သင့် စမတ်ဖုန်းနဲ့ TV ကို Control လုပ်နိုင်တယ်ဆိုတာ သင် သိပါသလား? သင်လိုအပ်တာက TV Remote App ၁ ခု ဖြစ်ပြီး အဲဒီ App များစွာကို Android နဲ့ iPhone အတွက် ထုတ်လုပ်ပေးထားပါတယ်။ TV Remote App တွေဟာ TV အားလုံးမှာတော့ အလုပ်မလုပ်ပါဘူး။ ဒါပေမယ့် သင့် TV နဲ့ အဆင်ပြေမယ့် App ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ အခုဆောင်းပါးမှာ Android နဲ့ iPhone အတွက် အကောင်းဆုံး TV Remote App တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Android TV Remote Control

Android TV Remote Control App ကို Google က ထုတ်လုပ်ထားတာ ဖြစ်ပြီး သင့် ဖုန်းနဲ့ တူညီတဲ့ WiFi ကွန်ရက်ကို ချိတ်ဆက်ထားတဲ့ Android TV Device တိုင်းကို ထိန်းချုပ်နိုင်ပါတယ်။ အဲဒီ Remote App မှာ D-pad နဲ့ Touchpad Control တွေ ထောက်ပံ့ထားပြီး မိုက်ကရိုဖုန်း အိုင်ကွန်ကို နှိပ်ကာ အသံနဲ့ ရှာဖွေမှုတွေ ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် သင့် Android TV Box မှာ Voice Search ထောက်ပံ့ဖို့ လိုအပ်ပါတယ်။

Download

Android

iOS

၂။ Amazon Fire TV Remote

Amazon Fire TV Device တွေဆိုရင်တော့ Official App ဖြစ်တဲ့ Amazon Fire TV Remote ကို အကြံပေးချင်ပါတယ်။

Touchpad , Voice Control တွေနဲ့ TV ကို ထိန်းချုပ်နိုင်ပြီး On-screen Keyboard ကနေ Website လိပ်စာရိုက်ထည့်တာနဲ့ YouTube မှာ ရှာဖွေမှုတွေ ပြုလုပ်နိုင်တာက တော်တော် အသုံးဝင်ပါတယ်။ Amazon Fire TV Remote App က သင့်ရဲ့ Fire TV App အားလုံးကို တစ်စုတစ်စည်းထဲ ပြသနိုင်တဲ့အတွက် App တွေ ဖွင့်ရင် မြန်ဆန်စေပါတယ်။

သင့်မှာ Fire TV Device များစွာရှိရင်လည်း Remote App က အားလုံးကို ထိန်းချုပ်နိုင်ပါတယ်။

Download

Android

iOS

၃။ Universal Remote For RCA

အပေါ်မှာ ဖော်ပြခဲ့တဲ့ App ၂ ခုဟာ သီးခြား Device တွေကို ထိန်းချုပ်ဖို့ အဓိက ဖန်တီးထားတာ ဖြစ်ပြီး Device မျိုးစုံကို ထိန်းချုပ်ဖို့အတွက် Universal Remote App လိုအပ်ပါတယ်။ အဲဒီအတွက် Universal Remote For RCA App ကို Android အတွက် ညွှန်းပေးချင်ပါတယ်။

အဲဒီ App က TV, DVD Player , Blu-ray Player နဲ့ Streaming Device များစွာကို ထိန်းချုပ်နိုင်ပါတယ်။ ဒါပေမယ့် ကိုက်ညီတဲ့ RCA TV Type တွေ ရွေးချယ်ရတဲ့အတွက် Set Up လုပ်ရင် အချိန် နည်းနည်း ပေးရပါတယ်။

Download

Android

၄။ Roku

Streaming Device နယ်ပယ်မှာ Roku ကလည်း ဆရာတစ်ဆူ ဖြစ်ပြီး Android နဲ့ iOS အတွက် TV Remote တွေ ဖန်တီးပေးထားပါတယ်။ Physical Remote လိုပဲ Remote App မှာ လုပ်ဆောင်ချက်တွေ စုံလင်လှပြီး Netflix , Roku Channlel နဲ့ Roku App တွေအတွက် On-screen Button တွေ ပါပါတယ်။ Voice Search ထောက်ပံ့ထားပြီး Android နဲ့ iOS Device တွေကနေ Cast လုပ်နိုင်ပါတယ်။

Download

Android

iOS

၅။ Universal Remote TV Smart

ဒီတစ်ခါ ပြောပြပေးမယ့် Universal Remoe App က iOS Only ဖြစ်ပါတယ်။ Universal Remote TV Smart လို့ နာမည်ပေးထားပြီး Samsung , LG, Sony , Philips, Panasonic နဲ့ Hitachi အပါအဝင် ကုမ္ပဏီများစွာက TV တွေကို ထိန်းချုပ်နိုင်ပါတယ်။

App ကို Set Up လုပ်ရတာ အရမ်း လွယ်ကူပါတယ်။ သင့် TV နဲ့ Remote App ဟာ တူညီတဲ့ WiFi ကွန်ရက်ထဲမှာ ရှိနေတာနဲ့ အလိုလို ချိတ်ဆက်ပေးနိုင်ပါတယ်။ အသံချိန်ညှိတာ၊ Channel ပြောင်းတာ၊ Play/Pause လုပ်တာနဲ့ ပါဝါ အဖွင့်၊ အပိတ်လုပ်တာတွေကို  ပြုလုပ်နိုင်သလို Settings Menu နဲ့ တခြား On-screen Elements တွေကိုပါ ချိန်ညှိနိုင်ပါတယ်။

Download

iOS

ref : makeuseof