[Zawgyi]

ေဟာင္ေကာင္မွာ က်င္းပခဲ့တဲ့ Event မွာ Vivo က သူတို႔ရဲ႕ Apex 2019 concept phone ကို ျပသသြားခဲ့ပါတယ္။ အနာဂတ္မွာ ထုတ္လုပ္ေရာင္းခ်ဖို႔ ျပင္ဆင္ေနတဲ့ ဒီစမတ္ဖုန္းမွာ Port ေတြလုံးဝမပါသလို Physical Button ကိုလည္း မေတြ႕ရပါဘူး။

Apex 2019 concept phone ဟာ 5G ခ်ိတ္ဆက္အသုံးျပဳႏိုင္ၿပီး Fingerprint လည္း ပါဝင္ေပမယ့္ အားလုံးဟာ မ်က္ႏွာျပင္ေပၚမွာပဲ အလုပ္လုပ္တာကို ျပသသြားခဲ့တာ ျဖစ္ပါတယ္။ ဒီ Concept ဖုန္းကို Mobile World Congress မွာ ျပသဖို႔ စီစဥ္ခဲ့ေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေႏွာင့္ေႏွးခဲ့ရၿပီး အခုအခ်ိန္မွ ျပသႏိုင္ခဲ့တာလို႔လည္း သိရပါတယ္။

Apex 2019 concept phone ရဲ႕ ကိုယ္ထည္ကို Glass နဲ႔ တစ္ေျပးညီဖြဲ႕စည္းတည္ေဆာက္ထားၿပီး ေက်ာဘက္မွာ ကင္မရာႏွစ္လုံးနဲ႔ Flash ရွိေနတာကို ေတြ႕ရပါတယ္။ အသံအတိုးအခ်ဲ႕ခလုတ္၊ အဖြင့္အပိတ္ခလုတ္ေတြကိုလည္း ကိုယ္ထည္ရဲ႕ေဘးေဘာင္မွာ တပ္ဆင္ထားတာ မေတြ႕ရပါဘူး။

အသံအတိုးအခ်ဲ႕ခလုတ္နဲ႔ အဖြင့္အပိတ္ခလုတ္ေတြ ထားရွိရမယ့္ေနရာမွာ Pressure sensors ေတြ တပ္ဆင္ေပးထားပါတယ္။ ဒါေၾကာင့္ အဆိုပါေနရာေတြကို ဖိႏွိပ္လိုက္ရင္ေတာ့ အသံအတိုးအခ်ဲ႕နဲ႔ အဖြင့္အပိတ္ ခလုတ္ေတြအျဖစ္ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

Apex 2019 concept phone မွာ Port ေတြ မပါဝင္တဲ့အတြက္ေၾကာင့္ ဘက္ထရီအားသြင္းဖို႔၊ ေဒတာေတြ အကူးအေျပာင္းလုပ္ဖို႔ကို ႀကိဳးမဲ့စနစ္ေတြနဲ႔ပဲ အလုပ္လုပ္သြားမယ္လို႔ ယူဆရပါတယ္။ ဒါ့အျပင္ အသံထုတ္လႊတ္မႈအတြက္လည္း မ်က္ႏွာျပင္တုန္ခါမႈကေနတစ္ဆင့္ အသုံးျပဳသြားႏိုင္မွာ ျဖစ္ပါတယ္။

Fingerprint အတြက္လည္း စမတ္ဖုန္းမ်က္ႏွာျပင္ရဲ႕ ေနရာအေတာ္မ်ားမ်ားမွာ ဖိကပ္အသုံးျပဳႏိုင္တယ္လို႔ The Verge က ေဖာ္ျပထားပါတယ္။ လက္ရွိအခ်ိန္အထိကေတာ့ Apex 2019 ဟာ concept phone အေနနဲ႔ပဲ ရွိေသးတာေၾကာင့္ အမ်ားျပည္သူ အသုံးျပဳႏိုင္ဖို႔ အလုံးလိုက္အရင္းလိုက္ ထုတ္လုပ္ဦးမွာ မဟုတ္ေသးဘူးလို႔လည္း သိရပါတယ္။

Ref: The Verge

[Unicode]

Port နဲ့ Physical Button တွေ မပါတော့တဲ့ Vivo ရဲ့ Apex 2019 Concept Phone

ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ Event မှာ Vivo က သူတို့ရဲ့ Apex 2019 concept phone ကို ပြသသွားခဲ့ပါတယ်။ အနာဂတ်မှာ ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေတဲ့ ဒီစမတ်ဖုန်းမှာ Port တွေလုံးဝမပါသလို Physical Button ကိုလည်း မတွေ့ရပါဘူး။

Apex 2019 concept phone ဟာ 5G ချိတ်ဆက်အသုံးပြုနိုင်ပြီး Fingerprint လည်း ပါဝင်ပေမယ့် အားလုံးဟာ မျက်နှာပြင်ပေါ်မှာပဲ အလုပ်လုပ်တာကို ပြသသွားခဲ့တာ ဖြစ်ပါတယ်။ ဒီ Concept ဖုန်းကို Mobile World Congress မှာ ပြသဖို့ စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ရပြီး အခုအချိန်မှ ပြသနိုင်ခဲ့တာလို့လည်း သိရပါတယ်။

Apex 2019 concept phone ရဲ့ ကိုယ်ထည်ကို Glass နဲ့ တစ်ပြေးညီဖွဲ့စည်းတည်ဆောက်ထားပြီး ကျောဘက်မှာ ကင်မရာနှစ်လုံးနဲ့ Flash ရှိနေတာကို တွေ့ရပါတယ်။ အသံအတိုးအချဲ့ခလုတ်၊ အဖွင့်အပိတ်ခလုတ်တွေကိုလည်း ကိုယ်ထည်ရဲ့ဘေးဘောင်မှာ တပ်ဆင်ထားတာ မတွေ့ရပါဘူး။

အသံအတိုးအချဲ့ခလုတ်နဲ့ အဖွင့်အပိတ်ခလုတ်တွေ ထားရှိရမယ့်နေရာမှာ Pressure sensors တွေ တပ်ဆင်ပေးထားပါတယ်။ ဒါကြောင့် အဆိုပါနေရာတွေကို ဖိနှိပ်လိုက်ရင်တော့ အသံအတိုးအချဲ့နဲ့ အဖွင့်အပိတ် ခလုတ်တွေအဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Apex 2019 concept phone မှာ Port တွေ မပါဝင်တဲ့အတွက်ကြောင့် ဘက်ထရီအားသွင်းဖို့၊ ဒေတာတွေ အကူးအပြောင်းလုပ်ဖို့ကို ကြိုးမဲ့စနစ်တွေနဲ့ပဲ အလုပ်လုပ်သွားမယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် အသံထုတ်လွှတ်မှုအတွက်လည်း မျက်နှာပြင်တုန်ခါမှုကနေတစ်ဆင့် အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်။

Fingerprint အတွက်လည်း စမတ်ဖုန်းမျက်နှာပြင်ရဲ့ နေရာအတော်များများမှာ ဖိကပ်အသုံးပြုနိုင်တယ်လို့ The Verge က ဖော်ပြထားပါတယ်။ လက်ရှိအချိန်အထိကတော့ Apex 2019 ဟာ concept phone အနေနဲ့ပဲ ရှိသေးတာကြောင့် အများပြည်သူ အသုံးပြုနိုင်ဖို့ အလုံးလိုက်အရင်းလိုက် ထုတ်လုပ်ဦးမှာ မဟုတ်သေးဘူးလို့လည်း သိရပါတယ်။

Ref: The Verge