အရင်တုန်းကလို ဓာတ်ပုံရဲ့ အလင်းရောင်လေးတွေ ပိုလင်းအောင်လောက်ဘဲ ပြင်လို့ရတဲ့ Application တွေမဟုတ်ပါဘူး။ ကိုယ့်မျက်နှာမှာ မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေ မပါရင်တောင် ထည့်လို့ရတဲ့ Application တွေ ရှိနေပါပြီ။

YouCam Makeup

YouCam Makeup က iOS အတွက်ရော Android အတွက်ပါ သုံးလို့ရနေပါပြီ။ ဒီ Application ကို ဒေါင်းလုပ်ခ်ဆွဲတဲ့သူပေါင်း သန်း ၁၀၀ နီးပါးရှိနေပါပြီ။ ဒါကို တစ်ခါသုံးပြီးရင်တော့ မသုံးရဘဲ မနေရအောင် ဖြစ်နေမှာပါ။ Application ထဲမှာဘဲ မျက်နှာ အရောင်၊ သွားအရောင်၊ မျက်နှာ မိတ်ကပ်၊ နှုတ်ခမ်းနီစတာတွေကို ရွေးချယ်လို့ရပါတယ်။

Virtual Nail Salon

Virtual Nail Salon က iOS အတွက်ရော Android အတွက်ပါ သုံးလို့ရနေပါပြီ။ ဒီ Application မှာဆိုရင် ကိုယ့်လက်သည်းကိ ဓာတ်ပုံရိုက်လိုက်ပြီး ကိုယ်ကြိုက်တဲ့ လက်သည်း အရောင်တွေ၊ ဒီဇိုင်းတွေ Application ထဲမှာ စမ်းကြည့်လို့ရပါတယ်။ အလှပြင်ဆိုင်မှာ လက်သည်းသွားမပြင်ခင်မှာ အရင်ဆုံး ကိုယ့်အကြိုက်ကဘာလဲဆိုတာ စမ်းကြည့်သင့်တဲ့ Application ဘဲ ဖြစ်ပါတယ်။

ဆံပင် ပုံစံ ကို Application ထဲမှာ ရွေးမယ်

Hairstyle Makeover Application ကတော့ iOS အတွက်ဘဲ ထုတ်ထားတာဖြစ်ပါတယ်။ မိန်းကလေးတွေအတွက် အခက်အခဲဆုံးကတော့ ဆံပင်ပုံစံ ရွေးရတာပါဘဲ။ ဒီလိုအခြေအနေမျိုးမှာ အဆင်ပြေမယ့် Application လေးဖြစ်ပါတယ်။ ကိုယ့်မျက်နှာကို ဓာတ်ပုံရိုက်ပြီး နောက်ဆုံးပေါ် ဆံပင်ပုံစံတွေကို ကိုယ်နဲ့လိုက်မလိုက်ကို Application မှာ ရွေးလို့ရမှာဖြစ်ပါတယ်။

ဆံပင်အရာင် ပြောင်းမယ်

Hair Color Changer ကတော့ iOS အတွက်ရော Android အတွက်ပါ အသုံးပြုလို့ရတဲ့ Application လေးဖြစ်ပါတယ်။ ကိုယ့်ဓာတ်ပုံထဲက ဆံပင်အရောင်ကို နောက်ဆုံးပေါ် အရောင် ဒီဇိုင်းတွေနဲ့ အဆင်ပြေလားမပြေလားဆိုတော့ စမ်းသပ်လို့ရတဲ့ Application ဖြစ်ပါတယ်။

Perfect 365

ဒီ Application လေးကတော့ မြန်မာ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ iOS အတွက်ရော Android အတွက်ပါ အသုံးပြုလို့ရပါတယ်။

မိန်းကလေး ထောင်ပေါင်းများစွာက ဓာတ်ပုံလေးတွေလှဖို့အတွက် သုံးကြပါတယ်။ နှုတ်ခမ်း၊မျက်လုံးနဲ့ မျက်နှာတစ်ခုလုံးကို အသေးစိတ်ပြင်ဆင်လို့ရပါတယ်။

My Dressing

Android ဖုန်းတွေမှာ သုံးလို့ရတဲ့ MyDressing Application လေးပါ။ မိန်းကလေးတွေတော်တော်များများ ဖြစ်တတ်တာက ဗီဒိုထဲမှာ အင်္ကျီတွေ အများကြီးရှိနေပေမယ့် ၀တ်စရာမရှိတာပါ။ ကိုယ့်ဗီဒိုထဲမှာ အင်္ကျီတွေ ဘာတွေရှိလဲဆိုတာ မေ့နေတတ်ကြပါတယ်။ ဒီ Application လေးက ကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံတွေထဲကနေ အင်္ကျီအသုံးအဆောင်တွေ ဖြတ်ပြီး သိမ်းပေးထားပါတယ်။ ဒါကြောင့် ရုံးမှာထိုင်နေရင်း ညနေ ညစာစားပွဲအတွက် ဘာဝတ်ရမလဲဆိုတာ စဉ်းစားလို့ရနေမှာပါ။