အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီက နယူးဒေလီမှာ ကျင်းပနေတဲ့ ၆ ကြိမ်မြောက် India Mobile Congress မှာ 5G ဆက်သွယ်မှုကို ဝန်ဆောင်မှုပေးလိုက်ကြောင်း ကြေညာလိုက်ပါတယ်။

 Press Information Bureau of India)

5G ကွန်ရက်ကို ပထမဆုံး အနေနဲ့ မြို့ ၂၂ မြို့မှာ ရရှိပြီ ဖြစ်ပြီး အဲဒီမြို့တွေထဲမှာ Ahmedabad, Bengaluru, Chandigarh, Chennai, Delhi, Gandhinagar, Gurugram, Hyderabad, Jamnagar, Kolkata, Lucknow, Mumbai, Pune, Siliguri နဲ့  Varanasi တို့ ပါဝင်ပါတယ်။

5G ဝန်ဆောင်မှုကို Telecom Operator တွေ ဖြစ်တဲ့ Reliance Jio , Airtel နဲ့ Vi (Vodafone-Idea) တို့က အိန္ဒိယမှာ အရင်ဆုံး ဝန်ဆောင်မှုပေးမှာပါ။ Airtel ရဲ့ သုံးစွဲသူတွေဟာ ဒီနေ့ကစပြီး မြို့ အချို့မှာ 5G ကွန်ရက်ကို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Airtel ရဲ့ 5G ဆက်သွယ်မှုကို Bengaluru, Chennai, Delhi, Gurugram, Hyderabad, Kolkata, Mumbai, Siliguri နဲ့ Varanasi တို့မှာ အသုံးပြုနိုင်မှာ ဖြစ်ပြီး ၂၀၂၄ ခုနှစ် မတ်လမှာ နိုင်ငံအဝန်း ဝန်ဆောင်မှုပေးမှာပါ။

Reliance Jio က 5G ဆက်သွယ်မှုကို Chennai, Delhi, Kolkata နဲ့ Mumbai by Diwali မှာ အောက်တိုဘာလ ၂၄ ရက်နေ့ ဝန်ဆောင်မှုပေးမှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ နိုင်ငံအဝန်း တိုးချဲ့ ဝန်ဆောင်မှုပေးမှာပါ။

Vi က မကြာခင်မှာ 5G ကွန်ရက်ကို ဝန်ဆောင်မှုပေးမယ်လို့ ပြောပြီး အချိန်အတိအကျကို မပြောသေးပါဘူး။ BSNL က 5G ကွန်ရက်ကို နောက်နှစ် ဩဂုတ်လ ၁၅ ရက်နေ့ ဝန်ဆောင်မှုပေးမှာပါ။

Ref : gsmarena