[Zawgyi]

Samsung အေနနဲ႔ Budget စမတ္ဖုန္း အမ်ိဴးအစားျဖစ္တဲ့ Galaxy A20 ကို ႐ုရွားႏိုင္ငံမွာ တရားဝင္ မိတ္ဆက္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ Galaxy A20 ဟာ Budget စမတ္ဖုန္း အမ်ိဴးအစားျဖစ္ေပမယ့္ Resolution 720 x 1560 pixels ရွိတဲ့ 6.4” Super AMOLED Display ကို အသုံးျပဳထားတာ ျဖစ္ပါတယ္။ Processor အပိုင္းအတြက္ Exynos 7884 SoC ကို အသုံးျပဳထားတာျဖစ္ၿပီး RAM အေနနဲ႔ 3GB ပါဝင္မွာပါ။ Memory Storage ကိုေတာ့ 32GB ထည့္သြင္းေပးထားၿပီး MicroSD 512GB အထိ ထပ္စိုက္ႏိုင္မယ္လို႔ သိရပါတယ္။

ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ Aperture f/1.9 အက်ယ္ရွိ 13MP Wide Sensor နဲ႔ Aperture f/2.2 အက်ယ္ရွိ 5MP Depth Sensor ေတြကို တြဲဖက္တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္ Infinity-V Notch ထဲမွာေတာ့ Aperture f/2.0 အက်ယ္ရွိ 8MP Camera ကို တပ္ဆင္ထားပါတယ္။ Security အပိုင္းအတြက္ Fingerprint Sensor ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ထားၿပီး Face Unlock စနစ္ကိုလည္း အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

ဘက္ထရီ သိုေလွာင္မႈ ပမာဏ 4000mAh ထည့္သြင္းေပးထားၿပီး Micro USB ကေနတစ္ဆင့္ အားသြင္းႏိုင္မွာ ျဖစ္ပါတယ္။ အျမန္အားသြင္းစနစ္ေတာ့ ပါဝင္မွာ မဟုတ္ပါဘူး။ Galaxy A20 ကို ႐ုရွားႏိုင္ငံမွာ ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကေတာ့ ႐ုရွားေငြ ၁၃,၉၉၀ ႐ူဘယ္ (ျမန္မာေငြ ၃၃၄,၀၀၀ က်ပ္ ဝန္းက်င္) ျဖစ္ပါတယ္။ ႐ုရွားႏိုင္ငံေစ်းႏႈန္းက တျခားႏိုင္ငံေတြထက္ မ်ားေလ့ရွိတာေၾကာင့္ တျခားႏိုင္ငံေတြမွာ မိတ္ဆက္တဲ့အခါက်ရင္ ယခုထက္နည္းတဲ့ ေစ်းႏႈန္းနဲ႔ ပြဲထြက္လာႏိုင္ပါတယ္။

Ref : GsmArena, PhoneArena

[Unicode]

Samsung Galaxy A20 ကို တရားဝင် မိတ်ဆက်သွားပြီ

Samsung အနေနဲ့ Budget စမတ်ဖုန်း အမျိူးအစားဖြစ်တဲ့ Galaxy A20 ကို ရုရှားနိုင်ငံမှာ တရားဝင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Galaxy A20 ဟာ Budget စမတ်ဖုန်း အမျိူးအစားဖြစ်ပေမယ့် Resolution 720 x 1560 pixels ရှိတဲ့ 6.4” Super AMOLED Display ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Processor အပိုင်းအတွက် Exynos 7884 SoC ကို အသုံးပြုထားတာဖြစ်ပြီး RAM အနေနဲ့ 3GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 32GB ထည့်သွင်းပေးထားပြီး MicroSD 512GB အထိ ထပ်စိုက်နိုင်မယ်လို့ သိရပါတယ်။

နောက်ကျောဘက် ကင်မရာအပိုင်းအတွက် Aperture f/1.9 အကျယ်ရှိ 13MP Wide Sensor နဲ့ Aperture f/2.2 အကျယ်ရှိ 5MP Depth Sensor တွေကို တွဲဖက်တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင် Infinity-V Notch ထဲမှာတော့ Aperture f/2.0 အကျယ်ရှိ 8MP Camera ကို တပ်ဆင်ထားပါတယ်။ Security အပိုင်းအတွက် Fingerprint Sensor ကို နောက်ကျောဘက်မှာ တပ်ဆင်ထားပြီး Face Unlock စနစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဘက်ထရီ သိုလှောင်မှု ပမာဏ 4000mAh ထည့်သွင်းပေးထားပြီး Micro USB ကနေတစ်ဆင့် အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ အမြန်အားသွင်းစနစ်တော့ ပါဝင်မှာ မဟုတ်ပါဘူး။ Galaxy A20 ကို ရုရှားနိုင်ငံမှာ ရောင်းချသွားမယ့် စျေးနှုန်းကတော့ ရုရှားငွေ ၁၃,၉၉၀ ရူဘယ် (မြန်မာငွေ ၃၃၄,၀၀၀ ကျပ် ဝန်းကျင်) ဖြစ်ပါတယ်။ ရုရှားနိုင်ငံစျေးနှုန်းက တခြားနိုင်ငံတွေထက် များလေ့ရှိတာကြောင့် တခြားနိုင်ငံတွေမှာ မိတ်ဆက်တဲ့အခါကျရင် ယခုထက်နည်းတဲ့ စျေးနှုန်းနဲ့ ပွဲထွက်လာနိုင်ပါတယ်။

Ref : GsmArena, PhoneArena