[Zawgyi]

Xiaomi ကေတာ့ လာမယ့္ ၂၀၁၉ မတိုင္မီမွာ စမတ္ဖုန္းအလုံးေရ သန္း ၁၀၀ ေက်ာ္ ေရာင္းခ်ဖို႔ ပစ္မွတ္ထားေနတယ္လို႔ ေႂကြးေၾကာ္လိုက္ပါၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ လတ္တေလာ ထုတ္ျပန္လိုက္တဲ့ စာရင္းမွာတင္ ၂၀၁၈ ခုႏွစ္ရဲ႕ ၁၀ လအတြင္း ေရာင္းခ်ခဲ့တဲ့ စမတ္ဖုန္းအလုံးေရေပါင္း ၁၀၀ ျပည့္သြားလို႔ပါပဲ။

တ႐ုတ္ႏိုင္ငံ ပီကင္းၿမိဳ႕မွာ က်င္းပျပဳလုပ္တဲ့ Zhong Guan Cun Forum မွာ “ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၂၆ ရက္ေန႔၊ ေဒသစံေတာ္ခ်ိန္ ၁၁နာရီ ၂၃ မိနစ္တုန္းက ေရာင္းခ်ၿပီး အလုံးေရ သန္း ၁၀၀ တိတိ ျပည့္သြားခဲ့တာျဖစ္တယ္” လို႔ Xiaomi ရဲ႕ CEO Lei Jun က ထုတ္ေဖာ္ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။ Lei Jun ဟာ Xiaomi ရဲ႕ တည္ေထာင္သူျဖစ္သလို တ႐ုတ္လူမ်ိဳးမ်ားဆိုင္ရာ စက္မႈနဲ႔ ကုန္သြယ္ေရးအသင္းခ်ဳပ္ရဲ႕ ဒုတိယ ဥကၠ႒လည္း ျဖစ္ပါတယ္။

Xiaomi ဟာ အခ်ိန္ကာလ အနည္းငယ္အတြင္း လွ်င္ျမန္စြာ ႀကီးထြားလာတဲ့ စမတ္ဖုန္းကုမၸဏီတစ္ခုျဖစ္ပါတယ္။ တ႐ုတ္ျပည္တြင္းမွာလည္း Xiaomi ရဲ႕ျဖန႔္က်က္မႈက ႀကီးမားေနပါၿပီ။ ဒါ့အျပင္ Xiaomi အေနနဲ႔ “နည္းပညာဆန္းသစ္တီထြင္မႈနဲ႔ အရည္အေသြးတိုးတက္မႈေတြအတြက္ ေနာက္လာမယ့္ ႏွစ္ေပါင္းမ်ားစြာတိုင္ အဆက္မျပတ္ ႀကိဳးပမ္းအားထုတ္ေနဦးမွာ ျဖစ္တယ္” လို႔ Lei Jun က အဆိုပါ ဖိုရမ္မွာ ေျပာသြားခဲ့ပါေသးတယ္။

Xiaomi ဟာ တ႐ုတ္ျပည္တြင္းေဈးကြက္မွာ ေျခကုပ္ယူၿပီးတဲ့ေနာက္ ဥေရာပ အပါအဝင္ ႏိုင္ငံတကာေဈးကြက္ဆီကိုလည္း ထိုးေဖာက္ေနၿပီျဖစ္ပါတယ္။ လက္ရွိ ၂၀၁၈ ခုႏွစ္မွာ စမတ္ဖုန္း အမ်ိဳးအစားေပါင္း မ်ားစြာကို ထုတ္လုပ္ေရာင္းခ်ခဲ့တဲ့အနက္ Xiaomi Mi 8 Series ကေတာ့ အေက်ာ္ၾကားဆုံးနဲ႔ ေဈးကြက္အဝင္ဆုံး ျဖစ္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ၂၀၁၈ ကုန္ဆုံးဖို႔ ၂ လတိုင္လိုေသးတဲ့အျပင္ ဒီႏွစ္လမွာလည္း ႀကီးက်ယ္ခမ္းနားတဲ့ ပြဲေတာ္ရက္ေတြ ပါဝင္ေနတာေၾကာင့္ Xiaomi အေနနဲ႔ စံခ်ိန္ေကာင္းေတြကို ထပ္မံရရွိဖို႔ နီးစပ္ေနတယ္လို႔ပဲ ဆိုရမွာ ျဖစ္ပါတယ္။

