[Zawgyi]

Samsung ဟာ ၿပီးခဲ့တဲ့ တစ္ပါတ္ကပဲ သူတို႔ရဲ႕ Galaxy မ်ိဳးဆက္သစ္ေတြကို အံ့မခန္းထုတ္ေဖာ္ေၾကညာခဲ့ၿပီး ျဖစ္ပါတယ္။ ဒါေပမယ့္ ကိုရီးယား စမတ္ဖုန္းကုမၸဏီႀကီးဟာ ၂၀၁၉ ႏွစ္ဦးပိုင္းအတြက္ ထုတ္ျပစရာ အေၾကာင္းအရာ အခ်ိဳ႕ကိုေတာ့ ခ်န္လွပ္ထားခဲ့ပါေသးတယ္။

Galaxy A50 နဲ႔ Galaxy A30 လို႔ေခၚတဲ့ စမတ္ဖုန္းႏွစ္လုံးဟာ အေရးပါတဲ့ Feature ေတြေပၚအဓိကထားၿပီး အဆင့္ျမႇင့္တင္ထားတဲ့ Galaxy A Series ရဲ႕ မ်ိဳးဆက္သစ္ဖုန္းေတြပဲ ျဖစ္ပါတယ္။ Samsung ကေတာ့ Ecosystem ကို ပိုမိုတိုးတက္ေစၿပီး ကြာဟမႈေတြကို ေလွ်ာ့ခ်ႏိုင္တယ္လို႔ အစဥ္တစ္စိုက္ ေျပာလာခဲ့တာပါ။

ၿပီးခဲ့တဲ့ႏွစ္ေတြကစၿပီး လူေတြရဲ႕အႀကိဳက္ဟာ ႀကီးမားက်ယ္ျပန္တဲ့ မ်က္ႏွာျပင္ေပၚကိုလည္း ေရာက္ရွိခဲ့ၾကပါတယ္။ Samsung က ဒါကို ေကာင္းစြာ သိနားလည္ထားတဲ့အေလ်ာက္ A50 နဲ႔ A30 တို႔ကို ႀကီးမားတဲ့ AMOLED မ်က္ႏွာျပင္တပ္ဆင္ေပးထားပါတယ္။ ဒါ့အျပင္ မ်က္ႏွာျပင္ပိုမိုက်ယ္ျပန႔္ေစဖို႔ Infinity-U Notch ကို အသုံးျပဳထားတာလည္း ျဖစ္ပါတယ္။

A50 နဲ႔ A30 တို႔ဟာ Mid-Rangers ေတြ ျဖစ္ၾကေပမယ့္ 6.4-inch Super AMOLED Infinity-U Display ေတြကိုယ္စီနဲ႔ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ Chin နဲ႔ ေဘးေဘာင္ေတြဟာ ပုံမွန္ထက္ေသးငယ္ပါးလ်ၾကတာ အမွန္ပါပဲ။ U ပုံစံ Notch ထဲမွာေတာ့ A50 ဟာ 25MP နဲ႔ A30 ကေတာ့ 16MP Selfie ကင္မရာေတြ ကိုယ္စီ ျမႇဳပ္ႏွံထားၾကပါတယ္။

AI စြမ္းေဆာင္ခ်က္ေတြ မရွိမျဖစ္လိုအပ္လာတဲ့ ေခတ္မွာ Samsung ကလည္း ေနာက္က်မက်န္ခဲ့ပါဘူး။ A50 နဲ႔ A30 ေတြဟာ AI စြမ္းေဆာင္ရည္ကိုယ္စီနဲ႔ ျဖစ္ပါတယ္။ A50 ဟာ အဓိက ကင္မရာျဖစ္တဲ့ 25MP, f/1.7 ကို 8MP (Ultra-wide) နဲ႔တြဲဖက္ၿပီး 5MP (Depth Sensor) ရဲ႕ ေထာက္ပံ့မႈကိုလည္း ရယူထားပါေသးတယ္။

ဘက္ထရီပိုင္းနဲ႔ ပတ္သက္ၿပီး A50 နဲ႔ A30 ႏွစ္မ်ိဳးစလုံးဟာ 4,000mAh ေတြပဲမို႔ အားရစရာေကာင္းတယ္လို႔ ဆိုရမွာပါ။ A50 ဟာ Exynos 9610 SoC သုံးထားၿပီး A30 ကေတာ့ Exynos 7904 သုံးထားပါတယ္။ A50 ဟာ 4/64GB ဒါမွမဟုတ္ 6/128GB အတြဲအဖက္ေတြနဲ႔ ထြက္လာမွာ ျဖစ္သလို A30 ကေတာ့ 4/64GB နဲ႔ထြက္လာမယ္လို႔ သိရပါတယ္။

