[Zawgyi]

Google Pixel ႀကိဳက္သူေတြက လာမယ့္ Pixel 4 အေၾကာင္း သတင္းေကာင္းေတြကို ေမွ်ာ္ေနတုန္းမွာ Google က Mid-range Pixel ေတြကို မိတ္ဆက္သြားဖို႔ ျပင္ဆင္ေနပါတယ္။ Google Mid-Range Pixel ေတြကို Pixel 3A နဲ႔ Pixel 3A XL ေတြဆိုၿပီး နာမည္ေပးထားတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ “Lite” ဆိုၿပီးေတာ့ ထြက္ေပၚလာေတာ့မွာမဟုတ္ပါဘူး။

Pixel 3A နဲ႔ Pixel 3A XL ႏွစ္ခုၾကားမွာ အ႐ြယ္အစားမတူညီတာကလြဲရင္ အျခားအခ်က္အလက္ေတြကို အခုထိ မသိရေသးပါဘူး။ Pixel 3A ဟာ 5.6-inch OLED မ်က္ႏွာျပင္နဲ႔ျဖစ္တယ္လို႔ သိရပါတယ္။ (LCD မဟုတ္ပါဘူး) မ်က္ႏွာျပင္အခ်ိဳးက 18.5:9 ျဖစ္ၿပီး 1,080 x 2,220px Resolution ျဖစ္တယ္လို႔ ဆိုပါတယ္။

Pixel 3A ဟာ 12MP ေက်ာဘက္ကင္မရာ တစ္လုံးတပ္ဆင္ထားမွာျဖစ္ၿပီး ထြက္ေပၚလာတဲ့သတင္းအရ ႐ိုက္ကူးရယူႏိုင္မယ့္ ပုံရိပ္အရည္အေသြးဟာ Pixel 3 နဲ႔ အတူတူပဲျဖစ္မယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ဓါတ္ပုံ႐ိုက္ကူးခ်ိန္မွာေတာ့ Mid-Range Chipset ေၾကာင့္ ေႏွးေကြးဖြယ္ရွိပါလိမ့္မယ္။ အေရွ႕ဘက္မွာေတာ့ 8MP Wide-Angle Selfie ကင္မရာကို တပ္ဆင္ေပးထားမယ္လို႔ သိရပါတယ္။

Chipset ဟာ Snapdragon 670 ျဖစ္ၿပီး 4GB of RAM နဲ႔ 64GB storage ရွိမယ္လို႔ သိရပါတယ္။ ဖုန္းႏွစ္မ်ိဳးစလုံးဟာ eSIM သုံးႏိုင္မွာ ျဖစ္ပါတယ္။ Pixel 3A XL ကေတာ့ Snpadragon 670 အစား Snpadragon 710 ကို အသုံးျပဳထားဖြယ္ ရွိတယ္လို႔ သတင္းထြက္ေပၚထားပါတယ္။ အတည္ျပဳခ်က္ေတာ့ မရေသးပါဘူး။

USB-C အမ်ိဳးအစားနဲ႔ 18W Fast-Charging စနစ္ပါဝင္ၿပီး 3,000mAh ဘက္ထရီ တပ္ဆင္ေပးထားမယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္ Wireless Charging စနစ္ကေတာ့ ေထာက္ပံ့ေပးမွာ မဟုတ္ပါဘူး။ Pixel 3A နဲ႔ Pixel 3A XL ေတြကို ဒီႏွစ္ထဲမွာပဲ မိတ္ဆက္ေပးသြားမယ္လို႔လည္း သိရပါတယ္။ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ေစာင့္ၾကည့္ေနၿပီး ထပ္မံေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Mid-range အမျိုးအစားဖြစ်တဲ့ Pixel 3a နဲ့ Pixel 3a XL တွေကို ဒီနှစ်ထဲမှာ မိတ်ဆက်သွားမယ့် Google

Google Pixel ကြိုက်သူတွေက လာမယ့် Pixel 4 အကြောင်း သတင်းကောင်းတွေကို မျှော်နေတုန်းမှာ Google က Mid-range Pixel တွေကို မိတ်ဆက်သွားဖို့ ပြင်ဆင်နေပါတယ်။ Google mid-range Pixel တွေကို Pixel 3A နဲ့ Pixel 3A XL တွေဆိုပြီး နာမည်ပေးထားတယ်လို့ သိရပါတယ်။ ဒါကြောင့် “Lite” ဆိုပြီးတော့ ထွက်ပေါ်လာတော့မှာမဟုတ်ပါဘူး။

Pixel 3A နဲ့ Pixel 3A XL နှစ်ခုကြားမှာ အရွယ်အစားမတူညီတာကလွဲရင် အခြားအချက်အလက်တွေကို အခုထိ မသိရသေးပါဘူး။ Pixel 3A ဟာ 5.6-inch OLED မျက်နှာပြင်နဲ့ဖြစ်တယ်လို့ သိရပါတယ်။ (LCD မဟုတ်ပါဘူး) မျက်နှာပြင်အချိုးက 18.5:9 ဖြစ်ပြီး 1,080 x 2,220px resolution ဖြစ်တယ်လို့ ဆိုပါတယ်။

Pixel 3A ဟာ 12MP ကျောဘက်ကင်မရာ တစ်လုံးတပ်ဆင်ထားမှာဖြစ်ပြီး ထွက်ပေါ်လာတဲ့သတင်းအရ ရိုက်ကူးရယူနိုင်မယ့် ပုံရိပ်အရည်အသွေးဟာ Pixel 3 နဲ့ အတူတူပဲဖြစ်မယ်လို့ သိရပါတယ်။ ဒါပေမယ့် ဓါတ်ပုံရိုက်ကူးချိန်မှာတော့ Mid-range chipset ကြောင့် နှေးကွေးဖွယ်ရှိပါလိမ့်မယ်။ အရှေ့ဘက်မှာတော့ 8MP wide-angle Selfie ကင်မရာကို တပ်ဆင်ပေးထားမယ်လို့ သိရပါတယ်။

Chipset ဟာ Snapdragon 670 ဖြစ်ပြီး 4GB of RAM နဲ့ 64GB storage ရှိမယ်လို့ သိရပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ eSIM သုံးနိုင်မှာ ဖြစ်ပါတယ်။ Pixel 3A XL ကတော့ Snpadragon 670 အစား Snpadragon 710 ကို အသုံးပြုထားဖွယ် ရှိတယ်လို့ သတင်းထွက်ပေါ်ထားပါတယ်။ အတည်ပြုချက်တော့ မရသေးပါဘူး။

USB-C အမျိုးအစားနဲ့ 18W fast-charging စနစ်ပါဝင်ပြီး 3,000mAh ဘက်ထရီ တပ်ဆင်ပေးထားမယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် Wireless charging စနစ်ကတော့ ထောက်ပံ့ပေးမှာ မဟုတ်ပါဘူး။ Pixel 3A နဲ့ Pixel 3A XL တွေကို ဒီနှစ်ထဲမှာပဲ မိတ်ဆက်ပေးသွားမယ်လို့လည်း သိရပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ စောင့်ကြည့်နေပြီး ထပ်မံဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Ref: GSMArena