[Zawgyi]

Xiaomi ရဲ႕ စီအီးအို လီဂြ်န္က ၇၀ လက္မ Redmi TV ကို ၾသဂုတ္လ ၂၉ ရက္မွာ မိတ္ဆက္မယ္လို႔ Weibo မွာ ပို႔စ္တင္ခဲ့ပါတယ္။ အဲဒီပို႔စ္ရဲ႕ ကြန္းမန္႔မွာ Weibo User ၁ ေယာက္က Redmi Note 8 ကိုလည္း အဲဒီေန႔မွာပဲ မိတ္ဆက္မလားလို႔ ေမးထားတာကို လီဂြ်န္က Thumbs Up Emoji နဲ႔ စာျပန္လိုက္ပါတယ္။ အဲဒီအတြက္ တရုတ္မွာ Redmi Note 8 ကို ဒီလ ၂၉ ရက္မွာ ျမင္ရေတာ့မွာပါ။

ၿပီးခဲ့တဲ့ ရက္ပိုင္းက Redmi ရဲ႕ အေထြေထြ မန္ေနဂ်ာ Lu Weibing က Redmi Note 8 ရဲ႕ သတင္းအခ်ိဳ႕ကို Weibo မွာ မွ်ေ၀ထားပါတယ္။ သူက စမတ္ဖုန္း အသစ္ရဲ႕ ကင္မရာနဲ႔ ဘက္ထရီ သက္တမ္းဟာ ပိုလန္းလာၿပီး Screen-to-body Ratio ျမင့္မားတဲ့အတြက္ ကိုင္ရတာလည္း သက္ေတာင့္သက္သာရွိတယ္လို႔ ပို႔စ္မွာ ေရးသားထားပါတယ္။ Weibo က ပို႔စ္ကို Redmi Note 8 နဲ႔ တင္ထားတာေတြ႕ရပါတယ္။

Redmi ရဲ႕ 64MP Camera Phone ဟာ Redmi Note 8 ျဖစ္မယ္လို႔လည္း သတင္းထြက္ေနပါတယ္။ ဒါေပမယ့္ ကုမၸဏီက ဒီသတင္းကို မေျပာေသးပါဘူး။ Redmi က Samsung ရဲ႕ GM Sensor သံုးထားမယ့္ 64MP Camera Phone ၁ လံုးကို ဖန္တီးေနတယ္လို႔ ၿပီးခဲ့တဲ့ လက အတည္ျပဳခဲ့ပါတယ္။ Weibing က Redmi 64MP Camera Phone ကို အမ်ားအျပားထုတ္လုပ္ေနၿပီလို႔ ၿပီးခဲ့တဲ့ တစ္ပတ္က ေျပာခဲ့တဲ့အတြက္ ေရာင္းခ်ဖို႔ နီးေနပါၿပီ။

Redmi က 64MP Camera Phone မွာ အေနာက္ကင္မရာ ၄ လံုးပါမယ္လို႔ အတည္ျပဳထားပါတယ္။ Xiaomi India ကလည္း အိႏၵိယမွာ မၾကာခင္ ေရာင္းေတာ့မယ္ဆိုတာ ေျပာၿပီးပါၿပီ။ Redmi ရဲ႕ ၿပိဳင္ဖက္ Realme ကလည္း 64MP Camera Phone ၁ လံုးကို ေၾကညာဖို႔ရွိေနပါတယ္။

Ref : indiatoday

[Unicode]

Redmi Note 8 ကို သြဂုတ်လ ၂၉ ရက်မှာ ကြေညာနိုင်

Xiaomi ရဲ့ စီအီးအို လီဂျွန်က ၇၀ လက်မ Redmi TV ကို သြဂုတ်လ ၂၉ ရက်မှာ မိတ်ဆက်မယ်လို့ Weibo မှာ ပို့စ်တင်ခဲ့ပါတယ်။ အဲဒီပို့စ်ရဲ့ ကွန်းမန့်မှာ Weibo User ၁ ယောက်က Redmi Note 8 ကိုလည်း အဲဒီနေ့မှာပဲ မိတ်ဆက်မလားလို့ မေးထားတာကို လီဂျွန်က Thumbs Up Emoji နဲ့ စာပြန်လိုက်ပါတယ်။ အဲဒီအတွက် တရုတ်မှာ Redmi Note 8 ကို ဒီလ ၂၉ ရက်မှာ မြင်ရတော့မှာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက Redmi ရဲ့ အထွေထွေ မန်နေဂျာ Lu Weibing က Redmi Note 8 ရဲ့ သတင်းအချို့ကို Weibo မှာ မျှဝေထားပါတယ်။ သူက စမတ်ဖုန်း အသစ်ရဲ့ ကင်မရာနဲ့ ဘက်ထရီ သက်တမ်းဟာ ပိုလန်းလာပြီး Screen-to-body Ratio မြင့်မားတဲ့အတွက် ကိုင်ရတာလည်း သက်တောင့်သက်သာရှိတယ်လို့ ပို့စ်မှာ ရေးသားထားပါတယ်။ Weibo က ပို့စ်ကို Redmi Note 8 နဲ့ တင်ထားတာတွေ့ရပါတယ်။

Redmi ရဲ့ 64MP Camera Phone ဟာ Redmi Note 8 ဖြစ်မယ်လို့လည်း သတင်းထွက်နေပါတယ်။ ဒါပေမယ့် ကုမ္ပဏီက ဒီသတင်းကို မပြောသေးပါဘူး။ Redmi က Samsung ရဲ့ GM Sensor သုံးထားမယ့် 64MP Camera Phone ၁ လုံးကို ဖန်တီးနေတယ်လို့ ပြီးခဲ့တဲ့ လက အတည်ပြုခဲ့ပါတယ်။ Weibing က Redmi 64MP Camera Phone ကို အများအပြားထုတ်လုပ်နေပြီလို့ ပြီးခဲ့တဲ့ တစ်ပတ်က ပြောခဲ့တဲ့အတွက် ရောင်းချဖို့ နီးနေပါပြီ။

Redmi က 64MP Camera Phone မှာ အနောက်ကင်မရာ ၄ လုံးပါမယ်လို့ အတည်ပြုထားပါတယ်။ Xiaomi India ကလည်း အိန္ဒိယမှာ မကြာခင် ရောင်းတော့မယ်ဆိုတာ ပြောပြီးပါပြီ။ Redmi ရဲ့ ပြိုင်ဖက် Realme ကလည်း 64MP Camera Phone ၁ လုံးကို ကြေညာဖို့ရှိနေပါတယ်။

Ref : indiatoday