[Zawgyi]

Huawei က သူ႔ ကိုယ္ပိုင္ Kirin 990 Chipset ပါတဲ့ Mate 30 Pro ကို ေၾကညာခဲ့ၿပီးပါၿပီ။ အခုေတာ့ အဲဒီဖုန္းရဲ႕ AnTuTu စြမ္းေဆာင္ရည္ရမွတ္ေတြ ထြက္ေပၚလာပါၿပီ။ Mate 30 Pro ရဲ႕ Kirin 990 ဟာ ၄၅၇,၃၅၇ မွတ္ရသြားၿပီး အဲဒီ Chipset ပါတဲ့ Device ေတြထဲမွာ အမွတ္အမ်ားဆံုး ျဖစ္ေပမယ့္ Snapdragon 855 Plus Chipset ပါတဲ့ ဖုန္းေတြထက္ အမွတ္ နည္းသြားပါတယ္။

စမ္းသပ္တဲ့ ဖုန္းဟာ Huawei LIO-AL00 ျဖစ္ၿပီး အဲဒါဟာ Mate 30 Pro ျဖစ္ပါတယ္။ အဲဒီ ဖုန္းမွာ 2400x1176p Display , Kirin 990 Chipset , Mali-G76 GPU , 8GB RAM , 128GB Storage နဲ႔ ေနာက္ဆံုးထုတ္ Android 10 Operating System ေတြ ထည့္သြင္းထားတာ ျဖစ္ပါတယ္။

AnTuTu ရဲ႕ စြမ္းေဆာင္ရည္ အျမင့္ဆံုး ဖုန္း စာရင္းမွာ Xiaomi Black Shark 2 Pro က ၄၆၉,၇၀၈ မွတ္နဲ႔ ဦးေဆာင္ေနပါတယ္။ ၄၆၉,၅၉၀ မွတ္နဲ႔ နံပါတ္ ၂ ေနရာ ရထားတာက Asus ROG Phone 2 ျဖစ္ပါတယ္။ အဲဒီ ဖုန္း ၂ လံုးမွာ Snapdragon 855 Plus ထည့္ထားတာပါ။ အရင္ကေတာ့ Snapdragon 855 ပါတဲ့  OnePlus 7 Pro က နံပါတ္ ၃ ေနရာကို သိမ္းပိုက္ထားေပမယ့္ အခုေတာ့ Mate 30 Pro က အဲဒီေနရာကို လုယူသြားပါၿပီ။

အေစာပိုင္း AI Benchmark Test မွာ Huawei HiSilicon Kirin 990 5G Chipset ဟာ Qualcomm Snapdragon 855 Plus Chipset ထက္ အမွတ္မ်ားေနၿပီး စြမ္းရည္ အျမင့္ဆံုး ျဖစ္ခဲ့ပါတယ္။ အဲဒီ Chipset ဟာ ၅၂,၄၀၃ မွတ္ရခဲ့ၿပီး Unisoc Tiger T710 နဲ႔ Qualcomm Snapdragon Chipset ေတြထက္ သာလြန္ခဲ့ပါတယ္။ Mate 30 Pro ရဲ႕ Chipset က Mate 30 Pro 5G ထက္ အနည္းငယ္ အားနည္းပါတယ္။

Ref : gizmochina

[Unicode]

AnTuTu မှာ Huawei Mate 30 Pro ရဲ့ Kirin 990 ဟာ Snapdragon 855 Plus ထက် အမှတ်နည်းနေ

Huawei က သူ့ ကိုယ်ပိုင် Kirin 990 Chipset ပါတဲ့ Mate 30 Pro ကို ကြေညာခဲ့ပြီးပါပြီ။ အခုတော့ အဲဒီဖုန်းရဲ့ AnTuTu စွမ်းဆောင်ရည်ရမှတ်တွေ ထွက်ပေါ်လာပါပြီ။ Mate 30 Pro ရဲ့ Kirin 990 ဟာ ၄၅၇,၃၅၇ မှတ်ရသွားပြီး အဲဒီ Chipset ပါတဲ့ Device တွေထဲမှာ အမှတ်အများဆုံး ဖြစ်ပေမယ့် Snapdragon 855 Plus Chipset ပါတဲ့ ဖုန်းတွေထက် အမှတ် နည်းသွားပါတယ်။

စမ်းသပ်တဲ့ ဖုန်းဟာ Huawei LIO-AL00 ဖြစ်ပြီး အဲဒါဟာ Mate 30 Pro ဖြစ်ပါတယ်။ အဲဒီ ဖုန်းမှာ 2400x1176p Display , Kirin 990 Chipset , Mali-G76 GPU , 8GB RAM , 128GB Storage နဲ့ နောက်ဆုံးထုတ် Android 10 Operating System တွေ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

AnTuTu ရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး ဖုန်း စာရင်းမှာ Xiaomi Black Shark 2 Pro က ၄၆၉,၇၀၈ မှတ်နဲ့ ဦးဆောင်နေပါတယ်။ ၄၆၉,၅၉၀ မှတ်နဲ့ နံပါတ် ၂ နေရာ ရထားတာက Asus ROG Phone 2 ဖြစ်ပါတယ်။ အဲဒီ ဖုန်း ၂ လုံးမှာ Snapdragon 855 Plus ထည့်ထားတာပါ။ အရင်ကတော့ Snapdragon 855 ပါတဲ့ OnePlus 7 Pro က နံပါတ် ၃ နေရာကို သိမ်းပိုက်ထားပေမယ့် အခုတော့ Mate 30 Pro က အဲဒီနေရာကို လုယူသွားပါပြီ။

အစောပိုင်း AI Benchmark Test မှာ Huawei HiSilicon Kirin 990 5G Chipset ဟာ Qualcomm Snapdragon 855 Plus Chipset ထက် အမှတ်များနေပြီး စွမ်းရည် အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ အဲဒီ Chipset ဟာ ၅၂,၄၀၃ မှတ်ရခဲ့ပြီး Unisoc Tiger T710 နဲ့ Qualcomm Snapdragon Chipset တွေထက် သာလွန်ခဲ့ပါတယ်။ Mate 30 Pro ရဲ့ Chipset က Mate 30 Pro 5G ထက် အနည်းငယ် အားနည်းပါတယ်။

Ref : gizmochina