[Zawgyi]

LG G8 ThinQ ကို လာမယ့္ MWC 2019 မွာ ပါဝင္ျပသမယ္လို႔ သတင္းထြက္ၿပီးတဲ့ေနာက္ ဖုန္းနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြ ေပါက္ၾကားလာမႈက တစ္ျဖည္းျဖည္းစိပ္လာပါတယ္။ Selfie ကင္မရာမွာ TOF Sensor (Time of Flight) နဲ႔ ျဖစ္မယ္၊ Earpiece Speaker ေတြမပါေတာ့ဘဲ မ်က္ႏွာျပင္တုန္ခါမႈကေန အသံထုတ္လႊတ္ေပးမယ္ ဆိုတဲ့ အခ်က္ေတြလည္း ပူပူေႏြးေႏြးေပါက္ၾကားခဲ့ၿပီး ျဖစ္ပါတယ္။

LG G8 ThinQ နဲ႔ပတ္သက္တဲ့ အခ်က္အလက္ အေတာ္မ်ားမ်ားက ေပါက္ၾကားခဲ့ၿပီး အခုထိ မေတြ႕ရေသးတဲ့ ပုံရိပ္အစစ္အမွန္ကေတာ့ Evan Blass @evleaks ေၾကာင့္ ထြက္ေပၚလာခဲ့ၿပီျဖစ္ပါတယ္။ Evan Blass ထုတ္ျပလိုက္တဲ့ ဒီပုံရိပ္ေတြဟာ LG G8 ThinQ အတြက္ တရားဝင္ျပဳလုပ္ထားတဲ့ Renders ေတြလို႔ ယူဆရပါတယ္။

ထြက္ေပၚလာတဲ့ Renders ကိုၾကည့္ရေတာ့ LG G8 ThinQ ဟာ V40 ThinQ နဲ႔ ဆင္တူတယ္လို႔ မွတ္ခ်က္ခ်ရမွာ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ပိုင္းကိုၾကည့္ရင္လည္းG8 ဟာ V40 နဲ႔ ဆင္တူပါတယ္။ မတူတာဆိုလို႔ V40 က အေရွ႕ Selfie ကင္မရာ တစ္လုံးတည္းပါၿပီး LG G8 ThinQ ကေတာ့ ႏွစ္လုံးပါဝင္လာတာပါ။

ေက်ာျပင္ဘက္ကလည္း ေမွ်ာ္လင့္ထားတဲ့အတိုင္းပါပဲ။ ေဘးခ်င္းယွဥ္ထားတဲ့ ကင္မရာႏွစ္လုံးရယ္ သူတို႔ေအာက္မွာ ရွိေနတဲ့ Fingerprint Scanner ကိုလည္း ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ရပါတယ္။ ေအာက္ဘက္မွာလည္း 3.5mm audio jack ကို ေတြ႕ျမင္ရပါတယ္။ သိပ္ၿပီးရွင္းရွင္းလင္းလင္း မသိရတာကေတာ့ Speaker ဟာ Stereo ျဖစ္ေနၿပီလား၊ ဒါမွမဟုတ္ Mono ပဲ ျဖစ္ေနတုန္းလားဆိုတာပါ။

Ref: GSMArena

[Unicode]

LG G8 ThinQ ရဲ့ တရားဝင် Renders လို့ယူဆရတဲ့ပုံရိပ် ထွက်ပေါ်လာပြီ

LG G8 ThinQ ကို လာမယ့် MWC 2019 မှာ ပါဝင်ပြသမယ်လို့ သတင်းထွက်ပြီးတဲ့နောက် ဖုန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ပေါက်ကြားလာမှုက တစ်ဖြည်းဖြည်းစိပ်လာပါတယ်။ Selfie ကင်မရာမှာ TOF Sensor (Time of Flight) နဲ့ ဖြစ်မယ်၊ Earpiece Speaker တွေမပါတော့ဘဲ မျက်နှာပြင်တုန်ခါမှုကနေ အသံထုတ်လွှတ်ပေးမယ် ဆိုတဲ့ အချက်တွေလည်း ပူပူနွေးနွေးပေါက်ကြားခဲ့ပြီး ဖြစ်ပါတယ်။

LG G8 ThinQ နဲ့ပတ်သက်တဲ့ အချက်အလက် အတော်များများက ပေါက်ကြားခဲ့ပြီး အခုထိ မတွေ့ရသေးတဲ့ ပုံရိပ်အစစ်အမှန်ကတော့ Evan Blass @evleaks ကြောင့် ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ Evan Blass ထုတ်ပြလိုက်တဲ့ ဒီပုံရိပ်တွေဟာ LG G8 ThinQ အတွက် တရားဝင်ပြုလုပ်ထားတဲ့ Renders တွေလို့ ယူဆရပါတယ်။

ထွက်ပေါ်လာတဲ့ Renders ကိုကြည့်ရတော့ LG G8 ThinQ ဟာ V40 ThinQ နဲ့ ဆင်တူတယ်လို့ မှတ်ချက်ချရမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ပိုင်းကိုကြည့်ရင်လည်းG8 ဟာ V40 နဲ့ ဆင်တူပါတယ်။ မတူတာဆိုလို့ V40 က အရှေ့ Selfie ကင်မရာ တစ်လုံးတည်းပါပြီး LG G8 ThinQ ကတော့ နှစ်လုံးပါဝင်လာတာပါ။

ကျောပြင်ဘက်ကလည်း မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဘေးချင်းယှဉ်ထားတဲ့ ကင်မရာနှစ်လုံးရယ် သူတို့အောက်မှာ ရှိနေတဲ့ Fingerprint Scanner ကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါတယ်။ အောက်ဘက်မှာလည်း 3.5mm audio jack ကို တွေ့မြင်ရပါတယ်။ သိပ်ပြီးရှင်းရှင်းလင်းလင်း မသိရတာကတော့ Speaker ဟာ Stereo ဖြစ်နေပြီလား၊ ဒါမှမဟုတ် Mono ပဲ ဖြစ်နေတုန်းလားဆိုတာပါ။

Ref: GSMArena