[Zawgyi]

Google ဟာ Google Go, Maps Go နဲ႔ YouTube Go စတာေတြကို ျဖန႔္ခ်ိၿပီးတဲ့ေနာက္ ေနာက္ဆုံးေပၚ Go App အျဖစ္ Gallery Go ကို ထပ္မံၿပီး ျဖန႔္ခ်ိလိုက္ၿပီ ျဖစ္ပါတယ္။ ကုမၸဏီဟာ Gallery Go ကို ပိုၿပီးေပါ့ပါးတဲ့ ပုံစံျဖစ္ေအာင္ ျပဳလုပ္ထားၿပီး Photo sync ရေအာင္ ႀကိဳးစားေနၿပီျဖစ္ပါတယ္။

Google အေနနဲ႔ Gallery Go ရဲ႕ အေျခခံလုပ္ငန္း စီမံခန႔္ခြဲမႈကိုလည္း ပိုၿပီးေပါ့ေပါ့ပါးပါး လုပ္ေဆာင္ႏိုင္ေအာင္ ျပဳလုပ္ထားသလို ေဒတာလည္းသိပ္ၿပီး အသုံးမျပဳတဲ့ဗားရွင္းအျဖစ္ ျပဳလုပ္ထားတာပါ။ Gallery Go ဟာ 10MB သာရွိတာေၾကာင့္ 37MB အ႐ြယ္အစားရွိတဲ့ Google Photos app နဲ႔ႏႈိင္းယွဥ္လိုက္ရင္ ေတာ္ေတာ္ေလး ေသးငယ္တယ္လို႔ ဆိုရမွာပါ။

Gallery Go ရဲ႕ Feature ေတြဟာ ယခင္ App ျဖစ္တဲ့ Google Photos app အတိုင္းပဲျဖစ္ပါတယ္။ Auto-organization, Photo finder စတာေတြလည္း ပါဝင္မွာျဖစ္သလို စမတ္ဖုန္းတိုင္းမွာလည္း အလြယ္တကူ အသုံးျပဳႏိုင္၊ ျပဳျပင္ႏိုင္မွာ ျဖစ္ပါတယ္။ User interface ကလည္း ရွင္းရွင္းလင္းလင္းျဖစ္ၿပီး Screenshot ေတြအတြက္ အမ်ိဳးအစားေတြ ခြဲထားႏိုင္မွာ ျဖစ္ပါတယ္။

စာ႐ြက္စာတမ္းေတြနဲ႔ ဗီဒီယိုေတြကိုလည္း အေၾကာင္းအရာလိုက္အေျခခံၿပီး အုပ္စုေတြဖြဲ႕ထားလို႔ရမွာ ျဖစ္ပါတယ္။ Google Photos လိုမ်ိဳးပဲ ႐ုပ္ပုံေတြကို ေန႔ရက္အစဥ္လိုက္ျပသမွာလည္း ျဖစ္ပါတယ္။ ဒါ့ျပင္ Offline လည္း အလုပ္လုပ္ႏိုင္မယ္လို႔ သိရပါတယ္။ Gallery Go ကို Play Store မွာ ရယူႏိုင္ၿပီျဖစ္ၿပီး Android 8.1 Oreo နဲ႔အထက္ေတြမွာ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

ပေါ့ပါးပြီး ဆန်းသစ်တဲ့ Gallery Go ကို ဖြန့်ချိလိုက်တဲ့ Google

Google ဟာ Google Go, Maps Go နဲ့ YouTube Go စတာတွေကို ဖြန့်ချိပြီးတဲ့နောက် နောက်ဆုံးပေါ် Go App အဖြစ် Gallery Go ကို ထပ်မံပြီး ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ Gallery Go ကို ပိုပြီးပေါ့ပါးတဲ့ ပုံစံဖြစ်အောင် ပြုလုပ်ထားပြီး Photo sync ရအောင် ကြိုးစားနေပြီဖြစ်ပါတယ်။

Google အနေနဲ့ Gallery Go ရဲ့ အခြေခံလုပ်ငန်း စီမံခန့်ခွဲမှုကိုလည်း ပိုပြီးပေါ့ပေါ့ပါးပါး လုပ်ဆောင်နိုင်အောင် ပြုလုပ်ထားသလို ဒေတာလည်းသိပ်ပြီး အသုံးမပြုတဲ့ဗားရှင်းအဖြစ် ပြုလုပ်ထားတာပါ။ Gallery Go ဟာ 10MB သာရှိတာကြောင့် 130MB အရွယ်အစားရှိတဲ့ Google Photos app နဲ့နှိုင်းယှဉ်လိုက်ရင် အစွန်းထွက်အရွယ်အစားထက်တောင် သေးငယ်တယ်လို့ ဆိုရမှာပါ။

Gallery Go ရဲ့ Feature တွေဟာ ယခင် App ဖြစ်တဲ့ Google Photos app အတိုင်းပဲဖြစ်ပါတယ်။ Auto-organization, Photo finder စတာတွေလည်း ပါဝင်မှာဖြစ်သလို စမတ်ဖုန်းတိုင်းမှာလည်း အလွယ်တကူ အသုံးပြုနိုင်၊ ပြုပြင်နိုင်မှာ ဖြစ်ပါတယ်။ User interface ကလည်း ရှင်းရှင်းလင်းလင်းဖြစ်ပြီး Screenshot တွေအတွက် အမျိုးအစားတွေ ခွဲထားနိုင်မှာ ဖြစ်ပါတယ်။

စာရွက်စာတမ်းတွေနဲ့ ဗီဒီယိုတွေကိုလည်း အကြောင်းအရာလိုက်အခြေခံပြီး အုပ်စုတွေဖွဲ့ထားလို့ရမှာ ဖြစ်ပါတယ်။ Google Photos လိုမျိုးပဲ ရုပ်ပုံတွေကို နေ့ရက်အစဉ်လိုက်ပြသမှာလည်း ဖြစ်ပါတယ်။ ဒါ့ပြင် Offline လည်း အလုပ်လုပ်နိုင်မယ်လို့ သိရပါတယ်။ Gallery Go ကို Play Store မှာ ရယူနိုင်ပြီဖြစ်ပြီး Android 8.1 Oreo နဲ့အထက်တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ref: GSM Arena