Zawgyi Font Version

iPhone XS နဲ႔ iPhone XS Max အသံုးျပဳေနၾကတဲ့ User ေတြဟာ ဖုန္းလိုင္းနဲ႔ Wifi ျပႆနာေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔သိရပါတယ္။ iPhone အသစ္အသံုးျပဳသူေတြဟာ သူတို႔ရဲ႕ iPhone XS နဲ႔ XS Max ေတြရဲ႕ Mobile Data နဲ႔ Wifi Speed ေတြဟာ အရင္ iPhone အေဟာင္းေတြထက္ ေႏွးေကြးေလးလံေနတာကိုေတြ႔ရပါတယ္တဲ့။ Apple’s Support Forum, MacRumors Forum နဲ႔ Reddit လို Forum ေတြမွာ iPhone အသစ္ေတြကိုအသံုးျပဳေနၾကတဲ့ User ေပါင္းမ်ားစြာက ေဆြးေႏြးေျပာၾကားခဲ့တာျဖစ္ျပီး Mobile Operator ေတြ Network Carrier ေတြရဲ႕ ျပႆနာမဟုတ္ပဲ အေမရိကားတစ္ခြင္လံုးက User ေတြအကုန္ အဆိုပါ ျပႆနာကို ရင္ဆိုင္ေနရတာျဖစ္တယ္လို႔သိရပါတယ္။

အဆိုပါ ျပႆနာဟာ iPhone အသစ္အသံုးျပဳသူေတြအတြက္ အလြန္စိတ္ညစ္ဖို႔ေကာင္းတဲ့ ျပႆနာျဖစ္ေနျပီး Apple ဘက္က ဘာမွအေၾကာင္းျပန္ျခင္းမရွိေသးပါဘူး။ iPhone XS ကို iPhone X ထက္ Wi-Fi နဲ႔ LTE Speed ပိုျမန္ပါတယ္လို႔ SpeedSmart ရဲ႕ စမ္းသပ္ခ်က္ေတြအရ သိရွိခဲ့ရေပမယ့္ လက္ေတြ႔အသံုးျပဳေနၾကတဲ့ User ေတြကေတာ့ Wi-Fi Speed ေႏွးေကြးတဲ့ ျပႆနာရင္ဆိုင္ေနရပါျပီ။ နာမည္ၾကီး Device ေတြကို တစ္စစီျဖဳတ္ျပီးေလ့လာေလ့ရွိတဲ့ iFixit ရဲ႕ iPhone XS ကိုျဖဳတ္ၾကည့္တဲ့ Video မွာေတာ့ Antenna Line အသစ္ကိုေတာင္ေတြ႔ရတာေၾကာင့္ iPhone အသစ္ေတြရဲ႕ Network Speed ဟာ iPhone အေဟာင္းေတြထက္ လွ်င္ျမန္ေနရမွာပါ။

Apple က တစ္စံုတစ္ရာ အေၾကာင္းျပန္ျခင္းမရွိေသးပဲ User ေတြကေတာ့ အမ်ိဳးမ်ိဳးထင္ျမင္ေနၾကပါတယ္။ User အခ်ိဳ႕ကေတာ့ ဒါဟာ Network ေတြကို အလြန္အမင္းဆြဲလိုက္တဲ့အတြက္ Network Overload ျဖစ္တာလို႔ယူဆၾကျပီး အခ်ိဳ႕ကေတာ့ ပိုျပီး ျပႆနာၾကီးတဲ့ “Antenna-gate” ျပႆနာျဖစ္ေနႏိုင္တယ္လို႔ယူဆၾကပါတယ္။ တစ္ခ်ိဳ႕ကလည္း သာမာန္ Software ျပႆနာျဖစ္မယ္လို႔ထင္ၾကျပီး Software Update ထြက္ရွိလာဖို႔ေမွ်ာ္လင့္ေနၾကပါတယ္။ အဆိုပါ ျပႆနာဟာ Hardware Error ျဖစ္ခဲ့ရင္ ကမၻာတစ္ဝွမ္းက User ေတြကိုပါ ထိခိုက္မွာျဖစ္ပါတယ္။ User ေတြနဲ႔ Media ေတြဟာ Apple ရဲ႕ သတင္းထုတ္ျပန္ခ်က္ကို ေစာင့္ေမွ်ာ္ေနၾကပါတယ္။ iPhone အသစ္ေတြဝယ္ယူမယ့္ျပည္တြင္းကသူေတြလည္း ေလာေလာဆယ္ ခဏေလာက္ေစာင့္ျပီး အဆိုပါ ျပႆနာကိုေျဖရွင္းျပီးေလာက္တဲ့ အခ်ိန္က်မွ ဝယ္ယူသင့္ပါတယ္။

