Zawgyi

Samsung ကုမၸဏီဟာ ၿပီးခဲ့တဲ့လတုန္းကမွ အၾကမ္းခံ (Rugged) စမတ္ဖုန္းတစ္လုံးျဖစ္တဲ့ Galaxy XCover 4s ကုိ မိတ္ဆက္ထားတာပါ။ ဒါေပမယ့္ ေတာင္ကိုရီးယားအေျခစိုက္ နည္းပညာကုမၸဏီႀကီးဟာ အခုႏွစ္အတြက္ Rugged ဖုန္းတစ္လုံးကို ထပ္မံမိတ္ဆက္လိုေနပုံရၿပီး တရားဝင္ Render ပုံရိပ္လို႔ ယူဆရတဲ့ Samsung Galaxy Active စမတ္ဖုန္းရဲ႕ ဓါတ္ပုံတစ္ပုံ ထြက္ေပၚလာပါတယ္။

Galaxy Active ဖုန္းအသစ္ဟာ အခုႏွစ္ MWC ပြဲမွာ ျမင္ေတြ႕ခဲ့ရတဲ့ ဖုန္းတစ္လုံးပဲျဖစ္ၿပီး ပုံမွန္ Galaxy S9 စမတ္ဖုန္းရဲ႕ Rugged အၾကမ္းခံဗားရွင္းလို႔ ယူဆရပါတယ္။ ဒီဖုန္းမွာ Galaxy S9 လိုပဲ Exynos 9810 ခ်စ္ပ္ဆက္၊ 4GB RAM မန္မုိရီေတြနဲ႔ ထြက္လာမယ္လို႔ ဆုိတယ္။

Galaxy S9 မွာပါတဲ့ ကင္မရာ Setup ကိုပဲ ျပန္ျမင္ရမွာျဖစ္ေပမယ့္ အမာခံေအာင္ ျပဳလုပ္ဖန္တီးထားတဲ့ ကိုယ္ထည္ေၾကာင့္ သူ႕ရဲ႕မ်က္ႏွာျပင္ကေတာ့ ပိုေသးငယ္တဲ့ 5.2” လက္မအရြယ္ Display သာ ပါဝင္မွာပါ။ ဘကၳရီကေတာ့ ပိုႀကီးမားတဲ့ 4,500 mAh တပ္ဆင္ထားပါတယ္။ Galaxy S9 နဲ႔မတူတာကေတာ့ Galaxy Active စမတ္ဖုန္းဟာ Display ေအာက္ေျခမွာ Physical Button ေတြထည့္သြင္းထားသလို ေနာက္ဘက္က Fingerprint ကိုလည္း ကင္မရာရဲ႕ဘယ္ဘက္ကို ေျပာင္းေရႊ႕ေနရာခ်ထားပါတယ္။

ဒီပုံဟာ Galaxy Active ရဲ႕ တရားဝင္ Render ပုံျဖစ္လာမယ္လို႔ ယူဆရေပမယ့္ Samsung ကေတာ့ လူသိရွင္ၾကားထုတ္ေဖာ္ေျပာၾကားမႈ မရွိေသးပါဘူး။ သုိ႔ေသာ္လည္း ဓါတ္ပုံထဲက ဖုန္းရဲ႕ ရက္စြဲမွာေတာ့ ေသာၾကာေန႔ ၾသဂုတ္လ ၉ ရက္ေန႔လို႔ ျပထားတဲ့အတြက္ လာမယ့္ ၾသဂုတ္လ ၉ ရက္ေန႔မွာ မိတ္ဆက္လာမယ္လို႔ ထင္ရပါတယ္။

Ref – GSM Arena

Unicode

Samsung ကုမ္ပဏီဟာ ပြီးခဲ့တဲ့လမှာတင် အကြမ်းခံ (Rugged) စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy XCover 4s ကို ထုတ်လုပ်ခဲ့သေးတာပါ။ ဒါပေမယ့် တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ အခုနှစ်အတွက် Rugged ဖုန်းတစ်ခုကို ထပ်မံမိတ်ဆက်လိုနေပုံရပြီး တရားဝင် Render ပုံရိပ်လို့ ယူဆရတဲ့ Samsung Galaxy Active စမတ်ဖုန်းရဲ့ ဓါတ်ပုံတစ်ခု ထွက်ပေါ်လာပါတယ်။

Galaxy Active ဖုန်းအသစ်ဟာ အခုနှစ် MWC ပွဲမှာ မြင်တွေ့ခဲ့ရတဲ့ ဖုန်းတစ်လုံးပဲဖြစ်ပြီး ပုံမှန် Galaxy S9 စမတ်ဖုန်းရဲ့ Rugged အကြမ်းခံဗားရှင်းလို့ ယူဆရပါတယ်။ ဒီဖုန်းမှာ S9 မှာလိုပဲ Exynos 9810 ချစ်ပ်ဆက်နဲ့ 4GB RAM မန်မိုရီတွေနဲ့ပဲ ထွက်လာမယ်လို့ ဆိုတယ်။

S9 မှာပါတဲ့ ကင်မရာ Setup ကိုပဲ ပြန်မြင်ရမှာဖြစ်ပေမယ့် အမာခံအောင် ပြုလုပ်ဖန်တီးထားတဲ့ ကိုယ်ထည်ကြောင့် သူ့ရဲ့မျက်နှာပြင်ကတော့ ပိုသေးငယ်တဲ့ 5.2” လက်မအရွယ် Display သာ ပါဝင်မှာပါ။ ဘက္ထရီကတော့ ပိုကြီးမားတဲ့ 4,500 mAh တပ်ဆင်ထားပါတယ်။

Galaxy S9 နဲ့မတူတာကတော့ Galaxy Active စမတ်ဖုန်းဟာ Display အောက်ခြေမှာ Physical Button တွေထည့်သွင်းထားသလို နောက်ဘက်က Fingerprint ကိုလည်း ကင်မရာရဲ့ဘယ်ဘက်ကို ပြောင်းရွှေ့နေရာချထားပါတယ်။

ဒီပုံဟာ Galaxy Active ရဲ့ တရားဝင် Render ပုံဖြစ်လာမယ်လို့ ယူဆရပေမယ့် Samsung ကတော့ လူသိရှင်ကြားထုတ်ဖော်ပြောကြားမှု မရှိသေးပါဘူး။ သို့သော်လည်း ဓါတ်ပုံထဲက ဖုန်းရဲ့ ရက်စွဲမှာတော့ သောကြာနေ့ သြဂုတ်လ ၉ ရက်နေ့လို့ ပြထားတဲ့အတွက် လာမယ့် သြဂုတ်လ ၉ ရက်နေ့မှာ မိတ်ဆက်လာမယ်လို့ ထင်ရပါတယ်။

Ref – GSM Arena