Zawgyi Font Version

မေန႔က Google Event မွာ Pixel 3 ဖုန္းအသစ္ေတြနဲ႔အတူ တစ္ျခား စိတ္ဝင္စားစရာ အရာေတြအမ်ားၾကီးမိတ္ဆက္ခဲ့ပါတယ္။ အဲ့အရာေတြထဲကတစ္ခုကေတာ့ Home Hub ဆိုတဲ့ အရာေလးပဲျဖစ္ပါတယ္။ 7-inches အရြယ္ရွိျပီး Tablet တစ္လံုးပံုစံေပါက္ေနေပမယ့္ Tablet လို႔လည္းေျပာလို႔မရပါဘူး။ ေအာက္ဘက္ အခံ ခံုေလးကို ကိုယ္တိုင္ခ်ဳပ္ထားတဲ့ ပိတ္သားနဲ႔ဖံုးအုပ္ေပးထားပါတယ္။ Display မွာ Ambient EQ လို႔ေခၚတဲ့ Feature ေလးပါဝင္ျပီး ပတ္ဝန္းက်င္အလင္းေပၚလိုက္ျပီး သဘာဝဆန္တဲ့ အေရာင္ေတြထုတ္ေပးႏိုင္ပါတယ္။ အစမ္းျပတဲ့ အခ်ိန္မွာေတာ့ ဒီ Home Hub ေလးဟာ ပတ္ဝန္းက်င္ မီးေရာင္ေတြေပၚလိုက္ျပီး သူ႔ရဲ႕ Display ရဲ႕ ကာလာကို သဘာဝဆန္ေအာင္ ထိန္းညွိေပးလို႔ စာရြက္တစ္ရြက္ကိုၾကည့္ရတဲ့အတိုင္း မ်က္လံုးကို သက္ေတာင့္သက္သာျဖစ္ေစပါတယ္။

Amazon နဲ႔ Facebook တို႔လို မဟုတ္ပဲ Google က Home Hub ကို Video Chat လုပ္ဖို႔ ထုတ္ထားတာမဟုတ္ပါဘူး။ Home Hub ကို အိပ္ခန္းထဲမွာလဲအသံုးျပဳတဲ့အတြက္ ဟက္ကာေတြရန္က ကာကြယ္ဖို႔ Home Hub မွာ ဘာကင္မရာမွ မပါဝင္ပါဘူး။ Home Hub က သင့္ရဲ႕ အသံေတြကိုတစ္ခ်ိန္လံုးနားေထာင္ေနမွာျဖစ္ျပီး သင့္အသံေတြကို မၾကားေစခ်င္ရင္ေတာ့ အသံပိတ္လိုက္ဖို႔အတြက္ ခလုတ္သပ္သပ္ပါဝင္ပါတယ္။ အိမ္တံခါးဝက ေစာင့္ၾကည့္ကင္မရာေတြ လူေခၚဘဲလ္ေတြနဲ႔လဲ ခ်ိတ္ဆက္ထားႏိုင္ျပီး လူလာရင္ Home Hub ကေနတစ္ဆင့္ ၾကည့္ရွုျပီး စကားေျပာႏိုင္မွာပါ။

Home Hub ဟာ အိမ္တြင္းသံုးဖို႔ထုတ္ထားတာျဖစ္ျပီး Google Assistant နဲ႔ အားျဖည့္ထားလို႔ Google Assistant ကိုစိတ္ၾကိဳက္သံုးႏိုင္မွာပါ။ Google Assistant ဟာအရင္လို စကားပဲ ျပန္ေျပာႏုိုင္တာမဟုတ္ေတာ့ပဲ သက္ဆိုင္ရာ ပံုရိပ္ေတြကိုျပသေပးႏိုင္ပါတယ္။ Youtube ၾကည့္ရွုဖို႔အတြက္လည္း အေကာင္းဆံုးခ်ိန္ညွိေပးထားတယ္။ Google Home Hub ကို ေအာက္တိုဘာ ၂၂ ကစျပီးဝယ္ယူႏိုင္ပါတယ္။

