Sony Xperia စမတ်ဖုန်းတွေလို့ ပြောလိုက်တာနဲ့ ပြီးခဲ့တဲ့ Xperia Z စမတ်ဖုန်းကနေ စပြီးတော့ အခုအချိန်မှာ ထုတ်လုပ်နေတဲ့ Sony Xperia XZ Series ဖုန်းတွေအထိ လေးထောင့်ပုံစံကို အခြေခံထားတဲ့ ဒီဇိုင်းတွေကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

ဒါပေမယ့် အခုလိုမျိုး နှစ်တွေအများကြီး ဒီဇိုင်းပုံစံကို တစ်မျိုးထဲမှာပဲ အခြေခံပြီး ထုတ်လုပ်လာတာကနေ အခုအချိန်မှာတော့ Sony ဟာ Xperia စမတ်ဖုန်းတွေကို ဒီဇိုင်းပိုင်းအကြီးအကျယ်ပြောင်းလဲပြီး အခုထုတ်လုပ်တော့မယ့် Mobile World Congress – MWC 2018 မှာ ပြသတော့မှာဖြစ်ပါတယ်။

Sony က အခုသတင်းကို Twitter Page မှာ Teaser Video ထုတ်ပြီး ပြောကြားခဲ့တာဖြစ်ပြီးတော့ လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကို သတ်မှတ်ထားတာပဲဖြစ်ပါတယ်။

အခု Sony Xperia Flagship စမတ်ဖုန်းဟာ ကျိန်းသေပေါက် Snapdragon 845 Processor ၊ 18:9 Ratio Display တွေကိုအသုံးပြုလာမှာဖြစ်ပြီး OLED Display ကိုလည်း အသုံးပြုလာနိုင်တယ်လို့ ယူဆရပါတယ်။