PUBG Mobile ဆော့တဲ့သူတွေအတွက် သတင်းကောင်းတစ်ခုပြောစရာရှိပါတယ်။ Map အသစ်တစ်ခုကို မကြာခင်အချိန်အတွင်းမှာရတော့မှာပါ။

Season အသစ်လည်းစနေပြီဖြစ်ပြီး Map အသစ်ပါလာဖို့က လုံးဝသေချာနေပါပြီ။

အသစ်လာမယ့် Map နာမည်က Sanhok ဖြစ်ပြီး ARအသစ်တွေ SMG သေနတ်အသစ်တွေပါလာမှာဖြစ်ပြီး Tuk-Tuk လို့ခေါ်တဲ့ တုတ်တုတ်ကားလေးတွေနဲ့ Scooter လေးတွေပါစီးရတော့မှာပါ။

အရှေ့တောင်အာရှကို အခြေခံထားပြီး မြေမျက်နှာပြင်အနေအထားတွေက
ဗီယက်နမ် နဲ့တူပါတယ်။

မပြီးစီးသေးတဲ့ အဆောက်အဦးတွေတွေ့ရမှာဖြစ်ပြီး Map ကို သေချာအဆုံးမသတ်ရသေးခင် Release လုပ်မှာမို့လို့ပါ။ အဆောက်အဦးတွေကလွဲလို့ ကျန်တဲ့ အရာတွေအကုန်လုံးက Perfect ဖြစ်နေပါပြီ။

ဒီ Map အသစ်နဲ့ ပက်သက်လို့ ထူးခြားတဲ့အချက်ကတော့ အရွယ်အစားပါ။ အရင် Map နှစ်ခုလို 8 x 8 Kilometer မဟုတ်တော့ပဲ 4 x4 နဲ့မို့လို့ Player အယောက် တစ်ရာနဲ့ယှဉ်လိုက်ရင် မြေပုံတော်တော်သေးသွားပါတယ်။ Weapon တွေကိုလည်း အများကြီးပိုထားပေးထားလို့ ပိုပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်လာတော့မှာပါ။

Zone ကျဉ်းလာတဲ့နေရာမှာလည်း အရင်လို ဘယ်နေရာသွားရမှန်းကြိုမသိတာမျိုးမရှိတော့ပဲ Safe Zone က Map အလယ်တည့်တည့်ကိုပဲ တစ်ဖြည်းဖြည်းရောက်လာမှာပါ။ ကဲ Update လုပ်ဖို့ ဖုန်းဘေ ကြိုစုထားကြပါတော့။