[Zawgyi]





Ref: GSMArena

[Unicode]

Xiaomi ရဲ့ Mi A3 ပုံရိပ်နဲ့ အချက်အလက်အချို့ ထွက်ပေါ်လာပြီ

Xiaomi ရဲ့ ပထမဆုံး Android ဖုန်းဟာ Mi A1 ဖြစ်ခဲ့ပါတယ်။ မိတ်ဆက်တာကတော့ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကပါ။ Mi A1 ဟာ ဈေးနှုန်းအားဖြင့် $230 (မြန်မာငွေ ၃သိန်းခွဲဝန်းကျင်) လောက်သာ ဖြစ်ခဲ့ပေမယ့် ဝယ်ပျော်၊ သုံးပျော်တဲ့ စမတ်ဖုန်းတစ်လုံးအဖြစ် ကျော်ကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာမှာတော့ Xiaomi ဟာ Mi A1 နေရာမှာ အစားထိုးဖို့ Mi A2 ကို ဆက်ပြီး ထုတ်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း Xiaomi အနေနဲ့ Mi A3 ကို ဆက်ပြီးထုတ်ဦးမယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ကုမ္ပဏီရဲ့ ပြင်ဆင်မှုတွေဟာ အတော်လေးကို ခရီးရောက်နေလို့ Mi A3 ရဲ့ ပထမဆုံး ရုပ်ပုံတွေတောင် ပေါက်ကြား ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

Mi A3 ရဲ့ ရုပ်ပုံက WinFuture ကနေ ထွက်လာတာပါ။ လက်ရှိမြင်တွေ့ရသလောက်ကတော့ Mi A3 ဟာ Huawei ဖုန်းတွေရဲ့ ဒီဇိုင်းအယူအဆနဲ့ အနည်းငယ်ဆင်တူတယ်လို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာပြင်က Notch တည်ဆောက်ပုံနဲ့ ကျောဘက်မှာလည်း ကင်မရာသုံးလုံးတပ်ဆင်ထားတာကြောင့် ဒီလဆန်းပိုင်းကမှ မိတ်ဆက်သွားတဲ့ Mi CC9 နဲ့ပိုပြီးတူတယ်လို့လည်း ဆိုနိုင်ပါတယ်။

WinFuture ကတစ်ဆင့် Mi A3 ဟာ 6-inch 2240×1080 AMOLED မျက်နှာပြင် အသုံးပြုထားမယ်ဆိုတာကို သိရပါတယ်။ ကျောဘက်ကင်မရာသုံးလုံးမှာ အဓိကကင်မရာဟာ 48MP ဖြစ်ပြီး ဒုတိယကင်မရာကတော့ 8MP နဲ့ 2MP တို့ပဲ ဖြစ်ကြပါတယ်။ Snapdragon 665 processor ကို အသုံးပြုထားမှာဖြစ်ပြီး 64 ဒါမှမဟုတ် 128GB သိုလှောင်မှုပမာဏ ပါရှီမှာ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 4,000 mAh ဖြစ်မယ်လို့ ဆိုပါတယ်။

Ref: GSMArena