Ref: The Verge

Unicode Version

iPhone XS နဲ့ iPhone XS Max အသုံးပြုနေကြတဲ့ User တွေဟာ ဖုန်းလိုင်းနဲ့ Wifi ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့သိရပါတယ်။ iPhone အသစ်အသုံးပြုသူတွေဟာ သူတို့ရဲ့ iPhone XS နဲ့ XS Max တွေရဲ့ Mobile Data နဲ့ Wifi Speed တွေဟာ အရင် iPhone အဟောင်းတွေထက် နှေးကွေးလေးလံနေတာကိုတွေ့ရပါတယ်တဲ့။ Apple’s Support Forum, MacRumors Forum နဲ့ Reddit လို Forum တွေမှာ iPhone အသစ်တွေကိုအသုံးပြုနေကြတဲ့ User ပေါင်းများစွာက ဆွေးနွေးပြောကြားခဲ့တာဖြစ်ပြီး Mobile Operator တွေ Network Carrier တွေရဲ့ ပြဿနာမဟုတ်ပဲ အမေရိကားတစ်ခွင်လုံးက User တွေအကုန် အဆိုပါ ပြဿနာကို ရင်ဆိုင်နေရတာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ ပြဿနာဟာ iPhone အသစ်အသုံးပြုသူတွေအတွက် အလွန်စိတ်ညစ်ဖို့ကောင်းတဲ့ ပြဿနာဖြစ်နေပြီး Apple ဘက်က ဘာမှအကြောင်းပြန်ခြင်းမရှိသေးပါဘူး။ iPhone XS ကို iPhone X ထက် Wi-Fi နဲ့ LTE Speed ပိုမြန်ပါတယ်လို့ SpeedSmart ရဲ့ စမ်းသပ်ချက်တွေအရ သိရှိခဲ့ရပေမယ့် လက်တွေ့အသုံးပြုနေကြတဲ့ User တွေကတော့ Wi-Fi Speed နှေးကွေးတဲ့ ပြဿနာရင်ဆိုင်နေရပါပြီ။ နာမည်ကြီး Device တွေကို တစ်စစီဖြုတ်ပြီးလေ့လာလေ့ရှိတဲ့ iFixit ရဲ့ iPhone XS ကိုဖြုတ်ကြည့်တဲ့ Video မှာတော့ Antenna Line အသစ်ကိုတောင်တွေ့ရတာကြောင့် iPhone အသစ်တွေရဲ့ Network Speed ဟာ iPhone အဟောင်းတွေထက် လျှင်မြန်နေရမှာပါ။

Apple က တစ်စုံတစ်ရာ အကြောင်းပြန်ခြင်းမရှိသေးပဲ User တွေကတော့ အမျိုးမျိုးထင်မြင်နေကြပါတယ်။ User အချို့ကတော့ ဒါဟာ Network တွေကို အလွန်အမင်းဆွဲလိုက်တဲ့အတွက် Network Overload ဖြစ်တာလို့ယူဆကြပြီး အချို့ကတော့ ပိုပြီး ပြဿနာကြီးတဲ့ “Antenna-gate” ပြဿနာဖြစ်နေနိုင်တယ်လို့ယူဆကြပါတယ်။ တစ်ချို့ကလည်း သာမာန် Software ပြဿနာဖြစ်မယ်လို့ထင်ကြပြီး Software Update ထွက်ရှိလာဖို့မျှော်လင့်နေကြပါတယ်။ အဆိုပါ ပြဿနာဟာ Hardware Error ဖြစ်ခဲ့ရင် ကမ္ဘာတစ်ဝှမ်းက User တွေကိုပါ ထိခိုက်မှာဖြစ်ပါတယ်။ User တွေနဲ့ Media တွေဟာ Apple ရဲ့ သတင်းထုတ်ပြန်ချက်ကို စောင့်မျှော်နေကြပါတယ်။ iPhone အသစ်တွေဝယ်ယူမယ့်ပြည်တွင်းကသူတွေလည်း လောလောဆယ် ခဏလောက်စောင့်ပြီး အဆိုပါ ပြဿနာကိုဖြေရှင်းပြီးလောက်တဲ့ အချိန်ကျမှ ဝယ်ယူသင့်ပါတယ်။

Ref: The Verge