[Zawgyi]

Wall Street Journal ရဲ႕ ေဖာ္ျပခ်က္အရ Apple ဟာ ၂၀၂၀ ထုတ္ iPhone ေတြအားလုံးကို OLED ပဲ အသုံးျပဳေတာ့မယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ iPhone XR ဟာ LCD သုံးထားတဲ့ ေနာက္ဆုံး iPhone ျဖစ္သြားႏိုင္ပါတယ္။ ေျပာရရင္ေတာ့ ဒီ ၂၀၁၉ ထဲမွာ ဆက္ထုတ္မယ့္ iPhone XR ေတြမွာပဲ LCD Display ကို ေတြ႕ျမင္ရေတာ့မွာပါ။

Apple အေနနဲ႔ အခုလိုမ်ိဳး OLED iPhone ေတြအျဖစ္ ေျပာင္းလဲဖို႔ ဆုံးျဖတ္လိုက္ျခင္းေၾကာင့္ ဒီဇိုင္းပိုင္းမွာ ပိုၿပီးေတာ့ ေျပာင္းလြယ္ျပင္လြယ္ျဖစ္ၿပီး အသုံးျပဳရတာလည္း ပိုၿပီးသက္ေသာင့္သက္သာရွိမယ့္ Handset ေတြကို ထုတ္လုပ္ႏိုင္သြားလိမ့္မယ္လို႔ ဆိုပါတယ္။

ဒီဇိုင္းပိုင္းေျပာင္းလြယ္ျပင္လြယ္ ဆိုတဲ့အသုံးအႏႈန္းဟာ၂၀၂၀ မွာ ေရာင္းခ်မယ့္ Foldable iPhone အျပင္ 5G version iPhone ေတြနဲ႔လည္း ဆက္ႏြယ္ေနတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ျဖစ္ႏိုင္ေျခအရွိဆုံးကေတာ့ Foldable iPhone ပါပဲ။ အမ်ားနဲ႔မတူတဲ့ Foldable Style ကို ယူေဆာင္လာမယ္လို႔လည္း Apple က ႂကြားထားၿပီးသား ျဖစ္သလို အတြင္းေရာအျပင္ပါ ေခါက္လို႔ရတဲ့ Foldable iPhone လို႔လည္း သတင္းေတြထြက္ေနၿပီးသား ျဖစ္ပါတယ္။

Apple ဟာ iPhone XR မွာ LCD အသုံးျပဳထားေပမယ့္ ဖန္တီးမႈပိုင္းမွာေရာ အရည္အေသြးပိုင္းမွာပါ စိတ္တိုင္းက်စရာေတြ သိပ္မရရွိခဲ့ပါဘူး။ သိတဲ့အတိုင္း iPhone XR ဟာ ေဈးနည္းေပမယ့္ XS နဲ႔ XS Max တို႔ေလာက္ ေရာင္းမစြံခဲ့ပါဘူး။ ၂၀၁၉ ထုတ္ iPhone XR ေတြဟာ LCD ေတြနဲ႔ဆိုေပမယ့္ Dual camera နဲ႔ ပိုျမန္တဲ့ LTE ကိုရယူသုံးစြဲႏိုင္မယ္လို႔လည္း Wall Street Journal က ေဖာ္ျပထားပါေသးတယ္။

Ref: GSMArena

[Unicode]

၂၀၂၀ ထုတ် iPhone တွေအားလုံးကို OLED ပဲ သုံးတော့မယ့် Apple

Wall Street Journal ရဲ့ ဖော်ပြချက်အရ Apple ဟာ ၂၀၂၀ ထုတ် iPhone တွေအားလုံးကို OLED ပဲ အသုံးပြုတော့မယ်လို့ သိရပါတယ်။ ဒါကြောင့် iPhone XR ဟာ LCD သုံးထားတဲ့ နောက်ဆုံး iPhone ဖြစ်သွားနိုင်ပါတယ်။ ပြောရရင်တော့ ဒီ ၂၀၁၉ ထဲမှာ ဆက်ထုတ်မယ့် iPhone XR တွေမှာပဲ LCD Display ကို တွေ့မြင်ရတော့မှာပါ။

Apple အနေနဲ့ အခုလိုမျိုး OLED iPhone တွေအဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ခြင်းကြောင့် ဒီဇိုင်းပိုင်းမှာ ပိုပြီးတော့ ပြောင်းလွယ်ပြင်လွယ်ဖြစ်ပြီး အသုံးပြုရတာလည်း ပိုပြီးသက်သောင့်သက်သာရှိမယ့် Handset တွေကို ထုတ်လုပ်နိုင်သွားလိမ့်မယ်လို့ ဆိုပါတယ်။

ဒီဇိုင်းပိုင်းပြောင်းလွယ်ပြင်လွယ် ဆိုတဲ့အသုံးအနှုန်းဟာ၂၀၂၀ မှာ ရောင်းချမယ့် Foldable iPhone အပြင် 5G version iPhone တွေနဲ့လည်း ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအရှိဆုံးကတော့ Foldable iPhone ပါပဲ။ အများနဲ့မတူတဲ့ Foldable Style ကို ယူဆောင်လာမယ်လို့လည်း Apple က ကြွားထားပြီးသား ဖြစ်သလို အတွင်းရောအပြင်ပါ ခေါက်လို့ရတဲ့ Foldable iPhone လို့လည်း သတင်းတွေထွက်နေပြီးသား ဖြစ်ပါတယ်။

Apple ဟာ iPhone XR မှာ LCD အသုံးပြုထားပေမယ့် ဖန်တီးမှုပိုင်းမှာရော အရည်အသွေးပိုင်းမှာပါ စိတ်တိုင်းကျစရာတွေ သိပ်မရရှိခဲ့ပါဘူး။ သိတဲ့အတိုင်း iPhone XR ဟာ ဈေးနည်းပေမယ့် XS နဲ့ XS Max တို့လောက် ရောင်းမစွံခဲ့ပါဘူး။ ၂၀၁၉ ထုတ် iPhone XR တွေဟာ LCD တွေနဲ့ဆိုပေမယ့် Dual camera နဲ့ ပိုမြန်တဲ့ LTE ကိုရယူသုံးစွဲနိုင်မယ်လို့လည်း Wall Street Journal က ဖော်ပြထားပါသေးတယ်။

Ref: GSMArena