Ref: Phone Arena

[Unicode]

Infinity-U SuperAMOLED Display တွေနဲ့ ပွဲထွက်လာတဲ့ Samusng Galaxy A50 နဲ့ A30

Samsung ဟာ ပြီးခဲ့တဲ့ တစ်ပါတ်ကပဲ သူတို့ရဲ့ Galaxy မျိုးဆက်သစ်တွေကို အံ့မခန်းထုတ်ဖော်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကိုရီးယား စမတ်ဖုန်းကုမ္ပဏီကြီးဟာ ၂၀၁၉ နှစ်ဦးပိုင်းအတွက် ထုတ်ပြစရာ အကြောင်းအရာ အချို့ကိုတော့ ချန်လှပ်ထားခဲ့ပါသေးတယ်။

Galaxy A50 နဲ့ Galaxy A30 လို့ခေါ်တဲ့ စမတ်ဖုန်းနှစ်လုံးဟာ အရေးပါတဲ့ Feature တွေပေါ်အဓိကထားပြီး အဆင့်မြှင့်တင်ထားတဲ့ Galaxy A series ရဲ့ မျိုးဆက်သစ်ဖုန်းတွေပဲ ဖြစ်ပါတယ်။ Samsung ကတော့ Ecosystem ကို ပိုမိုတိုးတက်စေပြီး ကွာဟမှုတွေကို လျှော့ချနိုင်တယ်လို့ အစဉ်တစ်စိုက် ပြောလာခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်တွေကစပြီး လူတွေရဲ့အကြိုက်ဟာ ကြီးမားကျယ်ပြန်တဲ့ မျက်နှာပြင်ပေါ်ကိုလည်း ရောက်ရှိခဲ့ကြပါတယ်။ Samsung က ဒါကို ကောင်းစွာ သိနားလည်ထားတဲ့အလျောက် A50 နဲ့ A30 တို့ကို ကြီးမားတဲ့ AMOLED မျက်နှာပြင်တပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင် မျက်နှာပြင်ပိုမိုကျယ်ပြန့်စေဖို့ Infinity-U Notch ကို အသုံးပြုထားတာလည်း ဖြစ်ပါတယ်။

A50 နဲ့ A30 တို့ဟာ Mid-rangers တွေ ဖြစ်ကြပေမယ့် 6.4-inch Super AMOLED Infinity-U display တွေကိုယ်စီနဲ့ ဖြစ်ပါတယ်။ ဒါ့ကြောင့် Chin နဲ့ ဘေးဘောင်တွေဟာ ပုံမှန်ထက်သေးငယ်ပါးလျကြတာ အမှန်ပါပဲ။ U ပုံစံ Notch ထဲမှာတော့ A50 ဟာ 25MP နဲ့ A30 ကတော့ 16MP Selfie ကင်မရာတွေ ကိုယ်စီ မြှုပ်နှံထားကြပါတယ်။

AI စွမ်းဆောင်ချက်တွေ မရှိမဖြစ်လိုအပ်လာတဲ့ ခေတ်မှာ Samsung ကလည်း နောက်ကျမကျန်ခဲ့ပါဘူး။ A50 နဲ့ A30 တွေဟာ AI စွမ်းဆောင်ရည်ကိုယ်စီနဲ့ ဖြစ်ပါတယ်။ A50 ဟာ အဓိက ကင်မရာဖြစ်တဲ့ 25MP, f/1.7 ကို 8MP (ultra wide) နဲ့တွဲဖက်ပြီး 5MP (depth sensor) ရဲ့ ထောက်ပံ့မှုကိုလည်း ရယူထားပါသေးတယ်။

ဘက်ထရီပိုင်းနဲ့ ပတ်သက်ပြီး A50 နဲ့ A30 နှစ်မျိုးစလုံးဟာ 4,000mAh တွေပဲမို့ အားရစရာကောင်းတယ်လို့ ဆိုရမှာပါ။ A50 ဟာ Exynos 9610 SoC သုံးထားပြီး A30 ကတော့ Exynos 7904 သုံးထားပါတယ်။ A50 ဟာ 4/64GB ဒါမှမဟုတ် 6/128GB အတွဲအဖက်တွေနဲ့ ထွက်လာမှာ ဖြစ်သလို A30 ကတော့ 4/64GB နဲ့ထွက်လာမယ်လို့ သိရပါတယ်။

Ref: Phone Arena