Zawgyi Font Version
Landscape Photos
Portrait Photos
Unicode Version
လူတိုင်းနီးပါးဖုန်းနဲ့ ဓာတ်ပုံရိုက်တက်ပါတယ်။ ဖုန်း Camera App ထဲဝင်ပြီး ခလုတ်လေးနှိပ်လိုက်တာနဲ့ ပြီးပြီလေ။ ဒါပေမယ့်လည်း တစ်ချို့ တွေ ဖုန်းနဲ့ရိုက်ထားတဲ့ အရမ်းလန်းတဲ့ Landscape ပုံ တွေ Portrait ပုံတွေကို Facebook ပေါ်တင်တာတွေ့ရတဲ့အခါ သူတို့ဘယ်လိုများရိုက်ထားလဲ ဆိုပြီး သင်အံ့သြမိမှာပါ။ ဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့အခါ Beginner တွေအတွက် အခြေခံ အချက်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။
Landscape Photos
1- Choose The Best Time of The Day ရှုခင်းအလှဆုံးအချိန်တွေဖြစ်တဲ့ နေဝင်နေထွက်ချိန်။ ဆည်းဆာအချိန်လေးတွေ ကိုရွေးပြီးတော့ရိုက်ပါ။
2- အလင်း Source ရှာပါ။ အလင်းလားရာ Direction ပေါ်လိုက်ပြီး အလင်းပျံ့တဲ့ နှုန်းများတဲ့ Scene တွေကို ရှာရိုက်ပါ။ အလင်းကိုမျက်နှာချင်းဆိုင်ပြီး မရိုက်ပါနဲ့။
3- အထားအသို Composition (ခေါ်) Perspective။ အရမ်းကြီးရှုပ်တဲ့ Scene တွေကိုရှောင်ပါ။ Object တစ်ခုတည်းကိုပဲ အာရုံမစိုက်ပဲ နောက်ခံ Background သို့မဟုတ် ကိုယ်ရိုက်ချင်တဲ့ Scene တစ်ခုလုံးရဲ့ အနေအထား။ တစ်ခုနဲ့ တစ်ခုပြန်ထောက်ပံ့တဲ့ အနေအထားတွေကို သေချာသတိထားပါ။
4- ဒီနေ့ခေတ်ဖုန်းအများစုမှာ AI Mode လို့ခေါ်တဲ့ AI က အလိုအလျောက်ချိန်ညှိပေးတဲ့ Feature လေးပါလာပါတယ်။ AI Scene Detection ဟာ Camera လုံးဝမရိုက်တက်တဲ့ Beginner တွေဆိုရင်တော့ အဆင်ပြေပေမယ့် Scene ကို Recognize မလုပ်နိုင်တဲ့အခါမျိုးတွေမှာ Over Saturated ဖြစ်တဲ့ပုံတွေသာထုတ်ပေးတာမို့ တစ်ကယ်တန်းရိုက်တက်တဲ့သူတွေအတွက်တော့ AI Mode ပိတ်ပြီးရိုက်သင့်ပါတယ်။
5- ကောင်းကင် ပင်လယ်အစရှိတဲ့ အရောင်တွေကိုရိုက်တဲ့အခါ Natural အရောင်ထွက်စေချင်တဲ့ HDR ကိုဖွင့်ပြီး ရိုက်လို့ရပါတယ်။ လက်ငြိမ်အောင်တော့ ထားဖို့လိုပါမယ်။
Portrait Photos
1- Portrait (ခေါ်) လူပုံ တွေရိုက်တဲ့အခါ ကိုယ်လုံးအပြည့်နဲ့ တစ်ပိုင်းပုံ ဆိုပြီး နှစ်မျိုးခွဲရိုက်ပါ။ မျက်နှာပဲ သီးသန့်ရိုက်လို့တော့ရပြီး မရိုက်တက်ရင်တော့ အရမ်းကြီးလှတဲ့ပုံမျိုးမရပါဘူး။ ကိုယ်တစ်ပိုင်းပုံတွေရိုက်တဲ့အခါ ခါးအထက်ကနေရိုက်ပေးပါ။ ကိုယ်လုံးအပြည့်ပုံတွေရိုက်ရင် ခြေထောက်တွေကိုပါ အပြည့်ပါအောက်ရိုက်ပေးပါ။
