အခုခေတ်အခြေအနေမှာ သင့် နေအိမ် လုံခြုံရေးဟာ အရမ်း အရေးကြီးပါတယ်။ အဲဒီအတွက် နေအိမ် လုံခြုံရေး ကင်မရာတွေကို ဈေးကြီးကြီးပေးပြီး မဝယ်ချင်ရင်လည်း ကိစ္စ မရှိပါဘူး။ သင့်မှာ စမတ်ဖုန်း အဟောင်းတွေ ရှိရင် အိုကေပါတယ်။ ဒီဆောင်းပါးမှာ စမတ်ဖုန်း အဟောင်းတွေကို နေအိမ် လုံခြုံရေး ကင်မရာ အဖြစ် အသုံးပြုနည်းကို ဖော်ပြပေးလိုက်ပါတယ်။

သင့် ဖုန်း အဟောင်းမှာ လုံခြုံရေး ကင်မရာ App ၁ ခု ထည့်သွင်းပါ။

လုံခြုံရေး ကင်မရာ App အများစုမှာ ဖုန်းအဟောင်းက ရိုက်ကူးနေတာတွေကို တခြား Device ၁ ခုကနေ တိုက်ရိုက်ကြည့်လို့ရတာ၊ Recording လုပ်တာနဲ့ ဗီဒီယိုတွေကို သိမ်းဆည်းထားတာ၊ Motion Detection နဲ့ သတိပေးတာ စတဲ့ လုပ်ဆောင်ချက်တွေ ပါကြပါတယ်။

လုံခြုံရေး ကင်မရာ App များစွာရှိတဲ့အထဲကမှ အကောင်းဆုံး ၁ ခုက Alfred ဖြစ်ပြီး Android ရော ၊ iOS မှာပါ သုံးလို့ရပါတယ်။ အခမဲ့ သုံးလို့ရတာက အမိုက်ဆုံး ဖြစ်ပြီး ဖုန်း အသစ်ကနေ မြင်ကွင်းကို တိုက်ရိုက်ကြည့်လို့ရတာ၊ Motion Detection နဲ့ သတိပေးတာစတဲ့ လုပ်ဆောင်ချက်တွေ ပါပါတယ်။ Resolution အမြင့်နဲ့ ကြည့်တာ၊ Recording နဲ့ Zoom လုပ်တာ၊ ရက် ၃၀ ကြာ Cloud မှာ ဗီဒီယိုတွေ သိမ်းတာစတဲ့ လုပ်ဆောင်ချက်တွေပါ သုံးချင်ရင်တော့ အခပေး သုံးရမှာပါ။

Download Alfred

Android

iOS

  • Alfred ကို သင့် ဖုန်း အဟောင်းရော ၊ အသစ်မှာပါ အထက်ပါ လင့်တွေကနေ အင်စတောလုပ်ပါ။
  • ဖုန်း အသစ်မှာ မိတ်ဆက်တာတွေ ကြည့်ပြီးရင် Start > Viewer > Next ကို နှိပ်ပါ။
  • Sign-in လုပ်ခိုင်းရင် Google အကောင့်နဲ့ Sign-in ဝင်နိုင်ပါတယ်။
  • ဖုန်း အဟောင်းမှာလည်း အပေါ်က အဆင့်တွေအတိုင်း လုပ်ရမှာ ဖြစ်ပေမယ့် Viewer အစား Camera ကို ရွေးပေးရမှာပါ။

ဖုန်း ၂ လုံးစလုံးမှာ Sign-in ဝင်ပြီးရင် Set Up လုပ်ပြီးပါပြီ။ ဖုန်း အဟောင်းတွေက App တွေမှာ ပါတဲ့ Settings တွေကို ပြောပြချင်ပါတယ်။ iOS App မှာတော့ Motion Detection နဲ့ Audio ကို ဖွင့်နိုင်၊ ပိတ်နိုင်ပြီး အရှေ့နဲ့ အနောက်ကင်မရာတွေကို ရွေးချယ်နိုင်ပါတယ်။ Android App မှာ အဲဒီ လုပ်ဆောင်ချက်တွေ အပြင် Continuous Foucs လုပ်တာကိုလည်း Enable လုပ်နိုင်ပါတယ်။ ဒါ့အပြင် ဖုန်း Reboot လုပ်ရင် Alfred ကို အလိုလို ဖွင့်တာ၊ Resolution သတ်မှတ်တာနဲ့ Passcode Lock လုပ်တာတွေကိုပါ သုံးနိုင်ဦးမှာပါ။

ဖုန်းအသစ်တွေက App တွေမှာတော့ Settings အနည်းငယ် အပိုပါလာပါတယ်။ အဲဒီထဲမှာ Notification ပိတ်တာ၊ ဖွင့်တာ၊ Camera သို့မဟုတ် Viewer နာမည် သတ်မှတ်တာတွေ ပါပါတယ်။ ဒါ့အပြင် သင့် အိမ်သား ၁ ယောက်ကို Trust Circle ထဲ ထည့်ပေးခြင်းအားဖြင့် လုံခြုံရေး ကင်မရာက မြင်ကွင်းတွေကို ကြည့်ခွင့်ပေးတာ၊ Motion Detection Sensitivity ကို ချိန်ညှိခွင့်ပေးတာနဲ့ Low-light Filter ကို Enable လုပ်ခွင့်ပေးတာတွေကို ပြုလုပ်နိုင်ပါတယ်။

Alfred အပြင် တခြား ရွေးချယ်စရာတွေလည်း ရှိပါတယ်။ အဲဒီထဲမှာ ငွေကြေးသက်သာစွာနဲ့ အပို လုပ်ဆောင်ချက်တွေ သုံးချင်ရင် Manything, Salient Eye နဲ့ Presense တို့ကို ရွေးချယ်နိုင်ပါတယ်။ IP Webcam ကတော့ Android မှာပဲ သုံးလို့ရတဲ့ နာမည်ကြီး App ၁ ခု ဖြစ်ပါတယ်။

ဖုန်း အဟောင်းကို နေရာချ တပ်ဆင်ပါ။

သင့် နေအိမ်က စိတ်ကြိုက်နေရာမှာ တပ်ဆင်ဖို့အတွက် စမတ်ဖုန်း Tripod ၊ Suction Cup Car Mount ၊ စမတ်ဖုန်း Holder တွေကို အသုံးပြုနိုင်ပါတယ်။

ဒါဆိုရင်တော့ လုံခြုံရေး ကင်မရာတွေ ဝယ်စရာ မလိုတော့ဘဲ သင့် ဖုန်း အဟောင်းကို လုံခြုံရေး ကင်မရာ အဖြစ် သုံးနိုင်ပါပြီ။

Ref : Cnet