စွယ်စုံကျမ်းကြီးတစ်ခုဖြစ်တဲ့ Wikipedia ကနေ Desktop Web Browser ကနေ အသုံးပြုသူတွေအတွက် Feature အသစ်တစ်ခုကို ထည့်သွင်းပေးခဲ့လိုက်ပါတယ်။ ဒါကတော့ Page Preview Feature ပဲဖြစ်ပြီးတော့ Wikipedia ကတော့ ဒါက ပြီးခဲ့တဲ့နှစ်တွေထဲမှာ Wikipedia ရဲ့ အကြီးမားဆုံး ပြောင်းလဲမှုတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အခု Page Preview Feature က ဘယ်လိုမျိုးအလုပ်လုပ်မလဲဆိုရင်တော့ ယခင်က Wikipedia မှာ ကိုယ်ဖတ်နေတဲ့အကြောင်းအရာမှာပဲ ထပ်မံပြီး အသေးစိတ်သိချင်တယ်ဆိုရင် နှိပ်ပြီးဖတ်ကြည့်လို့ရတဲ့ Additional Context တွေမှာ နှိပ်ကြည့်စရာမလိုတော့ပဲ Preview အနေနဲ့ Pop Up Windows အနေနဲ့ပဲ ဖော်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အခုလိုမျိုး Wikipedia မှာ ရှာဖွေနေရင်းနဲ့ Link တွေကို အဆုံးမရှိပဲဆက်တိုက်နှိပ်သွားပြီး သက်ဆိုင်ရာအချက်အလက်တွေကို ဖတ်သွားနိုင်တာက Wikipedia ရဲ့ အားသာချက်တစ်ခုဆိုပေမယ့် တခါတလေမှာ ကိုယ်ထပ်ပြီး သိရှိချင်လို့နှိပ်လိုက်တဲ့ Link က လုံလောက်တဲ့ Information မပါဝင်တာတွေကို ကြုံဖူးကြမှာပါ။ အဲ့ဒီအတွက် အခု Page Preview Feature ဟာ Link တွေလိုက်နှိပ်စရာမလိုတော့ပဲ Mouse ကို အဆိုပါ အကြောင်းအရာပေါ်မှာ တင်လိုက်တာနဲ့ ဓါတ်ပုံနဲ့ Article Brief Preview တက်လာမှာဖြစ်တယ်လို့ သိရပါတယ်။
Wikipedia ကတော့ အခု Feature ကို ပိုပြီး အဆင့်တိုးတက်လာအောင် A/B စစ်ဆေးမှုတွေကို ပြုလုပ်လျက်ရှိပြီး လက်ရှိလူအများစုက အခု Feature ကို ပိတ်ပစ်ခြင်းမရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် Website ရဲ့ Overall Page View ကလည်း သိသိသာသာကို ကျဆင်းသွားပြီးတော့ အဲ့ဒါက အသုံးပြုသူတွေက အခု Page Preview Pop Up တွေကနေ ပိုပြီး အကျိုးရှိရှိအသုံးချနိုင်နေတာကြောင့်ဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။