[Zawgyi]

Huawei ရဲ႕ Flagship ေတြျဖစ္တဲ့ P-series နဲ႔ Mate ေတြဟာ သူတို႔ရဲ႕ေရွ႕က ထြက္ခဲ့တာေတြထက္ သန္းနဲ႔ခ်ီပိုတင္ပို႔ခဲ့ရတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ အလားတူပဲ ကုမၸဏီရဲ႕ စမတ္နာရီေတြကလည္း အထင္ႀကီးဖြယ္ရာ ရလဒ္ေတြကို ယူေဆာင္ႏိုင္ခဲ့တာကို ေတြ႕ရပါတယ္။

Mate 30 အေၾကာင္း ရွင္းလင္းေျပာဆိုခ်ိန္အတြင္းမွာ CEO Richard Yu က Huawei Mate 20 flagship ေတြဟာ ၁၆ သန္းေက်ာ္ တင္ပို႔ေရာင္းခ်ခဲ့ရတယ္လို႔ ထည့္သြင္းေျပာဆိုသြားခဲ့ပါတယ္။ ဒါဟာ Mate 10 မ်ိဳးဆက္ထက္ ၁၀ သန္းေက်ာ္ ပိုၿပီး တင္ပို႔ေရာင္းခ်ခဲ့ရတာပဲ ျဖစ္ပါတယ္။

Huawei P30 ဖုန္းေတြဟာ ပိုၿပီးေကာင္းတဲ့ရလဒ္ကို ရရွိခဲ့ၾကပါတယ္။ ကုမၸဏီဟာ ႏွစ္ဝက္သာရွိတဲ့အခ်ိန္ကာလအတြင္းမွာ ၁၇ သန္းအထိ တင္ပို႔ေရာင္းခ်ခဲ့ၿပီး ျဖစ္ပါတယ္။ P20, P20 Pro တို႔ကေတာ့ ပထမ ၅ လအတြင္းမွာ ၁၀ သန္းေက်ာ္ တင္ပို႔ေရာင္းခ်ခဲ့ရပါတယ္။ ဒါေပမယ့္ P30 series ကေတာ့ အဲဒီပမာဏကို လိုက္မီဖို႔ အခ်ိန္ ၆၂ ရက္ပဲ ယူခဲ့ရတာ ျဖစ္ပါတယ္။

Huawei Watch GT ကလည္း မိတ္ဆက္ၿပီး ၁၀ လအတြင္းမွာ အလုံးေရ ၃ သန္းအထိ တင္ပို႔ခဲ့ရၿပီး ျဖစ္တယ္လို႔ သိရပါတယ္။ ဇြန္လမွာေတာ့ Watch GT series ဟာ အလုံးေရ ၂သန္း အထိ ေရာက္ရွိခဲ့ပါတယ္။ GT ဟာ Huawei ရဲ႕ ကိုယ္ပိုင္ Chipset နဲ႔ျဖစ္ၿပီး ကိုယ္ပိုင္ OS နဲ႔ ျဖစ္ပါတယ္။ ဒါေၾကာင့္ Watch GT2 ေတြဟာလည္း အေမရိကန္ရဲ႕ ပိတ္ပင္မႈနဲ႔ ၿငိစြန္းေတာ့ မွာမဟုတ္ပါဘူး။

Ref: GSM Arena

[Unicode]

P30 နဲ့ Mate 20 ဖုန်း အလုံးရေပေါင်း ၃၃ သန်းကျော် တင်ပို့ရောင်းချနိုင်ခဲ့တဲ့ Huawei

Huawei ရဲ့ Flagship တွေဖြစ်တဲ့ P-series နဲ့ Mate တွေဟာ သူတို့ရဲ့ရှေ့က ထွက်ခဲ့တာတွေထက် သန်းနဲ့ချီပိုတင်ပို့ခဲ့ရတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အလားတူပဲ ကုမ္ပဏီရဲ့ စမတ်နာရီတွေကလည်း အထင်ကြီးဖွယ်ရာ ရလဒ်တွေကို ယူဆောင်နိုင်ခဲ့တာကို တွေ့ရပါတယ်။

Mate 30 အကြောင်း ရှင်းလင်းပြောဆိုချိန်အတွင်းမှာ CEO Richard Yu က Huawei Mate 20 flagship တွေဟာ ၁၆ သန်းကျော် တင်ပို့ရောင်းချခဲ့ရတယ်လို့ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ ဒါဟာ Mate 10 မျိုးဆက်ထက် ၁၀ သန်းကျော် ပိုပြီး တင်ပို့ရောင်းချခဲ့ရတာပဲ ဖြစ်ပါတယ်။

Huawei P30 ဖုန်းတွေဟာ ပိုပြီးကောင်းတဲ့ရလဒ်ကို ရရှိခဲ့ကြပါတယ်။ ကုမ္ပဏီဟာ နှစ်ဝက်သာရှိတဲ့အချိန်ကာလအတွင်းမှာ ၁၇ သန်းအထိ တင်ပို့ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။ P20, P20 Pro တို့ကတော့ ပထမ ၅ လအတွင်းမှာ ၁၀ သန်းကျော် တင်ပို့ရောင်းချခဲ့ရပါတယ်။ ဒါပေမယ့် P30 series ကတော့ အဲဒီပမာဏကို လိုက်မီဖို့ အချိန် ၆၂ ရက်ပဲ ယူခဲ့ရတာ ဖြစ်ပါတယ်။

Huawei Watch GT ကလည်း မိတ်ဆက်ပြီး ၁၀ လအတွင်းမှာ အလုံးရေ ၃ သန်းအထိ တင်ပို့ခဲ့ရပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဇွန်လမှာတော့ Watch GT series ဟာ အလုံးရေ ၂သန်း အထိ ရောက်ရှိခဲ့ပါတယ်။ GT ဟာ Huawei ရဲ့ ကိုယ်ပိုင် Chipset နဲ့ဖြစ်ပြီး ကိုယ်ပိုင် OS နဲ့ ဖြစ်ပါတယ်။ ဒါကြောင့် Watch GT2 တွေဟာလည်း အမေရိကန်ရဲ့ ပိတ်ပင်မှုနဲ့ ငြိစွန်းတော့ မှာမဟုတ်ပါဘူး။

Ref: GSM Arena