အားလပ်ချိန်မှာ ရုပ်ရှင်ကြည့်ဖို့အတွက် Netflix ရှိဖို့၊ အင်တာနက်ပေါ်က Download လုပ်ဖို့ အမြဲမလိုပါဘူး။ YouTube အခမဲ့ဗားရှင်းမှာတင် အပျင်းပြေကြည့်စရာ ရုပ်ရှင်တွေ အများကြီးရှိတဲ့ Channel ငါးခုကို အောက်မှာ ဖော်ပြသွားပေးပါ့မယ်။

1. BJGTJME


ကုမ္ပဏီအကြီးတွေက ထုတ်လုပ်ထားတာ မဟုတ်တဲ့ Indie ရုပ်ရှင် အတော်များများကို ကြည့်ရှုနိုင်တဲ့ ချန်နယ်ဖြစ်ပါတယ်။ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုရထားတဲ့ Indie ရုပ်ရှင်တွေကို ကြည့်ရှုနိုင်ပါတယ်။ ရုပ်ရှင်အမျိုးအစားကတော့ အစုံပါပဲ။

Go To BJGTJME

2. Muse Asia


ဂျပန် အန်နီမေးရှင်း သို့မဟုတ် Anime ဇာတ်လမ်းတွဲတွေကို အခမဲ့ ကြည့်ရှုနိုင်ပြီး ကြော်ငြာလည်း အတော်လေးနည်းတဲ့ ချန်နယ် ဖြစ်ပါတယ်။ အကောင်းဆုံးကြည့်ရှုနည်းကတော့ သူ့ရဲ့ Playlists ထဲကို သွားပြီး ကိုယ်ကြိုက်တဲ့ Anime ကို Season တစ်ခုစီ စုစည်းပေးထားတဲ့ Playlist အတိုင်း ကြည့်တာပါပဲ။ နောက်ပိုင်းထွက်တဲ့ Anime အသစ်တွေပါ မြင်ရပါတယ်။

Go To Muse Asia

3. Timeless Classic Movies


နာမည်အတိုင်းပါပဲ၊ အဖြူအမည်းခေတ်က အနောက်တိုင်း ဇာတ်ကားအများစုကို အခမဲ့ကြည့်ရှုနိုင်ပါတယ်။ ဇာတ်ကားတွေရဲ့ အမည်သာမက အမျိုးအစားကိုပါ လိုက်ပြီး ဖော်ပြထားသလို မိမိ နှစ်သက်ရာ အမျိုးအစားထဲက Classic ရုပ်ရှင်ကို ရွေးကြည့်နိုင်အောင် အမျိုးအစားအလိုက်ပါ Playlists တွေ လုပ်ပေးထားတာ တွေ့ရမှာပါ။

Go To TCM

4. Toei Tokusatsu World Official


ငယ်ငယ်က ကြည့်ဖူးတဲ့ ဂျပန်ပါဝါရိန်းဂျားလို့ အလွယ်ခေါ်တဲ့ Tokusatsu ဇာတ်လမ်းတွဲတွေကို တရားဝင် အခမဲ့ ကြည့်ရှုနိုင်တဲ့ နေရာပါ။ Kamen Rider, Jiraiya, Space Cop Sharivan စတဲ့ Sci-Fi Adventure ဇာတ်လမ်းတွဲတွေကို အဝကြည့်နိုင်မယ့် ချန်နယ်ဖြစ်ပြီး သင့်ရဲ့ ငယ်ဘဝကို ပြန်လည်ရရှိနိုင်မယ့် နေရာလေး တစ်ခုပါ။

Go To TTWO

5. V Movies


V Movies ကတော့ Indie ရုပ်ရှင်အချို့ရော၊ ခေတ်ဟောင်း ကာလာစုံခေတ် ရုပ်ရှင်တချို့ကိုပါ မြင်တွေ့ရမယ့် ချန်နယ် တစ်ခုပါ။ Classic Movies ချန်နယ်မှာ မပါတဲ့ ကာလာခေတ် အနောက်တိုင်းရုပ်ရှင်တွေကို သူ့ဆီမှာ မြင်တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် အမျိုးအစားတူ Playlists တွေလည်း ရှိပါတယ်။

Go To V Movies

ဒါကတော့ YouTube မှာ အခမဲ့ ရုပ်ရှင်ကြည့်နိုင်မယ့် ချန်နယ် ငါးခု ဖြစ်ပါတယ်။ နောက်ထပ်လည်း ပိုပြီး အဆင်ပြေမယ့် အခမဲ့ ရုပ်ရှင်ကြည့်ရှုနိုင်တဲ့ နေရာတွေကို ဆက်လက်ရှာဖွေဖော်ပြပေးသွားပါဦးမယ်။