Nubia Red Magic Mars စမတ္ဖုန္းအသစ္အတြက္ မိတ္ဆက္မယ့္ရက္ကိုေတာ့ အတည္ျပဳလုိက္ပါျပီ။ Pacific Rim ထဲက Jaeger စက္ရုပ္ၾကီးပုံနဲ႔ Theme ယူထားတဲ့ ပုံရိပ္မွာ Nubia ရဲ႕ ဒုတိယေျမာက္ Gaming စမတ္ဖုန္းအမည္ကို “Mars” လို႔ေခၚေၾကာင္း အတည္ျပဳေပးခဲ့သလုိ ႏုိဝင္ဘာ ၂၈ ရက္ကိုလည္း ထြက္ရွိရက္အျဖစ္ ေၾကျငာလိုက္ပါတယ္။ ေနာက္အပတ္ ဗုဒၶဟူးေန႔မွာ Red Magic Mars ဖုန္းကို ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။

Mars စမတ္ဖုန္းအေၾကာင္းကို သိပ္ေတာ့ မၾကားထားပါဘူး။ 10GB RAM မန္မုိရီကိုေတာ့ တရားဝင္ Tease လုပ္ထားခဲ့ျပီး Shoulder Button ေတြပါဝင္လာမယ္ ဆုိတဲ့ သတင္းေၾကာင့္ ကြန္ဆုိးဂိမ္းလက္ကုိင္ တစ္ခုကို ကိုင္ေဆာ့ရတဲ့ ရသမ်ဳိးလည္း ရရွိႏုိင္မယ္လို႔ ယူဆရတယ္။

Geekbench နဲ႔ AnTuTu တုိ႔ေပၚက Benchmark ရလဒ္အခ်ဳိ႕လည္း ထြက္ေပၚလာခဲ့ျပီး အခ်က္အလက္ အနည္းငယ္ကို စပ္စုခြင့္ေတာ့ ရခဲ့ပါတယ္။ Chipset ကို Snapdragon 845 အသုံးျပဳထားတဲ့အတြက္ Razer, Asus နဲ႔ Xiaomi တုိ႔ရဲ႕ ေနာက္ဆုံးေပၚ Gaming စမတ္ဖုန္းေတြကိုေတာ့ ယွဥ္ျပိဳင္ႏုိင္မွာပါ။ မူလ Red Magic ဖုန္းကို Snapdragon 835 ခ်စ္ပ္နဲ႔ ထုတ္လုပ္ခဲ့တာကိုလည္း သတိရစရာပါပဲ။

ဘာပဲျဖစ္ျဖစ္ Geekbench မွာျမင္ရတဲ့ ဖုန္းမွာ 6GB RAM မန္မုိရီကိုသာ ေတြ႕ခဲ့ရသလို AnTuTu ဆုိက္ေပၚမွာေတာ့ 8GB RAM ျဖစ္ေနပါတယ္။ ေၾကျငာထားတဲ့ 10GB ဗားရွင္းကို မေတြ႕ရေသးပါဘူး။ Display ကေတာ့ ေျပာင္းလဲမႈမရွိဘဲ 1080x2160p Resolution နဲ႔ Wide-Screen မွာ Notch မပါဘဲ လြတ္လပ္စြာ ဂိမ္းေဆာ့ကစားႏုိင္မွာ ျဖစ္ပါတယ္။

ထို႔အတူ Geekbench မွာ Android 9.0 Pie OS နဲ႔ျပလာတဲ့အတြက္ ဖုန္းအသစ္မွာ ေနာက္ဆုံးေပၚ Android ဗားရွင္းကို ျမင္ေတြ႕ရဖို႔ ေမွ်ာ္လင့္ရပါတယ္။ Nubia Red Magic Mars အတြက္ ေကာလဟလ သတင္းအခ်ဳိ႕လည္း ထြက္ေပၚလာျပီး Asus ROG ဖုန္းမွာ Add-on အျဖစ္ ပန္ကာႏွစ္လုံး ပါသလို Dual Cooling စနစ္ တစ္ခုခု ပါဝင္လာမယ္လို႔ ဆုိေနတယ္။

