[Zawgyi]

Apple အေနနဲ႔ System-wide Dark Mode ( System တစ္ခုလုံးကို အမဲေရာင္ ခ်ယ္သထားေသာ User Interface ) ကို iOS 13 မွာ ထည့္သြင္းဖို႔ လုပ္ေဆာင္ေနၿပီ ျဖစ္ေၾကာင္း Bloomberg သတင္းဌာနရဲ႕ အဆိုမ်ားအရ သိရပါတယ္။ iOS 13 ကိုေတာ့ ၂၀၁၉ခုႏွစ္ စက္တင္ဘာလထဲမွာ မိတ္ဆက္သြားႏိုင္တဲ့ မ်ိဴးဆက္သစ္ iPhone ေတြနဲ႔အတူ ပြဲထုတ္လာႏိုင္ပါတယ္။

Apple ဟာ iOS အတြက္ System-wide Dark Mode ကို အသုံးမျပဳရေသးေပမယ့္ Dark Themes ကိုေတာ့ တခ်ိဴ႕ေနရာေတြမွာ ထည့္သြင္းအသုံးျပဳထားၿပီး ျဖစ္ပါတယ္။ Apple Watch ေတြမွာဆိုရင္ Dark Mode ကို တခါတည္း ထည့္သြင္းအသုံးျပဳထားတာပါ။ ဒါ့အျပင္ Apple TV ေတြမွာလည္း Home Screen နဲ႔ တခ်ိဴ႕ေသာ Apps ေတြကို အမဲေရာင္ဒီဇိုင္း ေျပာင္းလဲေပးႏိုင္မယ့္ Dark Themes ကို ေ႐ြးခ်ယ္အသုံးျပဳႏိုင္ပါတယ္။

Apple အေနနဲ႔ Mac ေတြအတြက္ Dark Mode ကိုေတာ့ လြန္ခဲ့တဲ့ႏွစ္က ထြက္ရွိခဲ့တဲ့ macOS Mojave Update မွာ ထည့္သြင္းေပးခဲ့ပါတယ္။ macOS Mojave မွာဆိုရင္ System တစ္ခုလုံးကို အမဲေရာင္ ခ်ယ္သထား႐ုံသာမက Apple Apps ေတြနဲ႔ တျခား Third-party Apps ေတြကိုပါ အမဲေရာင္ျခယ္သေပးႏိုင္ပါတယ္။

Dark Mode ကို အသုံးျပဳျခင္းအားျဖင့္ ဒီဇိုင္းအပိုင္းမွာ အျမင္ဆန္းေစသလို မ်က္လုံးထိခိုက္မႈကိုလည္း ေလ်ာ့နည္းေစပါတယ္။ OLED Display ေတြမွာဆိုရင္ ဘက္ထရီအားကိုပါ ၾကာရွည္ခံေအာင္ ျပဳလုပ္ေပးႏိုင္ပါတယ္။

Ref : 9To5Mac

[Unicode]

Apple iOS 13 မှာ System-wide Dark Mode ပါဝင်လာနိုင်

Apple အနေနဲ့ System-wide Dark Mode ( System တစ်ခုလုံးကို အမဲရောင် ချယ်သထားသော User Interface ) ကို iOS 13 မှာ ထည့်သွင်းဖို့ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း Bloomberg သတင်းဌာနရဲ့ အဆိုများအရ သိရပါတယ်။ iOS 13 ကိုတော့ ၂၀၁၉ခုနှစ် စက်တင်ဘာလထဲမှာ မိတ်ဆက်သွားနိုင်တဲ့ မျိူးဆက်သစ် iPhone တွေနဲ့အတူ ပွဲထုတ်လာနိုင်ပါတယ်။

Apple ဟာ iOS အတွက် System-wide Dark Mode ကို အသုံးမပြုရသေးပေမယ့် Dark Themes ကိုတော့ တချိူ့နေရာတွေမှာ ထည့်သွင်းအသုံးပြုထားပြီး ဖြစ်ပါတယ်။ Apple Watch တွေမှာဆိုရင် Dark Mode ကို တခါတည်း ထည့်သွင်းအသုံးပြုထားတာပါ။ ဒါ့အပြင် Apple TV တွေမှာလည်း Home Screen နဲ့ တချိူ့သော Apps တွေကို အမဲရောင်ဒီဇိုင်း ပြောင်းလဲပေးနိုင်မယ့် Dark Themes ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

Apple အနေနဲ့ Mac တွေအတွက် Dark Mode ကိုတော့ လွန်ခဲ့တဲ့နှစ်က ထွက်ရှိခဲ့တဲ့ macOS Mojave Update မှာ ထည့်သွင်းပေးခဲ့ပါတယ်။ macOS Mojave မှာဆိုရင် System တစ်ခုလုံးကို အမဲရောင် ချယ်သထားရုံသာမက Apple Apps တွေနဲ့ တခြား Third-party Apps တွေကိုပါ အမဲရောင်ခြယ်သပေးနိုင်ပါတယ်။

Dark Mode ကို အသုံးပြုခြင်းအားဖြင့် ဒီဇိုင်းအပိုင်းမှာ အမြင်ဆန်းစေသလို မျက်လုံးထိခိုက်မှုကိုလည်း လျော့နည်းစေပါတယ်။ OLED Display တွေမှာဆိုရင် ဘက်ထရီအားကိုပါ ကြာရှည်ခံအောင် ပြုလုပ်ပေးနိုင်ပါတယ်။

Ref : 9To5Mac