Ref: gsmarena

[Unicode]

Xiaomi ကတော့ လာမယ့် ၂၀၁၉ မတိုင်မီမှာာ စမတ်ဖုန်းအလုံးရေ သန်း ၁၀၀ ကျော် ရောင်းချဖို့ ပစ်မှတ်ထားနေတယ်လို့ ကြွေးကြော်လိုက်ပါပြီ။ ဘာကြောင့်လဲဆိုတော့ လတ်တလော ထုတ်ပြန်လိုက်တဲ့ စာရင်းမှာတင် ၂၀၁၈ ခုနှစ်ရဲ့ ၁၀ လအတွင်း ရောင်းချခဲ့တဲ့ စမတ်ဖုန်းအလုံးရေပေါင်း ၁၀၀ ပြည့်သွားလို့ပါပဲ။

တရုတ်နိုင်ငံ ပီကင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ Zhong Guan Cun Forum မှာ “ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့၊ ဒေသစံတော်ချိန် ၁၁နာရီ ၂၃ မိနစ်တုန်းက ရောင်းချပြီး အလုံးရေ သန်း ၁၀၀ တိတိ ပြည့်သွားခဲ့တာဖြစ်တယ်” လို့ Xiaomi ရဲ့ CEO Lei Jun က ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ Lei Jun ဟာ Xiaomi ရဲ့ တည်ထောင်သူဖြစ်သလို တရုတ်လူမျိုးများဆိုင်ရာ စက်မှုနဲ့ ကုန်သွယ်ရေးအသင်းချုပ်ရဲ့ ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

Xiaomi ဟာ အချိန်ကာလ အနည်းငယ်အတွင်း လျှင်မြန်စွာ ကြီးထွားလာတဲ့ စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ တရုတ်ပြည်တွင်းမှာလည်း Xiaomi ရဲ့ဖြန့်ကျက်မှုက ကြီးမားနေပါပြီ။ ဒါ့အပြင် Xiaomi အနေနဲ့ “နည်းပညာဆန်းသစ်တီထွင်မှုနဲ့ အရည်အသွေးတိုးတက်မှုတွေအတွက် နောက်လာမယ့် နှစ်ပေါင်းများစွာတိုင် အဆက်မပြတ် ကြိုးပမ်းအားထုတ်နေဦးမှာ ဖြစ်တယ်” လို့ Lei Jun က အဆိုပါ ဖိုရမ်မှာ ပြောသွားခဲ့ပါသေးတယ်။

Xiaomi ဟာ တရုတ်ပြည်တွင်းဈေးကွက်မှာ ခြေကုပ်ယူပြီးတဲ့နောက် ဥရောပ အပါအဝင် နိုင်ငံတကာဈေးကွက်ဆီကိုလည်း ထိုးဖောက်နေပြီဖြစ်ပါတယ်။ လက်ရှိ ၂၀၁၈ ခုနှစ်မှာ စမတ်ဖုန်း အမျိုးအစားပေါင်း များစွာကို ထုတ်လုပ်ရောင်းချခဲ့တဲ့အနက် Xiaomi Mi 8 Series ကတော့ အကျော်ကြားဆုံးနဲ့ ဈေးကွက်အဝင်ဆုံး ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ၂၀၁၈ ကုန်ဆုံးဖို့ ၂ လတိုင်လိုသေးတဲ့အပြင် ဒီနှစ်လမှာလည်း ကြီးကျယ်ခမ်းနားတဲ့ ပွဲတော်ရက်တွေ ပါဝင်နေတာကြောင့် Xiaomi အနေနဲ့ စံချိန်ကောင်းတွေကို ထပ်မံရရှိဖို့ နီးစပ်နေတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

Ref: gsmarena