[Zawgyi]
Xiaomi ကေတာ့ WACOM ဖန္တီးထားတဲ့ Bamboo Slate ေလးကို $115 ေလာက္နဲ႔ေရာင္းခ်ေပးလိုက္ပါျပီ။ဝယ္ယူမယ့္သူေတြအေနနဲ႔ကေတာ့ Amazon တို႔ Youpin Store တို႔ကေန ဝယ္ယူလို႔ရႏုိင္မွာပါ။
Xiaomi Youpin Store ဝဘ္ဆုိဒ္ကေတာ့ Smart Device အမ်ားစုနဲ႔မတူတဲ့ပံုစံနဲ႔ အိမ္သံုးပစၥည္းမ်ိဳးစံုကို တင္ျပီးေရာင္းခ်ေပးေလ့ရိွပါတယ္။
အခုေျပာမယ့္ Xiaomi Bamboo Slate ဆိုတာကေတာ့ ဒီဂ်စ္တယ္မွတ္စုလို႔ပဲ ေျပာရမွာပါ။ ကုိယ္လက္နဲ႔ခ်ေရးလုိက္တဲ့ စာသို႔မဟုတ္ ပံုေတြကို ဒီဂ်စ္တယ္စာေတြပံုေတြအျဖစ္ ေျပာင္းေပးႏုိင္တဲ့ Tablet ေလးပါ။ လက္နဲ႔ေရးလုိက္တဲ့စာေတြပံုေတြက Screen မွာ တစ္ျပိဳက္နက္တည္း တန္းေပၚမွာျဖစ္သလို Edit လုပ္ႏုိင္ Export ထုတ္လို႔ရႏုိင္မွာျဖစ္ပါတယ္။ Export ထုတ္ခ်င္ရင္ေတာ့ JPEG, PNG, PDF စတဲ့ဖိုင္ေတြအေနနဲ႔ထုတ္လို႔ရႏုိင္မွာျဖစ္ပါတယ္။
လွ်ပ္စစ္သံလုိက္နည္းပညာကိုသံုးထားတာျဖစ္ျပီး Device ရဲ႕ေအာက္ခံေပၚမွာ တည္ျငိမ္တိက်တဲ့ သံလိုက္စက္ကြင္းတစ္ခု ဖန္တီးတည္ေဆာက္ထားပါတယ္။ သူ႔ရဲ႕ Pen ေလးရဲ႕ လွ်ပ္စစ္သံလိုက္အားနဲ႔ ေအာက္ကသံလိုက္စက္ကြင္းနဲ႔ေတြ႔တဲ့အခါမွာေတာ့ ကိုယ္ခ်ေရးမွတ္လိုက္တဲ့ စာသားေတြပံုေတြက ဒီဂ်စ္တယ္ Content အျဖစ္ ေျပာင္းလဲသြားေတာ့တာပါပဲ။ အြန္လုိင္း Offline ၂မ်ိဳးလံုးအေနနဲ႔ သိမ္းလို႔ရျပီး Offline သိမ္းခ်င္ရင္ေတာ့ တစ္ၾကိမ္မွာ စာမ်က္ႏွာ ၁၀၀ ေလာက္ပဲ သိမ္းႏိုင္မွာျဖစ္ပါတယ္။
သယ္ရလြယ္ကူေပါ့ပါးျပီး Fabric Design နဲ႔ Pen ေလးပါျပီး ေစ်းႏႈန္းကေတာ့ တရုတ္ယြမ္ ၇၉၉ယြမ္၊ ကန္ေဒၚလာ ၁၁၅ ေလာက္ရိွမွာျဖစ္ပါတယ္။
[Unicode]
Xiaomi ကတော့ WACOM ဖန်တီးထားတဲ့ Bamboo Slate လေးကို $115 လောက်နဲ့ရောင်းချပေးလိုက်ပါပြီ။ဝယ်ယူမယ့်သူတွေအနေနဲ့ကတော့ Amazon တို့ Youpin Store တို့ကနေ ဝယ်ယူလို့ရနိုင်မှာပါ။
Xiaomi Youpin Store ဝဘ်ဆိုဒ်ကတော့ Smart Device အများစုနဲ့မတူတဲ့ပုံစံနဲ့ အိမ်သုံးပစ္စည်းမျိုးစုံကို တင်ပြီးရောင်းချပေးလေ့ရှိပါတယ်။
အခုပြောမယ့် Xiaomi Bamboo Slate ဆိုတာကတော့ ဒီဂျစ်တယ်မှတ်စုလို့ပဲ ပြောရမှာပါ။ ကိုယ်လက်နဲ့ချရေးလိုက်တဲ့ စာသို့မဟုတ် ပုံတွေကို ဒီဂျစ်တယ်စာတွေပုံတွေအဖြစ် ပြောင်းပေးနိုင်တဲ့ Tablet လေးပါ။ လက်နဲ့ရေးလိုက်တဲ့စာတွေပုံတွေက Screen မှာ တစ်ပြိုက်နက်တည်း တန်းပေါ်မှာဖြစ်သလို Edit လုပ်နိုင် Export ထုတ်လို့ရနိုင်မှာဖြစ်ပါတယ်။ Export ထုတ်ချင်ရင်တော့ JPEG, PNG, PDF စတဲ့ဖိုင်တွေအနေနဲ့ထုတ်လို့ရနိုင်မှာဖြစ်ပါတယ်။
လျှပ်စစ်သံလိုက်နည်းပညာကိုသုံးထားတာဖြစ်ပြီး Device ရဲ့အောက်ခံပေါ်မှာ တည်ငြိမ်တိကျတဲ့ သံလိုက်စက်ကွင်းတစ်ခု ဖန်တီးတည်ဆောက်ထားပါတယ်။ သူ့ရဲ့ Pen လေးရဲ့ လျှပ်စစ်သံလိုက်အားနဲ့ အောက်ကသံလိုက်စက်ကွင်းနဲ့တွေ့တဲ့အခါမှာတော့ ကိုယ်ချရေးမှတ်လိုက်တဲ့ စာသားတွေပုံတွေက ဒီဂျစ်တယ် Content အဖြစ် ပြောင်းလဲသွားတော့တာပါပဲ။ အွန်လိုင်း Offline ၂မျိုးလုံးအနေနဲ့ သိမ်းလို့ရပြီး Offline သိမ်းချင်ရင်တော့ တစ်ကြိမ်မှာ စာမျက်နှာ ၁၀၀ လောက်ပဲ သိမ်းနိုင်မှာဖြစ်ပါတယ်။
သယ်ရလွယ်ကူပေါ့ပါးပြီး Fabric Design နဲ့ Pen လေးပါပြီး ဈေးနှုန်းကတော့ တရုတ်ယွမ် ၇၉၉ယွမ်၊ ကန်ဒေါ်လာ ၁၁၅ လောက်ရှိမှာဖြစ်ပါတယ်။