Android OS ဟာ အခုအချိန်မှာ Apple ရဲ့  iOS ကို ကျော်လွန်ပြီး ကမ္ဘာပေါ်မှာ လူသုံးအများဆုံးဖြစ်နေတဲ့ Operating System တစ်ခုဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Google ကနေ Android ကို တာဝန်ယူပြီး Version အသစ်တွေဆက်တိုက်ထုတ်လုပ်လာတာဆိုရင် အခုဆိုရင် Version 8.1 Oreo အထိ ရောက်ရှိနေပြီဖြစ်ပါတယ်။

ဒါပေမယ့် အခုပြောပြသွားမယ့် အချက် ၅ ချက်ကတော့ သင်ဘယ်လိုပဲ Android ဖုန်းကိုင်လာတာ ကြာပြီဖြစ်ဖြစ် သိနိုင်မှာမဟုတ်ပါဘူး။

1. Android ကို Google က တည်ထောင်ခဲ့တာမဟုတ်ပါဘူး

အခုအချိန်မှာ Android လို့ ဆိုလိုက်တာကနဲ့ ပိုင်ရှင်အနေနဲ့ Google ကို သွားမြင်ကြမှာပါ။ ဒါပေမယ့် Google က Android ကို စတင်တည်ထောင်ခဲ့တာမဟုတ်ပါဘူး။ Andy Rubin, Rich Miner, Nick Sears နဲ့ Chris White အမည်ရှိတဲ့သူတွေက ၂၀၀၃ ခုနှစ်မှာ Android ကို စတင်ခဲ့ Google ကနေ ၂၀၀၅ ခုနှစ်မှာ ဝယ်ယူလိုက်ပြီး Android ဆိုတာကို Mobile Phone Operating System တစ်ခုအနေနဲ့ ၂၀၀၇ ခုနှစ်မှာ ချပြခဲ့တာဖြစ်ပါတယ်။

2. ပထမဆုံး Android ဖုန်း Prototype က BlackBerry ပုံစံပါ

Google ကနေ Android ကို လက်လွှဲယူပြီး ပထမဆုံးထုတ်ဖို့ကြိုးစားတဲ့ Android ဖုန်းက Touch Screen နဲ့ မဟုတ်ပါဘူး။ ၂၀၀၇ ခုနှစ်မှာ ထွက်ပေါ်ခဲ့တဲ့ Android ဖုန်း Prototype က Blackberry လိုမျိုး Full Size Keyboard နဲ့ Android UI နဲ့ မတူပဲ Blackberry ပုံစံမျိုးဖြစ်နေတာပါ။

3. Android 1.0 နဲ့ 1.1 တို့က မုန့်နာမည်မရခဲ့ပါဘူး

Google ဟာ သူရဲ့ Android Version တွေကို နံပါတ်အပြင် အက္ခရာစဉ်အတိုင်း Kit Kat, Jelly Bean, Ice Cream Sandwich စသဖြင့် အချိုပွဲနာမည်တွေပေးနေတာဖြစ်ပါတယ်။ ဒါပေမယ့် စစခြင်း ထွက်ခဲ့တဲ့ Android 1.0 နဲ့ 1.1 ကိုတော့ Alpha နဲ့ Astro Boy လို့ ပေးခဲ့ပြီး မုန့်နာမည်မဟုတ်ခဲ့ပါဘူး။ အဲ့ဒီအတွက် ပထမဆုံး မုန့်နာမည်နဲ့ Android က Android Version 1.5 Cupcake ဖြစ်ခဲ့တာဖြစ်ပါတယ်။

4. Android 3.0 Honeycomb က ဖုန်းတွေအတွက် မထွက်ရှိခဲ့တဲ့ တစ်ခုထဲသော Android Version ပါ

Google ရဲ့ Android Version 3.0 Honeycomb ဟာ Android Tablet တွေအတွက်ပဲရည်ရွယ်တာဖြစ်ပြီးတော့ အဲ့ဒီအချိန်က Samsung Galaxy Tab 7.0 နဲ့ Motorola XOOM တို့လို Tablet တွေမှာပဲ အသုံးပြုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Android Version 3.0 ဟာ တစ်ခုထဲသော စမတ်ဖုန်းတွေသုံးလို့မရခဲ့တဲ့ Android OS တစ်ခုပါ။

5. Sony က ပထမဆုံး Android Smartwatch ကို ၂၀၁၀ မှာ မိတ်ဆက်ခဲ့တာပါ

Google က Android OS သုံး Smartwatch တွေအတွက် Android Wear OS ကို ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Sony က ၂၀၁၀ ခုနှစ်ထဲက Android ဖုန်းနဲ့ ချိတ်ဆက်ပြီး Notifications တွေ၊ SMS တွေနဲ့ Media Control ပြုလုပ်နိုင်တဲ့ LiveView Watch ကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Sony က အစောဆုံးသော Android Smartwatch ထုတ်လုပ်သူဖြစ်လာခဲ့ပါတယ်။