2- Portrait ရိုက်တဲ့အခါ အဓိက က Focus ပါ။ Focus သေချာမိဖို့လိုပြီး ကိုယ်ရိုက်တဲ့သူရဲ့ မျက်နှာကို Focus သေချာချိန်ပေးရပါမယ်။ တော်တေ်များများက Focus ချိန်ဖို့ကိုမေ့တက်ကြပြီး ဖုန်းရဲ့ Auto Focus ပဲအားကိုးနေကြပါတယ်။ Auto Focus က Manual Focus လောက်မကောင်းပဲ။ ကိုယ်ထားချင်တဲ့ Object ပေါ်မှာ 100% Focus မဖြစ်စေတဲ့အတွက် လုပုံရိုက်မယ်ဆိုရင် ကိုယ်ရိုက်မယ့် လူရဲ့ မျက်နှာကို ဖုန်း Screen ပေါ်မှာသေချာ လက်နဲ့ထောက်ချိန်ပြီး ရိုက်ကူးသင့်ပါတယ်။
3- အလင်းထောက်ပံ့ပေးမယ့် Light Source ကိုသေချာသိရှိထားရမယ်။ နေ့ခင်းဘက် Out Door ရိုက်ရင် နေအလင်းရောင်။ ညဘက် လမ်းပေါ်မှာရိုက်ရင် လမ်းမီးအလင်းရောက်။ ဆိုင်တွေထဲမှာ ရိုက်ရင် ဆိုင်ထဲက မီးလုံးတွေရဲ့အလင်းရောင် စတဲ့ Light Source တွေကို သိရှိပြီးအလင်းနည်းရင်နည်းသလို Exposure တင်ပေးရပါတယ်။ Auto Mode နဲ့လည်း ရပေမယ့် Auto Exposure ကောင်းဖို့အတွက် Focus တိကျဖို့ အရမ်းအရေးကြီးပါတယ်။ နေ့ခင်းဘက် Outdoorတွေရိုက်ရင် နေရောင်ပြင်းအားနဲ့ ပတ်ဝန်းကျင်မှာ နေရောင်ကို အလင်းပြန်နေတဲ့ အရာတွေကိုသေချာသတိထားကြည့်ပေးပါ။ တစ်ခြား အရာတွေကနေ အလင်းပြန်တာမျိုးတွေဖြစ်နေခဲ့ရင် နေရာပြောင်းရိုက်ပါ။
4- Portrait ပုံတွေရိုက်တဲ့အခါ မျက်နှာကို Shadow မကျစေအောင် သတိထားပါ။ အလင်း Source နဲ့ မျက်နှာ အနေအထားကို ထိပ်တိုက်ထားပါ။ မျက်နှာစောင်းသွားခဲ့ရင် နှာခေါင်းနဲ့ အရိပ်ကွယ်ပြီး မျက်နှာမှာ Shadow ပေါ်ပြီး မလှမပဖြစ်စေပါတယ်။
5- Portrait ရိုက်တဲ့အခါ ရိုက်မယ့် လူရဲ့ ဘေးက အရာဝတ္ထုတွေကို သေချာသတိထားကြည့်ပေးပါ။ လူနဲ့ ထိစပ်နေတာမျိုးတွေ။ ဥပမာ နောက်ခံက အရာဝတ္ထုတွေဖြစ်တဲ့ သစ်ကိုင်းတို့ သစ်ရွက်တို့က ခေါင်းပေါ်တင်နေတာမျိုးကိုရှောင်ပါ။ လူနဲ့ Object နဲ့ကြား အကွာအဝေးကို ရှင်းရှင်းလင်းလင်းထားပြီး လူပုံကို ပေါ်အောင် ထင်ရှားအောင်ရိုက်ပါ။
7- Professional ဆန်တဲ့ ပုံမျိုးထွက်စေဖို့အတွက် Beauty Mode လိုမျိုးတွေကိုပိတ်ထားပေးပါ။ Beauty Mode တွေဖွင့်ရိုက်တာက သာမာန် Facebook, Instagram မှာတင်မယ့် အမှတ်တရ ပုံမျိုးတွေအတွက် အဆင်ပြေပေမယ့် Professional ဆန်ဆန် အလှပုံမျိုးတွေထွက်စေဖို့အတွက်တော့ Beauty Mode တွေပိတ်ထားပေးပါ။
8- Portrait ပုံကောင်းကောင်းထွက်ဖို့ အနီးကပ်ရိုက်ပါ။ အဝေးကနေရိုက်ရင်တော့ Portrait Effect ရမှာမဟုတ်ပဲ ကြည့်ရဆိုးစေပါတယ်။