[Zawgyi]

စမတ္ဖုန္း ကုမၸဏီမ်ားက ႏွစ္တိုင္း တူညီတဲ့ အခ်ိန္မ်ားမွာ ေမာ္ဒယ္ အသစ္မ်ားကို ေၾကညာေလ့ရွိၾကပါတယ္။ အခုလည္း Verizon ကေန   အထင္ကရ စမတ္ဖုန္း သံုးလံုးရဲ႕ ဒီႏွစ္မွာ ထြက္မယ့္ ေန႔ရက္မ်ား ေပါက္ၾကားထြက္ေပၚလာပါတယ္။

Samsung Galaxy Note 10 ဟာ ၾသဂုတ္လလယ္၊ iPhone 11 ဟာ စက္တင္ဘာလေႏွာင္းပိုင္းနဲ႔ Google Pixel 4 ဟာ ေအာက္တိုဘာလလယ္မွာ ထြက္လာမယ္လို႔ သိရပါတယ္။ ဒီႏွစ္မွာလည္း Apple က ယခင္ႏွစ္လိုပဲ iPhone Model သံုးခုကို ေၾကညာမယ္လို႔ သတင္းထြက္ေနပါတယ္။ အိုင္ဖုန္း အသစ္မ်ားရဲ႕ သတင္းအခ်က္အလက္မ်ားလည္း ေပါက္ၾကားထြက္ေပၚေနပါတယ္။

ၿပီးခဲ့တဲ့ ရက္ပုိင္းကလည္း Google Pixel 4 ရဲ႕ ဓါတ္ပံုမ်ားေပါက္ၾကားထြက္ေပၚလာပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ႏွစ္လံုး တပ္ဆင္ထားၿပီး ကင္မရာမ်ားကို ေလးေထာင့္ေဘာင္ထဲမွာ ထည့္ထားပါတယ္။ ယခင္ကေတာ့ သူ႔မွာ အေရွ႕ ကင္မရာ ၂ လံုးပါမယ္လို႔ သတင္းထြက္ခဲ့ပါေသးတယ္။ ဓါတ္ပံုမ်ားမွာ အေရွ႕ဘက္ကို မျပသထားပါဘူး။

သူ႔မွာ အရြယ္ႀကီးမားတဲ့ Notch ထည့္သြင္းထားတာက အေရွ႕ကင္မရာ ၂ လံုး ပါလာႏုိင္ပါတယ္။ သူ႔ကို အားသြင္းေပးမယ့္ Pixel Stand ကိုလည္း ထုတ္လုပ္ထားမယ္လို႔ သတင္းထြက္ေနပါတယ္။ Pixel Stand မွာ Google Assistant ပါလာႏုိင္ပါတယ္။ သေဘာက သင့္ဖုန္းကို Pixel Stand မွာ စိုက္ထားၿပီး Lock လုပ္ထားခ်ိန္မွာ Google Assistant ကို ေမးခြန္းမ်ား ေမးႏုိင္မွာပါ။

Ref : techradar

[Unicode]

iPhone 11 , Galaxy Note 10 နဲ့ Pixel 4 ထွက်မယ့် နေ့ရက်များ ပေါက်ကြား

စမတ်ဖုန်း ကုမ္ပဏီများက နှစ်တိုင်း တူညီတဲ့ အချိန်များမှာ မော်ဒယ် အသစ်များကို ကြေညာလေ့ရှိကြပါတယ်။ အခုလည်း Verizon ကနေ အထင်ကရ စမတ်ဖုန်း သုံးလုံးရဲ့ ဒီနှစ်မှာ ထွက်မယ့် နေ့ရက်များ ပေါက်ကြားထွက်ပေါ်လာပါတယ်။

Samsung Galaxy Note 10 ဟာ သြဂုတ်လလယ်၊ iPhone 11 ဟာ စက်တင်ဘာလနှောင်းပိုင်းနဲ့ Google Pixel 4 ဟာ အောက်တိုဘာလလယ်မှာ ထွက်လာမယ်လို့ သိရပါတယ်။ ဒီနှစ်မှာလည်း Apple က ယခင်နှစ်လိုပဲ iPhone Model သုံးခုကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အိုင်ဖုန်း အသစ်များရဲ့ သတင်းအချက်အလက်များလည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း Google Pixel 4 ရဲ့ ဓါတ်ပုံများပေါက်ကြားထွက်ပေါ်လာပါတယ်။ အနောက်ဘက်မှာ ကင်မရာ နှစ်လုံး တပ်ဆင်ထားပြီး ကင်မရာများကို လေးထောင့်ဘောင်ထဲမှာ ထည့်ထားပါတယ်။ ယခင်ကတော့ သူ့မှာ အရှေ့ ကင်မရာ ၂ လုံးပါမယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ ဓါတ်ပုံများမှာ အရှေ့ဘက်ကို မပြသထားပါဘူး။

သူ့မှာ အရွယ်ကြီးမားတဲ့ Notch ထည့်သွင်းထားတာက အရှေ့ကင်မရာ ၂ လုံး ပါလာနိုင်ပါတယ်။ သူ့ကို အားသွင်းပေးမယ့် Pixel Stand ကိုလည်း ထုတ်လုပ်ထားမယ်လို့ သတင်းထွက်နေပါတယ်။ Pixel Stand မှာ Google Assistant ပါလာနိုင်ပါတယ်။ သဘောက သင့်ဖုန်းကို Pixel Stand မှာ စိုက်ထားပြီး Lock လုပ်ထားချိန်မှာ Google Assistant ကို မေးခွန်းများ မေးနိုင်မှာပါ။

Ref : techradar