[Zawgyi]

Xiaomi မွ Mi 9 SE စမတ္ဖုန္းကို ၿပီးခဲ့တဲ့လမွာ မိတ္ဆက္ခဲ့ၿပီး ေလာေလာဆယ္ တရုတ္ျပည္တြင္းမွာသာ ရရွိႏုိင္ပါတယ္။ အခုေတာ့ ဒီဖုန္းကို Xiaomi Global ရဲ႕ စာမ်က္ႏွာေပၚ တင္လာခဲ့တဲ့အတြက္ Mi 9 SE ကို ရရွိႏုိင္မယ့္ ေစ်းကြက္ေတြ တုိးခ်ဲ႕လာေတာ့မယ့္ သေဘာပါပဲ။

ဒါေပမယ့္လည္း အရမ္းေတာ့ ေသခ်ာေပါက္တြက္ထားလုိ႔ မရေသးပါဘူး။ ဒီဝက္ဆုိက္ေပၚေရာက္လာၿပီးမွ ႏုိင္ငံတကာေစ်းကြက္ထဲ မေရာက္လာေသးတဲ့ ဖုန္းေတြလည္း ရွိခဲ့ဖူးလို႔ပါ။ ဘာပဲျဖစ္ျဖစ္ Mi 9 SE ဖုန္းကိုေတာ့ အရင္ကလည္း ႏုိင္ငံတကာေစ်းကြက္ကို လာမယ့္အရိပ္အေယာင္ျမင္ခဲ့ရဖူးေတာ့ ေမွ်ာ္လင့္ႏုိင္ပါတယ္။

Xiaomi ကုမၸဏီက ေလာေလာဆယ္ Mi 9 SE အေၾကာင္းကို တစ္ခြန္းမွမဟေသးေပမယ့္ သိပ္မၾကာခင္မွာ တစ္ခုခု အေၾကာင္းထူးလာမယ္လို႔ ယူဆရပါတယ္။

Mi 9 SE ဖုန္းဟာ Mi 9 စမတ္ဖုန္းရဲ႕ ေစ်းပုိသက္သာတဲ့ဗားရွင္းျဖစ္ၿပီး Snapdragon 712 ခ်စ္ပ္ဆက္ကို အသုံးျပဳလာတဲ့ ပထမဆုံးဖုန္းလည္း ျဖစ္ပါတယ္။ မန္မုိရီပုိင္းမွာေတာ့ 6GB RAM နဲ႔ 128GB Storage တုိ႔ ပုိင္ဆုိင္တယ္။ 5.97” လက္မအရြယ္ FullHD+ Display အသုံးျပဳထားၿပီး ေနာက္ဘက္ Triple-camera ေတြက 48MP + 13MP + 8MP ျဖစ္ကာ ေရွ႕ဘက္မွာ 20MP ဆယ္ဖီကင္မရာ ပါဝင္ပါတယ္။

Mi 9 SE ဖုန္းမွာ In-display Fingerprint ပါဝင္ၿပီး ဘကၳရီက 3,070 mAh ပမာဏကိုမွ 18W အားအျမန္သြင္းစနစ္နဲ႔ ျဖစ္ပါတယ္။ တရုတ္ျပည္တြင္းမွာေတာ့ ယူရုိ ၃၀၀ နဲ႔ညီမွ်တဲ့ေစ်းႏႈန္း (ျမန္မာေငြ ငါးသိန္းေက်ာ္ေက်ာ္) ျဖင့္ေရာင္းခ်ေနၿပီး Violet, Blue, Gray အေရာင္သုံးမ်ဳိး ထြက္ရွိထားပါတယ္။

Ref – GSM Arena

[Unicode]

Xiaomi မှ Mi 9 SE စမတ်ဖုန်းကို ပြီးခဲ့တဲ့လမှာ မိတ်ဆက်ခဲ့ပြီး လောလောဆယ် တရုတ်ပြည်တွင်းမှာသာ ရရှိနိုင်ပါတယ်။ အခုတော့ ဒီဖုန်းကို Xiaomi Global ရဲ့ စာမျက်နှာပေါ် တင်လာခဲ့တဲ့အတွက် Mi 9 SE ကို ရရှိနိုင်မယ့် ဈေးကွက်တွေ တိုးချဲ့လာတော့မယ့် သဘောပါပဲ။

ဒါပေမယ့်လည်း အရမ်းတော့ သေချာပေါက်တွက်ထားလို့ မရသေးပါဘူး။ ဒီဝက်ဆိုက်ပေါ်ရောက်လာပြီးမှ နိုင်ငံတကာဈေးကွက်ထဲ မရောက်လာသေးတဲ့ ဖုန်းတွေလည်း ရှိခဲ့ဖူးလို့ပါ။ ဘာပဲဖြစ်ဖြစ် Mi 9 SE ဖုန်းကိုတော့ အရင်ကလည်း နိုင်ငံတကာဈေးကွက်ကို လာမယ့်အရိပ်အယောင်မြင်ခဲ့ရဖူးတော့ မျှော်လင့်နိုင်ပါတယ်။

Xiaomi ကုမ္ပဏီက လောလောဆယ် Mi 9 SE အကြောင်းကို တစ်ခွန်းမှမဟသေးပေမယ့် သိပ်မကြာခင်မှာ တစ်ခုခု အကြောင်းထူးလာမယ်လို့ ယူဆရပါတယ်။

Mi 9 SE ဖုန်းဟာ Mi 9 စမတ်ဖုန်းရဲ့ ဈေးပိုသက်သာတဲ့ဗားရှင်းဖြစ်ပြီး Snapdragon 712 ချစ်ပ်ဆက်ကို အသုံးပြုလာတဲ့ ပထမဆုံးဖုန်းလည်း ဖြစ်ပါတယ်။ မန်မိုရီပိုင်းမှာတော့ 6GB RAM နဲ့ 128GB Storage တို့ ပိုင်ဆိုင်တယ်။ 5.97” လက်မအရွယ် FullHD+ Display အသုံးပြုထားပြီး နောက်ဘက် Triple-camera တွေက 48MP + 13MP + 8MP ဖြစ်ကာ ရှေ့ဘက်မှာ 20MP ဆယ်ဖီကင်မရာ ပါဝင်ပါတယ်။

Mi 9 SE ဖုန်းမှာ In-display Fingerprint ပါဝင်ပြီး ဘက္ထရီက 3,070 mAh ပမာဏကိုမှ 18W အားအမြန်သွင်းစနစ်နဲ့ ဖြစ်ပါတယ်။ တရုတ်ပြည်တွင်းမှာတော့ ယူရို ၃၀၀ နဲ့ညီမျှတဲ့ဈေးနှုန်း (မြန်မာငွေ ငါးသိန်းကျော်ကျော်) ဖြင့်ရောင်းချနေပြီး Violet, Blue, Gray အရောင်သုံးမျိုး ထွက်ရှိထားပါတယ်။

Ref – GSM Arena