Ref: The Verge

Zawgyi Font Version

မနေ့က Google Event မှာ Pixel 3 ဖုန်းအသစ်တွေနဲ့အတူ တစ်ခြား စိတ်ဝင်စားစရာ အရာတွေအများကြီးမိတ်ဆက်ခဲ့ပါတယ်။ အဲ့အရာတွေထဲကတစ်ခုကတော့ Home Hub ဆိုတဲ့ အရာလေးပဲဖြစ်ပါတယ်။ 7-inches အရွယ်ရှိပြီး Tablet တစ်လုံးပုံစံပေါက်နေပေမယ့် Tablet လို့လည်းပြောလို့မရပါဘူး။ အောက်ဘက် အခံ ခုံလေးကို ကိုယ်တိုင်ချုပ်ထားတဲ့ ပိတ်သားနဲ့ဖုံးအုပ်ပေးထားပါတယ်။ Display မှာ Ambient EQ လို့ခေါ်တဲ့ Feature လေးပါဝင်ပြီး ပတ်ဝန်းကျင်အလင်းပေါ်လိုက်ပြီး သဘာဝဆန်တဲ့ အရောင်တွေထုတ်ပေးနိုင်ပါတယ်။ အစမ်းပြတဲ့ အချိန်မှာတော့ ဒီ Home Hub လေးဟာ ပတ်ဝန်းကျင် မီးရောင်တွေပေါ်လိုက်ပြီး သူ့ရဲ့ Display ရဲ့ ကာလာကို သဘာဝဆန်အောင် ထိန်းညှိပေးလို့ စာရွက်တစ်ရွက်ကိုကြည့်ရတဲ့အတိုင်း မျက်လုံးကို သက်တောင့်သက်သာဖြစ်စေပါတယ်။

Amazon နဲ့ Facebook တို့လို မဟုတ်ပဲ Google က Home Hub ကို Video Chat လုပ်ဖို့ ထုတ်ထားတာမဟုတ်ပါဘူး။ Home Hub ကို အိပ်ခန်းထဲမှာလဲအသုံးပြုတဲ့အတွက် ဟက်ကာတွေရန်က ကာကွယ်ဖို့ Home Hub မှာ ဘာကင်မရာမှ မပါဝင်ပါဘူး။ Home Hub က သင့်ရဲ့ အသံတွေကိုတစ်ချိန်လုံးနားထောင်နေမှာဖြစ်ပြီး သင့်အသံတွေကို မကြားစေချင်ရင်တော့ အသံပိတ်လိုက်ဖို့အတွက် ခလုတ်သပ်သပ်ပါဝင်ပါတယ်။ အိမ်တံခါးဝက စောင့်ကြည့်ကင်မရာတွေ လူခေါ်ဘဲလ်တွေနဲ့လဲ ချိတ်ဆက်ထားနိုင်ပြီး လူလာရင် Home Hub ကနေတစ်ဆင့် ကြည့်ရှုပြီး စကားပြောနိုင်မှာပါ။

Home Hub ဟာ အိမ်တွင်းသုံးဖို့ထုတ်ထားတာဖြစ်ပြီး Google Assistant နဲ့ အားဖြည့်ထားလို့ Google Assistant ကိုစိတ်ကြိုက်သုံးနိုင်မှာပါ။ Google Assistant ဟာအရင်လို စကားပဲ ပြန်ပြောနိုင်တာမဟုတ်တော့ပဲ သက်ဆိုင်ရာ ပုံရိပ်တွေကိုပြသပေးနိုင်ပါတယ်။ Youtube ကြည့်ရှုဖို့အတွက်လည်း အကောင်းဆုံးချိန်ညှိပေးထားတယ်။ Google Home Hub ကို အောက်တိုဘာ ၂၂ ကစပြီးဝယ်ယူနိုင်ပါတယ်။

Ref: The Verge