Zawgyi Font Version






Ref: XDA

Unicode Version

HMD Global ကနေမိတ်ဆက်လိုက်တဲ့ Nokia 6.1 Plus မှာ Apple ရဲ့ Animojis လို Samsung ရဲ့ AR Emojis လိုမျိုး Camera Feature လေးတွေထည့်သွင်းပေးထားပါတယ်။ Nokia က အဆိုပါ Feature ကို 3D Personas လို့ခေါ်ပြီး အခြား AR Feature တွေလိုမျိုးပဲ ဖုန်းရဲ့ Selfie Camera ကိုသုံးကာ အသုံးပြုသူရဲ့ မျက်နှာသွင်းပြင်တွေကို 3D ပုံရိပ်တွေအဖြစ်မှတ်သားပြီး 3D ရုပ်ပုံလေးတွေအဖြစ်ပြန်လည်ထုတ်ပေးတာပါ။

တစ်ခြား AR Sticker Feature တွေနဲ့ အနည်းငယ်ကွဲပြားခြားနားပြီး အသုံးပြုရတာ ပိုမိုလွယ်ကူတယ်လို့သိရပါတယ်။ အဆိုပါ AR Feature တွေပါဝင်တဲ့ Nokia Camera ကို XDA Developer တွေကနေ တစ်ခြား ဖုန်းတွေပေါ်မှာ အသုံးပြုလို့ရအောင် Modified လုပ်ခဲ့ပါတယ်။ အဆိုပါ Camera ကို အသုံးပြုချင်ရင်တော့ မိမိဖုန်းရဲ့ Operating System က Android 8.0 Oreo နဲ့ အထက်ရှိရပါမယ်။

အဆိုပါ Nokia ရဲ့ Camera App ကို Nokia Pro Camera လို့ခေါ်ပြီး အရမ်းလန်းတဲ့ Design ကိုအသုံးပြုထားပါတယ်။ အဆိုပါ Camera App ထဲက Slow Motion နဲ့ Timelapse Feature တွေကတော့ ဖုန်းတိုင်းမှာ Support လုပ်မှာမဟုတ်ပဲ တစ်ချို့ဖုန်းတွေမှာသာအလုပ်လုပ်မယ်လို့သိရပါတယ်။ AR Sticker Feature ဖြစ်တဲ့ 3D Personas ကတော့ Google Pixel 2 XL ပေါ်မှာစမ်းသပ်အသုံးပြုကြည့်တဲ့အခါ မအောင်မြင်ပဲ Samsung Galaxy Note 9 နဲ့ OnePlus 6 တို့မှာတော့ အသုံးပြုလို့ရတယ်လို့သိရပါတယ်။

Panorama, Live Bokeh နဲ့ Selfie Bokeh Feature တွေကလည်း Pixel 2 XL မှာ အလုပ်မလုပ်ပဲ OnePlus 6 နဲ့ Note 9 မှာတော့ အသုံးပြုလို့ရတယ်လို့သိရပါတယ်။ အဆိုပါ Nokia Pro Camera ကိုစမ်းသပ်အသုံးပြုချင်ရင်တော့ အောက်က Link ကနေ ဒေါင်းယူနိုင်ပါတယ်။ ဘယ်ဖုန်းမှာ အလုပ်လုပ်နိုင်တယ်လို့ သေချာမသိရသေးပဲ စမ်းသပ်အသုံးပြုကြည့်ရမှာပါ။ တစ်ကယ်လို့ ကိုယ့်ဖုန်းမှာ အလုပ်လုပ်ခဲ့ရင်လည်း Facebook Comment လေးပေးပြီး အသုံးပြုတဲ့ ဖုန်း Model လေးပြောပြပေးကြပါခင်ဗျာ။

>>>Nokia Pro Camera Download<<<

Ref: XDA