သီချင်းနားထောင်ရတာ လူတိုင်းလိုလိုနှစ်သက်ကြပါတယ်။ တစ်ချို့တွေက သီချင်းတွေကို Website တွေက ရှာဒေါင်းတယ်။ Youtube နေ Video တွေဒေါင်းပြီး အသံချည်းပဲရအောင် App တွေသုံးပြီး ပြန်ထုတ်ကြတယ်။

အခုပြောပြပေးမှာကတော့ Remix သီချင်းတွေကိုကြိုက်တဲ့ သူတွေအတွက် Music Streaming Service ဖြစ်တဲ့ SoundCloud ဆိုတာပါ။

International သီချင်းတွေကိုမှ Remix Version တွေအများအပြားရနိုင်တဲ့အပြင် Mainstream မဟုတ်ပဲ နားထောင်လို့ကောင်းတဲ့ Underrated Artist တွေရဲ့ သီချင်းတွေအများကြီးပါ။

အရမ်းလန်းတဲ့ EDM သီချင်းတွေအများကြီးရှိပါတယ်။ တစ်ချို့နာမည်ကြီး Artist တွေက သူတို့သီချင်းတွေတော်တော်များများကို Free တင်ပေးထားပြီးတစ်ချို့ကတော့ Preview သဘောမျိုးပဲတင်ပေးထားပါတယ်။

Spinnin Record လို နာမည်ကြီး EDM Lable တွေအမြောက်အများရှိပါတယ်။ ဖုန်း Review လို Video တွေမှာယူသုံးနိုင်တဲ့ Copy Right Free ပေးထားတဲ့ Track တွေလဲအများကြီးရှိလို့ တော်တော်လေးကို အဆင်ပြေပါတယ်။

မြန်မာသီချင်းအမြောက်အများလည်းရှိပြီး ထူးအိမ်သင်ရဲ့သီချင်းတွေပါ ရှာတွေ့နိုင်တယ်။

UI အပြင်အဆင်လည်း ရိုးရှင်းတယ်။ Facebook လိုမျိုးပဲ Tab လေးတွေခွဲပေးထားပြီး Newfeed လိုမျိုး ကိုယ် Follow လုပ်ထားတဲ့ Artist တွေနဲ့ Station တွေဆီက Update သီချင်းတွေကိုပြပေးထားတယ်။

ကိုယ်နားထောင်တဲ့သီချင်းကို Love ပေးပြီး Favorite List ထဲထည့်ထားနိုင်တယ်။ Comment လည်းပေးနိုင်သေးတယ်။

Playlist တွေအများကြီးလုပ်ထားနိုင်ပြီး Private နဲ့ Public Playlist ဆိုပြီးခွဲထားနိုင်တယ်။ တစ်ခြား User တွေနဲ့လည်း အပြန်အလှန် Follow လုပ်ထားနိုင်ပြီး ကိုယ့်ခံစားချက်တွေကို Playlist တွေအဖြစ် မျှဝေနိုင်သေးတယ်။

SoundCloud အသုံးပြုဖို့အတွက် Internet Connection လိုပြီး Download Mode တော့မပါပါဘူး။ ဒါပေမယ့် ကိုယ်နားထောင်သမျှသီချင်းတွေအကုန်လုံးကို Cache ထဲမှာ အလိုအလျောက်သိမ်းထားပေးလို့ သီချင်းတစ်ပုဒ်ကို အဆုံးထိနားထောင်ပြီး Playlist ထဲထည့်ထားလိုက်ရင် Offline ဖြစ်နေလည်း Playlist ထဲဝင်ပြီးနားထောင်နိုင်မှာပါ။

Audio Format အနေနဲ့ SoundCloud ရဲ့ ကိုယ်ပိုင်နည်းပညာကိုသုံးထားလို့ Quality တော်တော်ကောင်းပါတယ်။ iOS ရော Android အတွက်ရောရရှိနိုင်ပြီး Android အတွက်ဒေါင်းတဲ့နေရာမှာ Playstore ကမရခဲ့ရင် Apk Pure ကရယူနိုင်ပါတယ်။ iOS 10.0 နဲ့အထက်။ Android 6.0 နဲ့အထက်မှာ အဆင်ပြေပြေသုံးနိုင်ပါတယ်။