Zawgyi

Google Pixel Series စမတ္ဖုန္းေတြဟာ စၿပီးထြက္ရွိတဲ့အခ်ိန္ကစၿပီးေတာ့ အခုအခ်ိန္အထိ Camera ပိုင္းမွာ အေကာင္းဆုံးအေနနဲ႔ သတ္မွတ္ခံထားရတဲ့ စမတ္ဖုန္းေတြလို႔ေတာင္ ေျပာလို႔ရပါတယ္။ လာမယ့္ ေအာက္တိုဘာလ ၁၅ ရက္ေန႔မွာဆိုရင္ Google ကေန Pixel 4 စမတ္ဖုန္းေတြကို တရားဝင္မိတ္ဆက္သြားမွာျဖစ္ၿပီးေတာ့ အခုအခ်ိန္မွာ Pixel 4 မွာ ပါဝင္လာမယ့္ အဓိက Camera Feature တစ္ခုကို စတင္ေတြ႕လာရၿပီျဖစ္ပါတယ္။

အခုသတင္းကို 9to5Google ကေန ေဖာ္ျပသြားခဲ့တာျဖစ္ၿပီးေတာ့ Google Pixel 4 စမတ္ဖုန္းမွာ ဓါတ္ပုံ႐ိုက္မယ္ဆိုရင္ Exposure ကို ပုံမွန္ဖုန္းေတြမွာလိုမ်ိဳး တစ္ခုထဲတင္မဟုတ္ဘဲ ၂ မ်ိဳး ခ်ိန္ညႇိႏိုင္မယ့္ Dual Exposure Feature ပါဝင္လာမွာျဖစ္ပါတယ္။ Google ရဲ႕ Promo Video အရ အခု Feature ဟာ ေန႔လည္ဘက္အခ်ိန္မ်ိဳးမွာ ကိုယ္႐ိုက္ကူးခ်င္တဲ့ Subject ေရာ၊ ေနာက္ခံ တိမ္လိုမ်ိဳး Background ေတြကိုပါ Highlight ေတြမေပ်ာက္သြားဘဲနဲ႔ ႐ိုက္ကူးႏိုင္မွာျဖစ္ပါတယ္။

ဒီ Feature ဟာ စမတ္ဖုန္းတစ္ခုအေနနဲ႔ ေတာ္ေတာ္ေလးကို အသုံးဝင္တဲ့ Feature တစ္ခုျဖစ္လာႏိုင္ၿပီး Google အေနနဲ႔ ယခင္ HDR+ Feature ကို သိသိသာသာ Improve ျပဳလုပ္လာတယ္လို႔ ေျပာလို႔ရပါတယ္။

9to5Google ကေန Pixel 4 နဲ႔ ႐ိုက္ကူးထားတဲ့ Sample ဓါတ္ပုံအခ်ိဳ႕ကိုပါ တင္ထားခဲ့ၿပီးေတာ့ Pixel 4 ရဲ႕ ပုံမွန္႐ိုက္ကူးတဲ့ ဓါတ္ပုံေတြအျပင္ Portrait ၊ Astrophotography Mode ေတြနဲ႔ ႐ိုက္ကူးထားတဲ့ ဓါတ္ပုံေတြပါ ပါဝင္ခဲ့တာျဖစ္ပါတယ္။ အခု ဓါတ္ပုံေတြအရေတာ့ Pixel 4 က ဒီႏွစ္လည္း အေကာင္းဆုံး စမတ္ဖုန္းကင္မရာေနရာကို ရယူဦးမယ့္ပုံစံပါပဲ။

Google Pixel 4 စမတ္ဖုန္းေတြဟာ Dual Camera ကို စတင္အသုံးျပဳလာမွာျဖစ္ၿပီးေတာ့ 12.2MP Primary Sensor နဲ႔ 16MP Telephoto Sensor ေတြပါဝင္မွာျဖစ္ပါတယ္။ Selfie Camera အေနနဲ႔ကေတာ့ 8MP Selfie Camera ပါဝင္လာမွာပါ။

ဘာပဲျဖစ္ျဖစ္ Google Pixel 4 အေၾကာင္း အေသးစိတ္ကိုေတာ့ လာမယ့္ ေအာက္တိုဘာလ ၁၅ ရက္ေန႔မွာ သိရေတာ့မွာပါ။

Ref – Phone Arena

Unicode

Google Pixel Series စမတ်ဖုန်းတွေဟာ စပြီးထွက်ရှိတဲ့အချိန်ကစပြီးတော့ အခုအချိန်အထိ Camera ပိုင်းမှာ အကောင်းဆုံးအနေနဲ့ သတ်မှတ်ခံထားရတဲ့ စမတ်ဖုန်းတွေလို့တောင် ပြောလို့ရပါတယ်။ လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာဆိုရင် Google ကနေ Pixel 4 စမတ်ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီးတော့ အခုအချိန်မှာ Pixel 4 မှာ ပါဝင်လာမယ့် အဓိက Camera Feature တစ်ခုကို စတင်တွေ့လာရပြီဖြစ်ပါတယ်။

အခုသတင်းကို 9to5Google ကနေ ဖော်ပြသွားခဲ့တာဖြစ်ပြီးတော့ Google Pixel 4 စမတ်ဖုန်းမှာ ဓါတ်ပုံရိုက်မယ်ဆိုရင် Exposure ကို ပုံမှန်ဖုန်းတွေမှာလိုမျိုး တစ်ခုထဲတင်မဟုတ်ဘဲ ၂ မျိုး ချိန်ညှိနိုင်မယ့် Dual Exposure Feature ပါဝင်လာမှာဖြစ်ပါတယ်။ Google ရဲ့ Promo Video အရ အခု Feature ဟာ နေ့လည်ဘက်အချိန်မျိုးမှာ ကိုယ်ရိုက်ကူးချင်တဲ့ Subject ရော၊ နောက်ခံ တိမ်လိုမျိုး Background တွေကိုပါ Highlight တွေမပျောက်သွားဘဲနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဒီ Feature ဟာ စမတ်ဖုန်းတစ်ခုအနေနဲ့ တော်တော်လေးကို အသုံးဝင်တဲ့ Feature တစ်ခုဖြစ်လာနိုင်ပြီး Google အနေနဲ့ ယခင် HDR+ Feature ကို သိသိသာသာ Improve ပြုလုပ်လာတယ်လို့ ပြောလို့ရပါတယ်။

9to5Google ကနေ Pixel 4 နဲ့ ရိုက်ကူးထားတဲ့ Sample ဓါတ်ပုံအချို့ကိုပါ တင်ထားခဲ့ပြီးတော့ Pixel 4 ရဲ့ ပုံမှန်ရိုက်ကူးတဲ့ ဓါတ်ပုံတွေအပြင် Portrait ၊ Astrophotography Mode တွေနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေပါ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အခု ဓါတ်ပုံတွေအရတော့ Pixel 4 က ဒီနှစ်လည်း အကောင်းဆုံး စမတ်ဖုန်းကင်မရာနေရာကို ရယူဦးမယ့်ပုံစံပါပဲ။

Google Pixel 4 စမတ်ဖုန်းတွေဟာ Dual Camera ကို စတင်အသုံးပြုလာမှာဖြစ်ပြီးတော့ 12.2MP Primary Sensor နဲ့ 16MP Telephoto Sensor တွေပါဝင်မှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 8MP Selfie Camera ပါဝင်လာမှာပါ။

ဘာပဲဖြစ်ဖြစ် Google Pixel 4 အကြောင်း အသေးစိတ်ကိုတော့ လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ သိရတော့မှာပါ။

Ref – Phone Arena