ဒီက လူငယ်တိုင်းလိုလိုနဲ့ လူကြီးတော်တော်များများ DJ ဆိုတာသိကြမှာပါ။ နားတော့မလည်ကြပေမယ့် အကုန်လုံးနီးပါးကြားဖူးကြမှာပါ။
နားလည်တဲ့သူတွေအတွက်ရော နားမလည်တဲ့သူတွေအတွက်ပါ အားလပ်ချိန်တွေမှာ ကလိဖို့ DJ App လေးတစ်ခု Share ပေးချင်ပါတယ်။ နာမည်ကျော် Audio Software တွေထုတ်တဲ့ Mixvibes ကထုတ်ပေးထားတာပါ။
သူ့ နာမည်က Cross DJ ပါ။ Android 5.0 နဲ့အထက် Ram 2GB ကစလို့ Support လုပ်တယ်။ အသွင်အပြင်အရမ်းရိုးရှင်းပြီး သုံးရလွယ်ကူပါတယ်။
ကိုယ့် တီထွင်နိုင်စွမ်းပေါ်မူတည်ပြီး ကိုယ် လုပ်နိုင်ရင်လုပ်နိုင်သလောက်အစွမ်းထက်ပါတယ်။
DJ ရဲ့ သဘောသဘာဝအတိုင်း သီချင်းတစ်ပုဒ်ကနေ တစ်ပုဒ်ကူးပြောင်းတဲ့အခါ အလစ်အဟမရှိအောင် သီချင်းတစ်ပုဒ်ရဲ့ အဆုံးနဲ့ သူ့ရဲ့ အဆုံးသတ်တီးလုံးနဲ့ ထပ်တူကျမယ့် နောက်တစ်သီချင်းတစ်ပုဒ်ကိုကြိုစဉ်းစားထားရမှာပါ။
လိုက်ဘက်မှုမရှိတဲ့သီချင်းတွေကြားထဲမှာ အချိတ်အဆက်လိုချင်ရင်လည်း FX လို့ခေါ်တဲ့ Sound Effect တွေသုံးနိုင်ပါသေးတယ်။ အစုံအလင်ရချင်ရင်တော့ Paid Version ဝယ်နိုင်ပါတယ်။
Professional အဆင့် Tools တွေတော်တော်များများပါဝင်ပြီး ကလိလို့တော်တော်ကောင်းပါတယ်။ Soundcloud Account နဲ့လဲချိတ်ဆက်နိုင်လို့ Soundcloud ပေါ်က Remix တွေလည်းစိတ်ကြိုက်ယူပြီး Mix နိုင်တယ်။
Playlist တွေစိတ်ကြိုက်စီထားနိုင်လို့ သူငယ်ချင်းတွေနဲ့ ပါတီတွေလုပ်ရင်ပဲဖြစ်ဖြစ် ကိုယ်ပျင်းတဲ့အချိန် ကိုယ်တိုင်နားထောင်ဖို့ပဲဖြစ်ဖြစ် အစဉ်ပြေပါတယ်။ ကိုယ် Mix နေတဲ့အသံတွေကို Recording လုပ်ထားနိုင်ပြီး စိတ်မကျေနပ်မချင်း ပြန်စနိုင်တယ်။
ပြီးရင်တော့ ကိုယ်လက်စွမ်းပြထားတဲ့ Mix တွေကို သူငယ်ချင်းတွေကိုပြန်ဖွင့်ပြပြီးကြွားနိုင်တယ်။ ကိုယ်စိတ်ကြိုက် Mix ထားတဲ့ သီချင်းတွေကို သင်္ကြန်ရောက်ရင် အစွမ်းကုန်ဝုန်းဒိုင်းကြဲနိုင်ပြီလေ။
ဘယ်သူကသိမှာလဲ Cross DJ နဲ့ Mix ထားတယ်ဆိုတာ။ အဲ့တော့ အခုပဲဒေါင်းပြီး ကလိကြပါစို့။ Playstore ကအဆင်မပြေရင် Apk Pure နဲ့လဲ ဒေါင်းနိုင်တယ်နော်။