Nokia စမတ်ဖုန်းတွေဟာ လက်ရှိအချိန်မှာ HMD Global ကုမ္ပဏီကနေ ထုတ်လုပ်နေတာဖြစ်ပြီးတော့ လက်ရှိအချိန်မှာ တကယ်ကို အရည်အသွေးကောင်းမွန်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်နေတယ်လို့တောင် ပြောလို့ရနေပါတယ်။ အခုလိုမျိုး အကောင်းစား Android စမတ်ဖုန်းတွေကို ထုတ်လုပ်နေသလိုပဲ HMD ယခင်တုန်းက Nokia ဆိုတဲ့ နာမည်ကို ပြန်လည်ရယူဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။
အခု HMD ရဲ့ Nokia နာမည်ကို ပြန်လည်ဖို့ ကြိုးစားမှုတွေထဲကနောက်ထပ်တစ်ခုက အောင်မြင်သွားပြန်ပြီပဲဖြစ်ပါတယ်။ ဒါကတော့ ယခင် Nokia ဖုန်းတွေမှာ Zeiss Lens လိုမျိုး နာမည်ကြီးခဲ့တဲ့ PureView ကို ပြန်လည်မူပိုင်ခွင့်ရရှိသွားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် နောက်ပိုင်းထွက်လာမယ့် Nokia ဖုန်းတွေရဲ့ ကင်မရာမှာ Zeiss Lens တွေအပြင် PureView နာမည်ကိုပါ မြင်လာရတော့မှာပါ။
Nokia ရဲ့ Pure View ဟာ ယခင်တုန်းက Nokia 808 PureView လိုမျိုးဖုန်းတွေနဲ့ တစ်ခေတ်ဖြစ်ခဲ့တဲ့ 41MP Camera ပါဝင်တဲ့ Nokia Lumia 1020 PureView တွေလိုမျိုး အကောင်းဆုံး ကင်မရာဖုန်းတွေကို Nokia နဲ့အတူဖန်တီးခဲ့တာဖြစ်ပြီးတော့ အခုလိုမျိုး HMD က မူပိုင်ခွင့်ပြန်လည်ရယူလိုက်တဲ့အတွက် တကယ့် အကောင်းဆုံးသော ကင်မရာဖုန်းတွေကို Nokia က ပြန်လည်ထုတ်လုပ်လာဖို့ များနေပါတယ်။
HMD Global ဟာ ယခင်တုန်းကလည်း Nokia X Series ဖုန်းတွေကို ပြန်လည်အသက်သွင်းတာတွေ၊ Nokia 3310 လိုမျိုး နာမည်ကြီး Keypad ဖုန်းတွေကို ပြန်လည်ထုတ်လုပ်ခဲ့ပြီး Nokia နာမည်ကို အစွမ်းကန်ထိန်းသိမ်းနေတာဖြစ်သလို အခုလိုမျိုး PureView ကိုပါ ပြန်လည်ရယူနိုင်တာကိုတော့ ချီးကျူးရမှာပါ။ အဲ့ဒီအတွက် HMD အနေနဲ့ နောက်ထပ် Nokia ရဲ့ Xpress Music ကိုပြန်လည်ရယူနိုင်မယ်ဆိုရင်တော့ Nokia ဟာ ယခင်ကလို ပြန်ခေါင်းမော့နိုင်မှာ မလွဲတော့ပါဘူး။