Ref – GSM Arena

Unicode

Nubia Red Magic Mars စမတ်ဖုန်းအသစ်အတွက် မိတ်ဆက်မယ့်ရက်ကိုတော့ အတည်ပြုလိုက်ပါပြီ။ Pacific Rim ထဲက Jaeger စက်ရုပ်ကြီးပုံနဲ့ Theme ယူထားတဲ့ ပုံရိပ်မှာ Nubia ရဲ့ ဒုတိယမြောက် Gaming စမတ်ဖုန်းအမည်ကို “Mars” လို့ခေါ်ကြောင်း အတည်ပြုပေးခဲ့သလို နိုဝင်ဘာ ၂၈ ရက်ကိုလည်း ထွက်ရှိရက်အဖြစ် ကြေငြာလိုက်ပါတယ်။ နောက်အပတ် ဗုဒ္ဓဟူးနေ့မှာ Red Magic Mars ဖုန်းကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Mars စမတ်ဖုန်းအကြောင်းကို သိပ်တော့ မကြားထားပါဘူး။ 10GB RAM မန်မိုရီကိုတော့ တရားဝင် Tease လုပ်ထားခဲ့ပြီး Shoulder Button တွေပါဝင်လာမယ် ဆိုတဲ့ သတင်းကြောင့် ကွန်ဆိုးဂိမ်းလက်ကိုင် တစ်ခုကို ကိုင်ဆော့ရတဲ့ ရသမျိုးလည်း ရရှိနိုင်မယ်လို့ ယူဆရတယ်။

Geekbench နဲ့ AnTuTu တို့ပေါ်က Benchmark ရလဒ်အချို့လည်း ထွက်ပေါ်လာခဲ့ပြီး အချက်အလက် အနည်းငယ်ကို စပ်စုခွင့်တော့ ရခဲ့ပါတယ်။ Chipset ကို Snapdragon 845 အသုံးပြုထားတဲ့အတွက် Razer, Asus နဲ့ Xiaomi တို့ရဲ့ နောက်ဆုံးပေါ် Gaming စမတ်ဖုန်းတွေကိုတော့ ယှဉ်ပြိုင်နိုင်မှာပါ။ မူလ Red Magic ဖုန်းကို Snapdragon 835 ချစ်ပ်နဲ့ ထုတ်လုပ်ခဲ့တာကိုလည်း သတိရစရာပါပဲ။

ဘာပဲဖြစ်ဖြစ် Geekbench မှာမြင်ရတဲ့ ဖုန်းမှာ 6GB RAM မန်မိုရီကိုသာ တွေ့ခဲ့ရသလို AnTuTu ဆိုက်ပေါ်မှာတော့ 8GB RAM ဖြစ်နေပါတယ်။ ကြေငြာထားတဲ့ 10GB ဗားရှင်းကို မတွေ့ရသေးပါဘူး။ Display ကတော့ ပြောင်းလဲမှုမရှိဘဲ 1080x2160p Resolution နဲ့ Wide-Screen မှာ Notch မပါဘဲ လွတ်လပ်စွာ ဂိမ်းဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

ထို့အတူ Geekbench မှာ Android 9.0 Pie OS နဲ့ပြလာတဲ့အတွက် ဖုန်းအသစ်မှာ နောက်ဆုံးပေါ် Android ဗားရှင်းကို မြင်တွေ့ရဖို့ မျှော်လင့်ရပါတယ်။ Nubia Red Magic Mars အတွက် ကောလဟလ သတင်းအချို့လည်း ထွက်ပေါ်လာပြီး Asus ROG ဖုန်းမှာ Add-on အဖြစ် ပန်ကာနှစ်လုံး ပါသလို Dual Cooling စနစ် တစ်ခုခု ပါဝင်လာမယ်လို့ ဆိုနေတယ်။

Ref – GSM Arena