဲ့သူတွေအတွက် ကျိန်းသေထည့်သွင်းထားသင့်တဲ့ Extension တစ်ခုလည်းဖြစ်ပါတယ်။

Microsoft Editor Extension ဟာ Grammar ၊ Spelling နဲ့ Punctuation တွေကို စစ်ဆေးပေးနိုင်သလို အသုံးပြုချင်တဲ့ Language ၊ Formality ၊ Vocabulary တွေကိုပါ စစ်ဆေးပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အားနည်းချက်အနေနဲ့ကတော့ Microsoft 365 နဲ့ ချိတ်ဆက်ထားတဲ့ Microsoft Account ကို ဝင်ရောက်ထားဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ့်မှာ Microsoft 365 Account မရှိနေဘူးဆိုရင် Grammarly Extension ကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

BlockSite

Microsoft ဟာ လာမယ့် Windows 11 Update မှာ Focus Mode ကို ထည့်သွင်းလာမှာဖြစ်ပြီး အလုပ်လုပ်တဲ့အချိန်မှာ အနှောင့်အယှက်မရှိအောင် ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ Windows 11 ကို Stable Version အနေနဲ့ အသုံးပြုနိုင်ခြင်းမရှိသေးတာကြောင့် ဒီ BlockSite Extension ဟာ အကောင်းဆုံးဖြစ်မှာပါ။

BlockSite Extension ဟာ ဘယ်လိုမျိုးအလုပ်လုပ်လဲဆိုရင် ကိုယ့်အလုပ်နဲ့မသက်ဆိုင်တဲ့ Windows Pop-up Notification ၊ Facebook နဲ့ တခြားသော Social Media Website တွေကနေ Notification ဝင်ရောက်ခြင်းမရှိအောင် တားဆီးထားပေးနိုင်မှာဖြစ်ပါတယ်။ ဒါကိုလည်း ကိုယ်အလုပ်လုပ်နေတဲ့အချိန်အတိုင်း သတ်မှတ်ထားနိုင်တာကြောင့် အလုပ်ချိန်ပြီးတဲ့အချိန်မှာ ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ BlockSite Extension ကို အခမဲ့အသုံးပြုနိုင်သလို Feature တွေအကုန်လုံးကိုအသုံးပြုနိုင်ဖို့အတွက် $10.99 တန် Monthly Subscription ကိုလည်း ရွေးချယ်နိုင်မာဖြစ်ပါတယ်။

LastPass

LastPass ဟာ လက်ရှိအချိန်မှာ အကောင်းဆုံး Password Manager App တစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ ဖုန်းမှာ LastPass App ကို အသုံးပြုနေတယ်ဆိုရင် ကျိန်းသေပေါက် LastPass Extension ကိုလည်း Web Browser မှာ ထည့်သွင်းထားသင့်ပါတယ်။

ပုံမှန်အားဖြင့် Google Chrome နဲ့ Microsoft Edge Browser ဟာ Password နဲ့ Login Information တွေကို Google Account သို့မဟုတ် Microsoft Account မှာ သိမ်းဆည်းထားနိုင်ပေမယ့် ပိုပြီး စိတ်ချချင်တယ်ဆိုရင်တော့ LastPass လိုမျိုး နာမည်ရပြီးသား Password Manager ကို အသုံးပြုတာ ပိုအဆင်ပြေမှာဖြစ်ပါတယ်။

Adblock Plus

Microsoft Edge Browser ဟာ Google Chrome ထက် Pop-up တွေနဲ့ Website တွေကနေ Track ပြုလုပ်မှုကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့သော Website တွေမှာတော့ ကြော်ငြာတွေကိုပါ မြင်တွေ့နေရဦးမှာပါ။

အဲ့ဒီအတွက် Adblock Plus ဟာ အကောင်းဆုံးသော Ads Blocker Extension ဖြစ်ပြီး Microsoft အပြင် Google Chrome မှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Adblock Plus ကို အသုံးပြုပြီး Website အတော်များများက ကြော်ငြာတွေကို တားဆီးပေးနိုင်သလို Whitelist Website Feature နဲ့ Social Media Tracker တွေကိုပါ မဝင်ရောက်နိုင်အောင်ပြုလုပ်ထားနိုင်ပါတယ်။

အခုပြောသွားတဲ့ Microsoft Edge Browser နဲ့ Chrome အတွက် Extension တွေကိုရယူချင်တယ်ဆိုရင်တော့ Settings – Extensions ကနေ “Get Extension For Microsoft Edge” သို့မဟုတ် Chrome Web Store ကနေ ရယူနိုင်မှာဖြစ်ပါတယ်။

Ref – PC World