Zawgyi

ဇြန္လ ၂၆ ရက္ေန႔မွာ စတင္က်င္းပမယ့္ MWC Shanghai ပြဲမွာေတာ့ Oppo ကုမၸဏီဟာ သူတုိ႔ရဲ႕ ပထမဆုံး Under-Display Camera နည္းပညာကို ျပသသြားမယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။ သူတုိ႔ရဲ႕ Teaser ေတြမွာလည္း ဒီကင္မရာဟာ Screen ထဲကို ျမဳပ္ႏွံထားၿပီး အသုံးမလိုခ်ိန္မွာ ရွိတယ္လို႔ေတာင္ မျမင္ရတဲ့ ပုံစံကို ေတြ႕ရတာပါ။

ဒါေပမယ့္ အမ်ားေရွ႕ကိုျပသဖို႔ ၂၄ နာရီေတာင္ မလိုေတာ့တဲ့ အခ်ိန္က်မွ ကုမၸဏီရဲ႕ VP ျဖစ္တဲ့ Brian Shen က ဒီနည္းပညာသစ္ဟာ အခုခ်ိန္ထိ ထုတ္လုပ္ဆဲအဆင့္မွာသာ ရွိေသးတဲ့အတြက္ ေစ်းကြက္ထဲက ကင္မရာအသားေပးဖုန္းေတြေလာက္ေတာ့ ပုံရိပ္ကြာလတီမေကာင္းႏုိင္ေသးဘူးလို႔ သတိေပးစကား ဆုိလုိက္ပါတယ္။

သူ႕ရဲ႕ပုိစ့္ဟာ နည္းပညာအသစ္သုံးစြဲထားတဲ့ ဖုန္းရဲ႕ ဓါတ္ပုံအရည္အေသြးနဲ႔ပတ္သက္ၿပီး သုံးစြဲသူတစ္ေယာက္ရဲ႕ စုိးရိမ္မႈကို ျပန္လည္ေျဖၾကားေပးတဲ့အေနနဲ႔ ထြက္ေပၚလာခဲ့ပါတယ္။ ပထမဆုံးမ်ဳိးဆက္ နည္းပညာသစ္ဟာ ေရွ႕ဘက္က Screen ၾကည္လင္ျပတ္သားမေနရင္လည္း ထိခိုက္မႈရွိႏုိင္တာေၾကာင့္ ဒီနည္းပညာကို တကယ္ေရာ သုံးလို႔ရပါ့မလားဆုိတဲ့ ေမးခြန္းေတြ ထြက္ေပၚလာခဲ့တာပါ။

ဘာပဲေျပာေျပာ Under-Screen ကင္မရာနည္းပညာကို မိတ္ဆက္ျခင္းဟာ သူတုိ႔အတြက္ေတာ့ ဂုဏ္ယူစရာ မုိင္တုိင္တစ္ခု ျဖစ္လာမွာပါ။ ၂၀၁၃ ခုႏွစ္တုန္းက Oppo N1 မွာ Rotating Camera နည္းပညာကို စတင္သုံးစြဲခဲ့သလို Oppo F9 ကုိမိတ္ဆက္စဥ္ကလည္း Waterdrop Notch အသုံးျပဳတဲ့ ပထမဆုံးဟန္းဆက္ ျဖစ္ခဲ့ပါတယ္။ ဒါ့အျပင္ Oppo Find X နဲ႔ Oppo Reno တုိ႔မွာလည္း ေစ်းကြက္ထဲက ဖုန္းေတြမွာ အသုံးျပဳေနတဲ့ ကင္မရာနည္းပညာနဲ႔ ကြဲျပားတဲ့ လုပ္ေဆာင္မႈေတြ ပါဝင္ခဲ့ၾကတာ ေမ့လို႔မျဖစ္ပါဘူး။

Ref – GSM Arena

Unicode

ဇွန်လ ၂၆ ရက်နေ့မှာ စတင်ကျင်းပမယ့် MWC Shanghai ပွဲမှာတော့ Oppo ကုမ္ပဏီဟာ သူတို့ရဲ့ ပထမဆုံး Under-display Camera နည်းပညာကို ပြသသွားမယ်လို့ မျှော်လင့်နေကြပါတယ်။ သူတို့ရဲ့ Teaser တွေမှာလည်း ဒီကင်မရာဟာ Screen ထဲကို မြုပ်နှံထားပြီး အသုံးမလိုချိန်မှာ ရှိတယ်လို့တောင် မမြင်ရတဲ့ ပုံစံကို တွေ့ရတာပါ။

ဒါပေမယ့် အများရှေ့ကိုပြသဖို့ ၂၄ နာရီတောင် မလိုတော့တဲ့ အချိန်ကျမှ ကုမ္ပဏီရဲ့ VP ဖြစ်တဲ့ Brian Shen က ဒီနည်းပညာသစ်ဟာ အခုချိန်ထိ ထုတ်လုပ်ဆဲအဆင့်မှာသာ ရှိသေးတဲ့အတွက် ဈေးကွက်ထဲက ကင်မရာအသားပေးဖုန်းတွေလောက်တော့ ပုံရိပ်ကွာလတီမကောင်းနိုင်သေးဘူးလို့ သတိပေးစကား ဆိုလိုက်ပါတယ်။

သူ့ရဲ့ပိုစ့်ဟာ နည်းပညာအသစ်သုံးစွဲထားတဲ့ ဖုန်းရဲ့ ဓါတ်ပုံအရည်အသွေးနဲ့ပတ်သက်ပြီး သုံးစွဲသူတစ်ယောက်ရဲ့ စိုးရိမ်မှုကို ပြန်လည်ဖြေကြားပေးတဲ့အနေနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ ပထမဆုံးမျိုးဆက် နည်းပညာသစ်ဟာ ရှေ့ဘက်က Screen ကြည်လင်ပြတ်သားမနေရင်လည်း ထိခိုက်မှုရှိနိုင်တာကြောင့် ဒီနည်းပညာကို တကယ်ရော သုံးလို့ရပါ့မလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့တာပါ။

ဘာပဲပြောပြော Under-Screen ကင်မရာနည်းပညာကို မိတ်ဆက်ခြင်းဟာ သူတို့အတွက်တော့ ဂုဏ်ယူစရာ မိုင်တိုင်တစ်ခု ဖြစ်လာမှာပါ။ ၂၀၁၃ ခုနှစ်တုန်းက Oppo N1 မှာ Rotating Camera နည်းပညာကို စတင်သုံးစွဲခဲ့သလို Oppo F9 ကိုမိတ်ဆက်စဉ်ကလည်း Waterdrop Notch အသုံးပြုတဲ့ ပထမဆုံးဟန်းဆက် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် Oppo Find X နဲ့ Oppo Reno တို့မှာလည်း ဈေးကွက်ထဲက ဖုန်းတွေမှာ အသုံးပြုနေတဲ့ ကင်မရာနည်းပညာနဲ့ ကွဲပြားတဲ့ လုပ်ဆောင်မှုတွေ ပါဝင်ခဲ့ကြတာ မေ့လို့မဖြစ်ပါဘူး။

Ref – GSM Arena