ကမ္ဘာ့ အချမ်းသာဆုံး ဘီလီယမ်နာ စာရင်းမှာ Elon Musk နဲ့ ဇူဇူတို့ အပြိုင်ကြဲနေကြပါတယ်။ အခုတော့ ဇူဇူက Elon Musk ကို ကျော်တက်သွားပါပြီ။
ဇူဇူဟာ Bloomberg ဘီလီယမ်နာ စာရင်းမှာ တတိယ အချမ်းသာဆုံး နေရာကို ရောက်လာပြီး ဒေါ်လာ ၁၈၇ ဘီလီယမ် ပိုင်ဆိုင်ထားပါတယ်။ ဒါဟာ ၂၀၂၀ ခုနှစ်ကတည်းက ဇူဇူဟာ ကမ္ဘာ့ အချမ်းသာဆုံး ၃ ယောက်ထဲ ပထမဆုံး အကြိမ် ပါလာတာ ဖြစ်ပါတယ်။
Elon Musk ကတော့ နံပါတ် ၄ နေရာမှာ ရှိနေပြီး ဒေါ်လာ ၁၈၁ ဘီလီယမ် ပိုင်ဆိုင်ထားပါတယ်။ Elon Musk ရဲ့ ကြွယ်ဝချမ်းသာမှုဟာ Tesla ရှယ်ယာတွေ အပေါ် မူတည်နေပါတယ်။
Tesla ဟာ ဒီနှစ် ပထမ ကွာတားမှာ ကား ၃၈၆,၈၀၀ စီးပဲ ရောင်းချနိုင်ခဲ့ပြီး ၄ နှစ်အတွင်း ရောင်းအား အနည်းဆုံး ဖြစ်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းဟာ ၇ ရာခိုင်နှုန်းကျော် ကျဆင်းသွားပါတယ်။
ကမ္ဘာ့ အချမ်းသာဆုံး စာရင်းမှာ Amazon ဘောစိ Jeff Bezos က ဒေါ်လာ ၂၀၇ ဘီလီယမ်နဲ့ နံပါတ် ၂ နေရာမှာ ရှိနေပြီး LVMH CEO Bernard Arnault က ဒေါ်လာ ၂၂၃ ဘီလီယမ်နဲ့ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားပါတယ်။
Ref : businessinsider